မော်စကို ၊ မတ် ၇ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံရှိ အချို့မြို့ကြီးများတွင် မတ် ၇ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၀၇၀ နာရီ) မှ စတင်ကာ လူသားချင်းစာနာထောက်ထားမှု စင်္ကြံများဖွင့်လှစ်နိုင်ရန် ရုရှားတပ်ဖွဲ့ဝင်များက အပစ်ရပ်ပေးထားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် စပွတ်တင်း(Sputnik) သတင်းဌာနက...
ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ) ယူကရိန်းဘက်က တိုက်ခိုက်မှုများ ရပ်တန့်ပြီး ရုရှား၏တောင်းဆိုချက်ကို ဖြည့်ဆည်းမှသာ အထူးစစ်ဆင်ရေးလှုပ်ရှားမှု ယာယီရပ်တန့်နိုင်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်အစိုးရက ယူကရိန်း လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်စီးပွားရေးအကူအညီများကို အားဖြည့်ဆောင်ရွက်နေကြောင်း အမေရိကန်...
အန်ကာရာ ၊ မော်စကို ၊ မတ် ၆ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသမ္မတ အာဒိုဂန် နှင့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်တို့သည် ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ မတ် ၆ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှု အခက်အခဲလျော့ပါးစေရန်အတွက် အထွေထွေအပစ်အခတ်ရပ်စဲရေးတစ်ခု ချက်ချင်းဖော်ဆောင်ရန် နှင့် အရေးပေါ် နိုင်ငံရေးညှိနှိုင်းအဖြေရှာမှုတစ်ခုကို...
ကိဗ် ၊ မတ် ၆ ရက် (ဆင်ဟွာ) ယူကရိန်း နှင့် ရုရှားတို့၏ နောက်တစ်ကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုကို မတ် ၇ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ယူကရိန်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ဝင် David Arakhamia က မတ် ၅ ရက်တွင် ပြောကြားခဲ့သည်။ “တတိယအကြိမ်...
မော်စကို ၊ မတ် ၆ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ၏ စစ်လက်နက်သိုလှောင်ရုံများ ၊ ခဲယမ်းမီးကျောက်များ ၊ လေကြောင်းပို့ဆောင်ရေး နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များအပါအဝင် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦများအား ချေမှုန်းဖျက်ဆီးသည့် ရုရှားနိုင်ငံကပြုလုပ်လျက်ရှိသော စစ်ဆင်ရေးလုပ်ငန်းစဉ်မှာ “ လုံးဝပြီးစီးလုနီးပါး” ဖြစ်ပြီဟု သမ္မတပူတင်က မတ် ၅ ရက်တွင်ပြောကြားလိုက်သည်။
မော်စကို၊ မတ် ၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ တပ်ဖွဲ့များက ယူကရိန်းနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု စင်္ကြံများမှတစ်ဆင့် အရပ်သားများအား ဘေးလွတ်ရာရွှေ့ပြောင်းရေး အဆင်ပြေချောမွေ့စေရန် မတ် ၅ ရက် မော်စကိုစံတော်ချိန် နံနက် ၁၀:၀၀ နာရီမှစတင်၍ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
ပေကျင်း၊ မတ် ၄ ရက်(ဆင်ဟွာ) ရုရှားနှင့်ယူကရိန်း၏ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုကို မတ် ၃ ရက်က ဘီလာရုဇ်နိုင်ငံ Belovezhskaya သစ်တောတွင် အဆုံးသတ်ခဲ့ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတည်ဆောက်ရန် နှစ်ဖက်အကြား နားလည်မှုရရှိပြီး တတိယအကြိမ်ဆွေးနွေးမှု အမြန်ဆုံးကျင်းပနိုင်ရန်အတွက် သဘောတူညီခဲ့ကြသည်။
ဝါရှင်တန်၊ မတ် ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအတွင်း မှားယွင်းတွက်ချက်မှုမဖြစ်စေရန် ရည်ရွယ်၍ စစ်ဘက်ဆိုင်ရာ အရေးပေါ်လိုင်းတစ်ခု ထူထောင်လိုက်ကြောင်း အမေရိကန် မီဒီယာက မတ် ၃ ရက်၌ သတင်းဖော်ပြထားသည်။
ပဲရစ်၊ မတ် ၄ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က ဧပြီလတွင်း ကျင်းပရန်လျာထားသော သမ္မတရွေးကောက်ပွဲ၌ ဒုတိယသက်တမ်းအတွက် ဝင်ရောက်အရွေးခံမည်ဟု မတ် ၃ ရက်၌ တရားဝင်ကြေညာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၄ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် “No-fly Zone” သတ်မှတ်ပေးရန် ယူကရိန်း သမ္မတ ဇယ်လန်းစကီးက မတ် ၁ ရက်တွင် ထပ်မံ တိုက်တွန်းခဲ့သည်။