မော်စကို၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ “ဒွန်းဘတ်စ်ပြည်သူ့သမ္မတနိုင်ငံ”နှင့် “လုဟန့်စ်ပြည်သူ့သမ္မတနိုင်ငံ”အား အသိအမှတ်ပြုသည့် အမိန့်ကြေညာချက်တစ်စောင်ကို ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပေါ် ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ရုရှား၏ဆုံးဖြတ်ချက်သည် ယူကရိန်း၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုက်နက်ပြည့်စုံမှုကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားပြီး...
ဘာလင်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် ပြုမူဆောင်ရွက်ပုံကိုဖော်ပြလျက် Nord Stream 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းစဉ်အား အသိအမှတ်ပြုခြင်းကို ဆိုင်းငံ့ကြောင်း ဂျာမနီနိုင်ငံ အဓိပတိ Olaf Scholz က ဖေဖော်ဝါရီ ၂၂ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)၏ အကြီးအကဲက ရုရှားနိုင်ငံအား ယူကရိန်းနိုင်ငံနှင့် ပဋိပက္ခအတွင်း သံခင်းတမန်ခင်းလမ်းကြောင်းအား ရွေးချယ်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂက ရုရှားအပေါ် ပိတ်ဆို့မှုများ ဆောင်ရွက်သွားမည်ဟု ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michelနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားနိုင်ငံက သီးခြားလွတ်လပ်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုလိုက်သည့် ယူကရိန်းရှိ ဒေသနှစ်ခုတွင် စီးပွားရေးလုပ်ကိုင်နေကြသော အမေရိကန်နိုင်ငံသားများအား တားမြစ်သည့် အမိန့်ဒီဂရီတစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးသွားမည်ဟု အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ Jen Psaki က ဖေဖော်ဝါရီ ၂၁...
မော်စကို ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က Lugansk ပြည်သူ့ သမ္မတ နိုင်ငံ (LPR) နှင့် Donetsk ပြည်သူ့ သမ္မတ နိုင်ငံ (DPR) နှစ်ခုကို သီးခြားလွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်း အမိန့်ဒီဂရီနှစ်ရပ်ကို ဖေဖော်ဝါရီ ၂၁...
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံ Donetsk ၊ Lugansk ၏ အခြေအနေအပေါ် ရုရှားနိုင်ငံ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ၎င်း၏ အပြင်းအထန် စိုးရိမ်ပူပန်မှုကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘီလာရုဇ်နိုင်ငံအတွင်း ဘီလာရုဇ်-ရုရှား စစ်တပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး မဟာမိတ်နှစ်နိုင်ငံ၏ လျင်မြန်စွာ တုန့်ပြန်စွမ်းကို စမ်းသပ်သွားမည် ဖြစ်ကြောင်း ဘီလာရုဇ် ကာကွယ်ရေးဝန်ကြီး Victor Khreninက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
လန်ဒန်၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်(၂) သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ဗြိတိန်တော်ဝင်မိသားစုက ဖေဖော်ဝါရီ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဂျေရုဆလမ် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံဝန်ကြီးချုပ်က အီရန်နိုင်ငံအနေဖြင့် မကြာမီကာလအတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့်အတူ နျူကလီးယားသဘောတူညီချက်အသစ်တစ်ခုကို လက်မှတ်ရေးထိုးဖွယ်ရှိနေကြောင်း ၊ သို့သော် ယင်းသဘောတူညီချက်အသစ်သည် ယခင်ရှိခဲ့သော သဘောတူညီချက်ထက် ပို၍ “ အားနည်းကြောင်း” ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။