ပေကျင်း၊ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ရုရှားနှင့် ဘီလာရုစ်နှစ်နိုင်ငံစစ်တပ်တို့၏ ” မဟာမိတ်တပ်ဖွဲ့များအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု ၂၀၂၂ ” ကို ဘီလာရုစ်နိုင်ငံရှိ စစ်ရေးလေ့ကျင့်မှုနယ်မြေအများအပြားတွင် ဖေဖော်ဝါရီ ၁၀ ရက်က စတင်ခဲ့ကြောင်း သိရသည်။ ယခုအကြိမ် စစ်ရေးလေ့ကျင့်ရန် ရုရှားနှင့် ဘီလာရုစ်နှစ်နိုင်ငံခေါင်းဆောင်တို့က ယခင်နှစ် နိုဝင်ဘာကတည်းက ဆုံးဖြတ်ခဲ့ကြောင်း၊...
လန်ဒန် ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံ၏ အိမ်ရှေ့စံမင်းသားကြီး ချားလ်စ်သည် COVID-19 ရောဂါ စစ်ဆေးရာတွင် positive ရလဒ်ထွက်ပေါ်ခဲ့ကြောင်း နှင့် ယခုအခါ တစ်ဦးထဲသီးခြားခွဲနေထိုင်လျက်ရှိကြောင်း မင်းသားချားလ်စ်နှင့်၎င်း၏ကြင်ယာတော်ကမ်မီလာတို့ တရားဝင်အသုံးပြုသော တွစ်တာလူမှုကွန်ရက်မှတဆင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် အိမ်တော်ထိန်းက ပြောကြားခဲ့သည်။ ယခုကူးစက်ခံရမှုသည် သက်တော်...
မော်စကို၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ရန် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် ဆွေးနွေပွဲများ ပြုလုပ်ခဲ့ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များကြား “ဆောင်းရာသီအိုလံပစ်ချိန်းဆိုမှု” နှင့် “နွေဦးပွဲတော်တွေ့ဆုံပွဲ” တို့သည် တရုတ်-ရုရှား ဆက်ဆံရေးပိုမိုနက်ရှိုင်းရန်...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) တာဝေးပစ် ပဲ့ထိန်းဒုံးကျည်သစ်တစ်မျိုးကို အီရန်နိုင်ငံက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ဖော်ပြသလိုက်သည်။ ဤမဟာဗျူဟာမြောက်လက်နက်ကို အီရန်နိုင်ငံက ကိုယ်တိုင်တီထွင် ထုတ်လုပ်ခြင်း ဖြစ်ပြီး ကီလိုမီတာ ၁,၄၅၀ အတွင်းရှိ ပစ်မှတ်ကို အတိအကျ ပစ်ခတ်နိုင်ကြောင်း အီရန်အစိုးရမီဒီယာများက ဖော်ပြထားသည်။
ဗီယင်နာ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် အီရန်နျူကလီးယားအရေးကို ဆက်လက်အဖြေရှာရန် အီရန်၏ အခြေခံ ရပ်တည်ချက်ကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ဗီယင်နာ၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Wang Qun က ဖေဖော်ဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ပြင်သစ်သမ္မတ မိုက်ခရွန်သည် ဖေဖော်ဝါရီ ၈ ရက်တွင် ယူကရိန်း မြို့တော် ကီးယက်သို့ ရောက်ရှိခဲ့ပြီး ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးခဲ့သလို ထိုမတိုင်မီ တစ်ရက်ကလည်း ရုရှားနိုင်ငံ မြို့တော် မော်စကိုသို့ သွားရောက်ပြီး ရုရှားသမ္မတ ဗလာဒီမီယာပူတင်နှင့် ယူကရိန်းအရေး...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ဘိုင်ဒန်သည် အိမ်ဖြူတော်သို့ လာရောက်လည်ပတ်သည့် ဂျာမနီဝန်ကြီးချုပ် Olaf Scholzနှင့် ဖေဖော်ဝါရီ ၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယူကရိန်းအရေးတွင် နှစ်နိုင်ငံ ညီညွတ်ရမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးက အလေးထားပြောကြားခဲ့သော်လည်း “Nord Stream 2” သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းစသည့်...
မော်စကို ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်နှင့် ရုရှားသို့အလည်အပတ်ရောက်ရှိနေသည့် ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်တို့သည် ယူကရိန်းအကျပ်အတည်း နှင့် ဥရောပလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဖေဖော်ဝါရီ ၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ကရင်မလင်နန်းတော်၌ နာရီနှင့်ချီကြာမြင့်ခဲ့သော ဆွေးနွေးပွဲအပြီး မက်ခရွန်နှင့်အတူ ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပူတင်က ဆွေးနွေးပွဲသည် လက်တွေ့ကျပြီးအသုံးဝင်မှုရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။...
ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ရှေ့မြောက်ပိုင်း၊ အနောက်အလယ်ပိုင်းနှင့်တောင်ပိုင်း ဒေသအများအပြားတွင် ပြီးခဲ့သည့်ရက်ပိုင်းက နှင်းမုန်တိုင်း တိုက်ခတ်မှုခဲ့ရာ ဖေဖော်ဝါရီ ၅ ရက်အထိ အိမ်ခြေ ၁ သိန်းကျော်သည် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုမှ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးကြောင်း သိရသည်။
ဝါဆော ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံအကြား တင်းမာမှုများမြင့်တက်နေချိန်တွင် ယခုသီတင်းပတ်အတွင်း ပိုလန် ၊ ရိုမေးနီးယား နှင့် ဂျာမနီနိုင်ငံများသို့ အမေရိကန်တပ်ဖွဲ့ဝင်များ ထပ်မံ၍ တပ်ဖြန့်ချထားရန် အမေရိကန် နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ အမိန့်အရ ဖေဖော်ဝါရီ ၆ ရက်တွင်...