မော်စကို ၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) ယူကရိန်း၏ မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့(နေတိုး)ထဲ ဝင်ရောက်ခွင့်တောင်းဆိုမှုသည် ရုရှားနှင့်နေတိုး(NATO)မဟာမိတ်များအကြား ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗ်ရော့(Sergei Lavrov) က ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ “ယူကရိန်းဟာ နေတိုးအဖွဲ့ထဲ ဝင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာရယ် ၊...
မော်စကို၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံအချို့မှ နောက်ထပ်တာဝန်ရှိသူများအား ရုရှားနိုင်ငံအပေါ် ဆန့်ကျင်သည့်အပြုအမူများကြောင့် နိုင်ငံအတွင်းဝင်ရောက်ခွင့်ကို တားမြစ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်၌ ကြေညာခဲ့သည်။ အဆိုပါ “ဥပဒေစိုးမိုးရေးအေဂျင်စီများ၊ ဥပဒေနှင့် အမှုဆောင်အာဏာပိုင် ကိုယ်စားလှယ်များ” သည် ရုရှားဘာသာစကားပြော ဒေသခံများနှင့်...
ကီးယက်ဗ်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Dnipro မြို့ရှိ စစ်တပ်စက်ရုံတွင် လူ ၅ ဦးသေဆုံးပြီး အခြားသူ ၅ ဦးဒဏ်ရာရရှိအောင် ပစ်ခတ်ခဲ့သော ယူကရိန်း အမျိုးသား လုံခြုံရေးဝန်ထမ်းတစ်ဦးအား ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီး Denys Monastyrsky...
ပါရီ ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ စာပို့လုပ်ငန်းကုမ္ပဏီသည် ဖေဖော်ဝါရီ ၁ ရက်တွင်စတင်ကျရောက်မည့် တရုတ်နှစ်သစ်ကူးပွဲတော်(ကျားနှစ်) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ကျား”ပုံပါ တံဆိပ်ခေါင်းနှစ်မျိုးကို ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ဝေဖြန့်ချိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) “ရုရှား-ဘီလာရုဇ် ပေါင်းစည်းထားသော ဒေသတွင်း လေကြောင်းကာကွယ်ရေးစနစ်”၏ အသင့်အနေထားကို စမ်းသပ်ရန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အား ထိန်းချုပ်သည့်တပ်ဖွဲ့နှစ်ဖွဲ့ကို ဘီလာရုဇ်နိုင်ငံသို့ စေလွှတ်ထားပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
လန်ဒန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ယူကေတွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်းဗိုင်းရပ်စ် မျိုးကွဲ ကူးစက်မှု ၄၂၆ ဦးရှိခဲ့ပြီး BA.2 ဟု အမည်ပေးထားသည့် အဆိုပါ အိုမီခရွန်ဗိုင်းရပ်စ် ပုံစံသစ်ကို ယူနိုင်တက်ကင်းမ်ဒမ်း (UK) ၌ အတည်ပြုခဲ့ကြောင်း ယူကေ ကျန်းမာရေးဆိုင်ရာ လုံခြုံရေးအေဂျင်စီ (UKHSA)...
ဂျီနီဗာ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့သည် ဇန်နဝါရီ ၂၁ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် တွေ့ဆုံခဲ့ပြီး အမေရိကန်နိုင်ငံမှ ဂရုပြုသည့် ယူကရိန်းအခြေအနေနှင့် ရုရှားနိုင်ငံမှ ဂရုပြုသည့် နေတိုးအရှေ့သို့ချဲ့ထွင်ခြင်းနှင့် ရုရှားလုံခြုံရေးအာမခံမှုအရေးများအပေါ် အမြင်သဘောထားချင်း...
ဂျေရုဆလမ် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် Arrow- 3 ပဲ့ထိန်းဒုံးကျည်ကြားဖြတ်ဟန့်တားရေးစနစ်ကို အောင်မြင်စွာ စမ်းသပ်လွှတ်တင်နိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၈ ရက်တွင် ကြေညာခဲ့သည်။
ဝါဆော၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံသည် COVID-19 ကပ်ရောဂါ ပဉ္စမလှိုင်းဖြင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ၊ ကူးစက်မှုများသည် မကြာမီ စံချိန်တင်အဆင့်သို့ရောက်ရှိနိုင်ကြောင်း ပိုလန်နိုင်ငံ ကျန်းမာရေးဝန်ကြီး Adam Niedzielski က ဇန်နဝါရီ ၁၇ ရက်တွင် သတိပေးပြောကြားခဲ့သည်။
တီရာနာ ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်မည့် အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲများကို တရုတ်နိုင်ငံက အကောင်းဆုံး လက်ခံကျင်းပသွားနိုင်မည်ဖြစ်ကြောင်း အယ်လ်ဘေးနီးယားနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဌ Fidel Ylli က ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။