ကန်ဘာရာ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံတွင် ကိုဗစ်-၁၉ (COVID-19) ရောဂါကူးစက်မှု တတိယလှိုင်းကို ဆက်လက်ရင်ဆိုင်နေရသဖြင့် နိုဝင်ဘာ ၈ ရက်တွင် အရွယ်ရောက်ပြီးသူများအတွက် ကိုရိုနာဗိုင်းရပ်စ် အားဖြည့်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အား စတင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဂျီနီဗာ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးပြန်လည်ရှင်သန်မှု တိုးတက်နှုန်းက မညီမျှဖြစ်နေရာ ကမ္ဘာ့စီးပွားရေးတစ်ခုလုံး ပြန်လည်နလန်ထူလာစေရန် ခြိမ်းခြောက်မှုဖြစ်စေကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကပ်ရောဂါ၏ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်များအပေါ် သက်ရောက်မှုက ကြိုတင်ခန့်မှန်းထားသည်ထက် ပို၍ ဆိုးဝါးနေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)၏ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်သည့်...
အော့တဝါ ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံဝန်ကြီးချုပ်ဂျက်စတင်းထရူးဒေါ့(Justin Trudeau) က နိုင်ငံခြားရေး ၊ ကာကွယ်ရေး ၊ ကျန်းမာရေး နှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကဲ့သို့သော ဝန်ကြီးဌာနများတွင် အစိုးရအဖွဲ့ဝန်ကြီးများ အပြောင်းအလဲပြုလုပ်ခြင်း အပါအဝင် ၎င်း၏ အစိုးရအဖွဲ့သစ်ကို အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ဂျေရုဆလင်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက် (Naftali Bennett) က Sochi မြို့၌ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ၅နာရီကြာဆွေးနွေးမှုသည် အလွန်ကောင်းမွန်ပြီး ထဲထဲဝင်ဝင် လေးနက်မှုရှိကြောင်း အောက်တိုဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။ ဘန်းနက်က ၎င်း၏...
အစ္စတန်ဘူလ် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ အနောက်မြောက်ပိုင်း Canakkale ပြည်နယ်အနီးရှိ မာမာရာပင်လယ်၌ အောက်တိုဘာ ၂၄ ရက်တွင် နိုင်ငံခြားအလံလွှင့်တင်ထားသည့် ကုန်တင်သင်္ဘောနှစ်စင်း တိုက်မိမှု ဖြစ်ပွားခဲ့ရာ အပျက်အစီးများဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။ ယူကရိန်းနိုင်ငံမှ တရုတ်နိုင်ငံသို့ သံသတ္တုရိုင်းများ သယ်ဆောင်လာသည့်...
ကွီတို ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံအလယ်ပိုင်းတွင်တည်ရှိသည့် Chimborazo မီးတောင်ပေါ်မှ အောက်တိုဘာ ၂၄ ရက်တွင် ဆီးနှင်းရေခဲတုံးများ ပြိုကျလိမ့်ဆင်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးသွားကြောင်း အီကွေဒေါနိုင်ငံ အဖွဲ့စုံပေါင်းစပ်မှုလုံခြုံရေးဌာန(ECU 911) က ပြောကြားခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၆,၁၀၀ မီတာကျော်ရှိသော...
မော်စကို၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) နေတိုးဆိုင်ရာ ရုရှားသံတမန်များကို နှင်ထုတ်ပြီးမှ လုံခြုံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေသည်ဟူသော နေတိုး၏ ပြောကြားချက်သည် “လုံးဝအဓိပ္ပါယ်မဲ့”ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharovaက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျေရုဆလင်၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ တဲလ်အဗစ်ရှိ အပေါ့စား ရထားလမ်းတွင် ဗုဒ္ဓဟူးနေ့ညက ပထမဆုံး ရထားစမ်းသပ်ပြေးဆွဲမှုပြုလုပ်ခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင်ကုမ္ပဏီ NTA Metropolitan Mass Transit Systemက ပြောကြားခဲ့သည်။
မော်စကို ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးသည် အခြားမည်သည့်နိုင်ငံကိုမျှ တိုက်ရိုက်ဆန့်ကျင်ရန်မဟုတ်ကြောင်း နှင့် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက်သာ ဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ဆိုချီမြို့(Sochi) ၌ အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ဘရပ်ဆဲလ် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက မြောက်အတ္တလန္တိတ်မဟာမိတ်အဖွဲ့(NATO) သို့စေလွှတ်ထားသော ၎င်း၏ သံကိုယ်စားလှယ်အဖွဲ့ကို ဆိုင်းငံ့ရန် နှင့် မော်စကိုမြို့ရှိ နေတိုးမဟာမိတ်ရုံးများအား ပိတ်ပစ်ရန် ဆုံးဖြတ်ထားလင့်ကစား နေတိုးအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ စေ့စပ်ညှိနှိုင်းရန် လမ်းကြောင်းများကို ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း နေတိုး(NATO)အတွင်းရေးမှူးချုပ် Jens Stoltenberg က အောက်တိုဘာ...