လန်ဒန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) အင်္ဂလိပ်ပရီးမီးယားလိဂ်က ၎င်းတို့၏ ကစားသမား ၆၈ ရာခိုင်နှုန်းသည် COVID-19 ရောဂါတိုက်ဖျက်ရေး ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီးဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် အတည်ပြုခဲ့သည်။
မော်စကို၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်အကြီးအကဲ၏လုပ်ငန်းများအပါအဝင် နေတိုး (NATO) အခြေစိုက် ရုရှားကိုယ်စားလှယ်ရုံး၏ လုပ်ငန်းများကို နိုဝင်ဘာ ၁ ရက်နေ့မှစပြီး ခေတ္တရပ်နားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က အောက်တိုဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။ တစ်ချိန်တည်းမှာပင် မော်စကိုရှိ နေတိုးစစ်ဘက်ဆက်ဆံရေးရုံး၏...
အန်ကာရာ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ရုရှားနှင့် အမေရိကန်တို့သည် ကာ့ဒ်ပြည်သူကာကွယ်ရေးတပ် (YPG) စစ်သွေးကြွများအား ထိန်းချုပ်၍ ဆီးရီးယားမြောက်ပိုင်း နယ်စပ်နှင့်ဝေးရာသို့ ပို့ဆောင်မည်ပေးမည်ဟူသော ၎င်းတို့၏ ကတိအား ပျက်ကွက်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၃ ရက်တွင် စွပ်စွဲလိုက်သည်။
မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မက္ကဆီကိုနှင့် အမေရိကန်အစိုးရတို့သည် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း တိုးတက်မှုအခြေအနေရ နိုဝင်ဘာလတွင် ၎င်းတို့၏ နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်နိုင်ရန် သဘောတူညီခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ သမ္မတ Andres Manuel Lopez Obrador က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။
ကိုပင်ဟေဂင် ၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) နော်ဝေနိုင်ငံ အော်စလိုမြို့အနောက်တောင်ဘက် ၈၂ ကီလိုမီတာအကွာ Kongsberg မြို့လယ်၌ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် အမျိုးသားတစ်ဦးက လေးမြားလက်နက်သုံး၍ တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြား ၂ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ရဲတပ်ဖွဲ့က...
ဘေရွတ် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ ရေနံစက်ရုံတစ်ရုံ၏ လောင်စာဆီသိုလှောင်ကန်တစ်ခု၌ အောက်တိုဘာ ၁၁ ရက်တွင် မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လောင်စာဆီ ၂၅၀,၀၀၀ လီတာခန့် ဆုံးရှုံးခဲ့ကြောင်း အမျိုးသားသတင်းအေဂျင်စီ(NNA) က ဖော်ပြခဲ့သည်။ al-Zahrani ရေနံစက်ရုံ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုသည် လောင်စာဆီ...
ပေကျင်း၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) စပိန်နိုင်ငံ လာပါလ်မားကျွန်း Cumbre Viejaမီးတောင် ပေါက်ကွဲမှုသည် ရက်သတ္တပတ် ၃ ပတ်ဆက်တိုက် ဖြစ်ပွားလျက်ရှိရာ အောက်တိုဘာ ၁၁ ရက်အထိ ရပ်တန့်မည့်အရိပ်အယောင်မမြင်ရသေးသလို မီးတောင်ပေါက်ကွဲမှုကြောင့် ထွက်လာသည့် ချော်ရည်ကျောက်တုံးများတွင် အကြီးဆုံးက သုံးထပ်အဆောက်အဦအရွယ်အစားခန့်ရှိရာ လူအမြောက်အမြားကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ အဆိုပါ မီးတောင်ပေါက်ကွဲတွင်...
ပေကျင်း၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အသက် ၁၀၀ နှစ် အရွယ်ရှိ နာဇီအဖွဲ့ဝင်ဟောင်းတစ်ဦးကို အောက်တိုဘာ ၇ ရက်က ဂျာမနီနိုင်ငံတွင် တရားရုံးထုတ် စစ်ဆေးခဲ့ရာ ၎င်းမှာ နာဇီဂျာမနီခေတ် ပြစ်မှုကျူးလွန်ခြင်းကြောင့် ရုံးထုတ်စစ်ဆေးခံရသည့် အသက်အရွယ်ကြီးဆုံးသူ တစ်ဦးဖြစ်လာခဲ့သည်။ ၎င်းသည် ဒုတိယ ကမ္ဘာစစ်ကာလ ချွေးတပ်စခန်းတစ်ခုတွင် လူပေါင်း(၃,၅၁၈)ဦးအား...
ဂျေရုဆလမ်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံတွင် COVID-19 ရောဂါအား တံတွေးမှတစ်ဆင့် စစ်ဆေးခြင်းကို စတင်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ Bar Ilan တက္ကသိုလ် (BIU) နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က အောက်တိုဘာ ၇ ရက် ပူးတွဲထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) နေတိုးဆိုင်ရာ ရုရှားကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင် ၈ ဦးသည် “ထောက်လှမ်းရေးများ”ဖြစ်နေခြင်းကြောင့် ၎င်းတို့ ၈ ဦး၏ အမြဲတမ်းနေထိုင်ခွင့်ကို ရုပ်သိမ်းလိုက်ကြောင်းနှင့် ရုရှားကိုယ်စားလှယ်အဖွဲ့ဝင်ကို ၂၀ ဦးမှ ၁၀ ဦးထိ လျှော့ချလိုက်ကြောင်း မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့(NATO)အရာရှိတစ်ဦးက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။