ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဩစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံများက အောကပ်စ် (AUKUS) လုံခြုံရေးမိတ်ဖက်ဆက်ဆံရေးအသစ် ထူထောင်လိုက်ခြင်းဖြင့် ပြင်သစ်နိုင်ငံအပေါ် ပြုမူလိုက်သောနည်းလမ်းသည် “လက်သင့်ခံနိုင်ဖွယ်မရှိကြောင်း” ပြောကြားခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်အား ဆိုက်ဘာတိုက်ခိုက်မှု ၅၀ ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံ ပိုင်နက်နယ်မြေအတွင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ ရုရှားသံရုံးက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) အပန်းဖြေနေအိမ်မော်တော်ယာဉ် Stella Vitaကို Eindhoven နည်းပညာတက္ကသိုလ် နေရောင်ခြည်စွမ်းအင်အဖွဲ့မှ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ Stella Vita ခေါင်မိုးတွင် ဆိုလာပြားတပ်ဆင်ထားရာ ထိုမှတစ်ဆင့် မော်တော်ယာဉ်မောင်းနှင်ရန်နှင့် ရေချိုး၊ တီဗွီကြည့်၊ ဓါတ်အားဖြည့်ရန် စသည့် လုံလောက်သည့် စွမ်းအင်ကို ရရှိနိုင်ကြောင်း သိရသည်။ စွမ်းအင်ကို...
မော်စကို၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံရှိ Perm တက္ကသိုလ်တွင် ကျောင်းသားတစ်ဦးက သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် လူ ၈ ဦးထက်မနည်းသေဆုံးကာ အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် တိုက်ခိုက်သူကို ထိန်းသိမ်းထားကြောင်း Sputnik သတင်းအေဂျင်စီက ဖော်ပြထားသည်။ သေဆုံးသူအရေအတွက် အတိအကျအား အတည်ပြုလျက်ရှိကြောင်း ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ၏...
မက်ချာနစ်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) စိတ်ဝင်စားဖွယ် ရွှေဖရုံသီး လှေလှော်ပြိုင်ပွဲကို ဂျာမနီနိုင်ငံ ကိုလုံးမြို့အနီးရှိ မက်ချာနစ် မြို့နယ်လေးတွင် စက်တင်ဘာ ၂၀ ရက်က ကျင်းပခဲ့သည်။ ယင်းပွဲတွင် ပြိုင်ပွဲဝင်များက ဧရာမ ရွှေဖရုံးသီးကြီး၏ အသားများကို ခြစ်ထုတ်ပြီး အပြင်ခွံအား လှေလုပ်ကာ လှော်တပ်ဖြင့် လှော်ခတ်ပြိုင်ရခြင်း ဖြစ်သည်။...
ပါရီ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) ပြင်သစ်နှင့်ချုပ်ဆိုထားသည့် ရေငုပ်သင်္ဘောစာချုပ်ကို ဩစတြေးလျဖက်က ချိုးဖျက်ပြီး အမေရိကန်၊ ဗြိတိန်တို့နှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ခဲ့ကြောင်း ၊ ၎င်းသည် ပြင်သစ်မဟာမိတ်များ၏ “လိမ်ညာမှု”၊ “အပြင်ပန်းနှင်စိတ်ရင်း ထပ်တူမကျမှု”ကို ထင်ဟပ်နေရာ ဆိုးဝါးသည့် အန္တရာယ်အကျပ်အတည်းတစ်ခုဖြစ်စေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က...
မက်ဒရစ်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) စပိန်နိုင်ငံ၏ ခရီးသွားအပန်းဖြေနေရာ La Palmaကျွန်းတွင် စက်တင်ဘာ ၁၉ ရက်က မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားရာ လူပေါင်း ၅,၀၀၀ ကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
မော်စကို ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့များသည် ခေတ်မီ နောက်ဆုံးပေါ် S-500 Prometheus လေကြောင်းရန် ကာကွယ်ရေးစနစ်အား စတင်လက်ခံရရှိနေပြီ ဖြစ်ကြောင်း ရုရုားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Yury Borisov က စက်တင်ဘာ ၁၆ ရက်တွင် ပြုလုပ်သော ဖိုရမ်တစ်ခု၌ ပြောကြားခဲ့သည်။
ဝါရှင်တန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ နိုင်ငံတို့သည် သုံးနိုင်ငံလုံခြုံရေးမိတ်ဖက်သစ် ထူထောင်လိုက်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့သည်။
လန်ဒန်၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့ရာ နိုင်ငံခြားရေး၊ တရားစီရင်ရေး၊ ပညာရေးနှင့် အိမ်ရာဝန်ကြီးစသည့်နေရာများကို အပြောင်းအလဲပြုလုပ်ခဲ့သည်။