ဂျေရုဆလမ် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် Arrow- 3 ပဲ့ထိန်းဒုံးကျည်ကြားဖြတ်ဟန့်တားရေးစနစ်ကို အောင်မြင်စွာ စမ်းသပ်လွှတ်တင်နိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၈ ရက်တွင် ကြေညာခဲ့သည်။
ဝါဆော၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံသည် COVID-19 ကပ်ရောဂါ ပဉ္စမလှိုင်းဖြင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ၊ ကူးစက်မှုများသည် မကြာမီ စံချိန်တင်အဆင့်သို့ရောက်ရှိနိုင်ကြောင်း ပိုလန်နိုင်ငံ ကျန်းမာရေးဝန်ကြီး Adam Niedzielski က ဇန်နဝါရီ ၁၇ ရက်တွင် သတိပေးပြောကြားခဲ့သည်။
တီရာနာ ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်မည့် အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲများကို တရုတ်နိုင်ငံက အကောင်းဆုံး လက်ခံကျင်းပသွားနိုင်မည်ဖြစ်ကြောင်း အယ်လ်ဘေးနီးယားနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဌ Fidel Ylli က ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
မော်စကို၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ရုရှား-တရုတ် ဆက်ဆံရေးသည် “မည်သူ့ကိုမှဆန့်ကျင်ရန် ရည်ရွယ်ထားခြင်းမရှိကြောင်း” ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ် (Sergei Lavrov) က ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က “တရုတ်-ရုရှား ဆက်ဆံရေး၏ ပြိုင်ဘက်ကင်း ဗိသုကာ” နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် နိုင်ငံတကာ ပြဿနာများ ဖြေရှင်းရေး ကြိုးပမ်းအားထုတ်မှုများအပေါ် ချီးကျူးပြောကြားခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံအစိုးရက စိုက်ပျိုးမြေများတွင် နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းကိရိယာများမှ လျှပ်စစ်ဓာတ်အား ထုတ်ယူရေး စမ်းသပ်ရန် အစီအစဉ်တစ်ခုအား ဇန်နဝါရီ ၁၁ ရက်တွင် ကြေညာခဲ့သည်။
ဂျီနီဗာ ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နှင့် ရုရှားနိုင်ငံအကြား လုံခြုံရေးဆွေးနွေးပွဲအသစ်တစ်ခုသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက မည်သည့် သံတမန်ရေးရာ သဘောတူညီမှု ရလဒ်တစ်စုံတစ်ရာ မရဘဲ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
တီဟီရန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်ဗိုလ်ချုပ်ကြီးဟောင်း ကွီဆမ်ဆိုလီမန်နီအား လုပ်ကြံသတ်ဖြတ်မှုဖြင့် အမေရိကန်နိုင်ငံသား ၅၁ ဦးအား ၎င်းတို့၏ အခန်းကဏ္ဍများအတွက် ဇန်နဝါရီ ၈ ရက်တွင် အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း သိရသည်။
နာ-ဘူလ်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ကာဇက်စတန်နိုင်ငံ အမျိုးသားလုံခြုံရေးကော်မတီဥက္ကဌ(ဟောင်း) Karim Masimov အား နိုင်ငံတော်ပုန်ကန်ရန် ကြံစည်သည်ဟု သံသယရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း ယင်းကော်မတီက ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
နာ-ဆူလ်တန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)