Europe
ချီလီနိုင်ငံ Putre မြို့တောင်ဘက် ၇၆ ကီလိုမီတာအကွာ၌ ပြင်းအား ၆.၃ ရှိသော ငလျင်လှုပ်

ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
ချီလီနိုင်ငံ Putre မြို့မှ တောင်ဘက် ၇၆ ကီလိုမီတာအကွာ၌ ရစ်ချ်စကေး ၆.၃ အင်အားရှိသော ငလျင်တစ်ခု ယနေ့ (ဇန်နဝါရီလ ၂၁ ရက်) နံနက် ၁း၀၆ နာရီက လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလုပ်ငန်းက ပြောကြားခဲ့သည်။
တိုင်းတာချက်အရ ငလျင်ဗဟိုချက်မှာ တောင်လတ္တီကျု ၁၈.၈၈၇၉ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၆၉.၆၁၆၅ ဒီဂရီအကြား အနက် ၁၁၀.၈၂ ကီလိုမီတာ၌ ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)