Connect with us

Europe

ဂျာမနီနိုင်ငံ Ravensburg မြို့တွင် ဓားဖြင့် တိုက်ခိုက်ခံရမှုကြောင့် လူ ၃ ဦး ဒဏ်ရာရ

ဂျာမနီနိုင်ငံတွင် ဓားတစ်လက်ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘာလင်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း Ravensburg မြို့တွင် စက်တင်ဘာလ ၂၈ ရက်က ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး စိုးရိမ်ဖွယ် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

လူငယ်တစ်ဦးသည် Marienplatz စီးတီးစင်တာတွင် လူ ၃ ဦးအား အသားလှီးဓားတစ်လက်ဖြင့် လိုက်ထိုးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အခင်းဖြစ်ရာနေရာသို့ ကင်းလှည့်သည့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာရာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးခဲ့သည်။

ဒေသခံရဲတပ်ဖွဲ့က ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည့် သတင်းကြေညာချက်အရ အဆိုပါ သံသယရှိသူသည် အာဖဂန်နစ္စတန်နိုင်ငံမှ ဂျာမနီသို့ ခိုလှုံခွင့်တောင်းခံရန် ရောက်ရှိလာသူ အသက် ၁၉ နှစ်အရွယ် လူရွယ်တစ်ဦးဖြစ်ပြီး တိုက်ခိုက်ရသည့်အကြောင်းရင်းအား မသိရကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်တိုက်ခိုက်မှု၏ သက်သေမတွေ့ရှိရသေးကြောင်းနှင့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.