Connect with us

Europe

အကြမ်းဖက်တိုက်ခိုက်မှုရန် ကြံစည်မှုအတွက် အမျိုးသား ၇ ဦးကို နယ်သာလန်ရဲတပ်ဖွဲ့ဖမ်းဆီး

နယ်သာလန်နိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

သည်ဟိတ်ချ်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုပြုလုပ်ရန် ကြံစည်ကြောင်း သံသယရှိသဖြင့် အမျိုးသား ၇ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း နယ်သာလန်နိုင်ငံ ပြည်သူ့ အစိုးရရှေ့နေက စက်တင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ သံသယရှိသူများအား Arnhem မြို့နှင့် Weert မြို့များ၌ စက်တင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် ၃ ဦးကို Arnhem မြို့တွင်လည်းကောင်း၊ ၂ ဦးကို Rotterdam မြို့တွင်လည်းကောင်း၊ ၁ ဦးကို Huissen မြို့တွင်လည်းကောင်း၊ ကျန် ၁ ဦးကို Vlaardingen မြို့တွင်လည်းကောင်း ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အားလုံးသည် နယ်သာလန်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုကြီးတစ်ခုအတွက် ပြင်ဆင်နေကြောင်း သံသယရှိသူများဖြစ်သည်။

နယ်သာလန် အထွေထွေစုံစမ်းထောက်လှမ်းရေးနှင့် လုံခြုံရေးလုပ်ငန်း (AIVD) မှ အချက်အလက်အရ နယ်သာလန် ပြစ်မှု စုံစမ်းစစ်ဆေးရေးအား ၂၀၁၈ ခုနှစ် ဧပြီလတွင် စတင်ခဲ့သည်။ AIVD ပြောကြားချက်အရ Arnhem မြို့မှ အမျိုးသားက ၎င်း၏ အဖွဲ့နှင့်အတူ နယ်သာလန်နိုင်ငံရှိ နေရာ နှစ်ခုတွင် ဗုံးများနှင့် Kalashnikov AK47 လက်နက်များအသုံးပြုကာ တိုက်ခိုက်မှုကြီးတစ်ခု လုပ်ဆောင်ရန် စီစဉ်ထားပြီး အခြားတစ်နေရာတွင် ကားဗုံးဖောက်ခွဲရန် စီစဉ်ထားခြင်းဖြစ်ကြောင်း စွပ်စွဲခံထားရသည်။ ၎င်းတို့၏ ရည်ရွယ်ချက်အား စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုအား Dutch Special Interventions Service (DSI) မှအကြမ်းဖက်မှု ဆန့်ကျင်ရေးအဖွဲ့များမှ လေ့လာရေးအဖွဲ့များနှင့် ရဟတ်ယာဉ်များဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.