Connect with us

Europe

ဂရိနိုင်ငံ Samos ကျွန်းတွင် ပြင်းအား ၆.၇ အဆင့်ရှိသော ငလျင်လှုပ်ခတ်၍ လူ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

ဂရိနိုင်ငံ Samos ကျွန်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် နေအိမ်များ ပျက်စီးနေသည်ကို အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Nikos Hadjiiakovou/Xinhua)

အေသင်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

အေဂျီယံပင်လယ်ပြင် အရှေ့ပိုင်း၊ ဂရိနိုင်ငံ Samos ကျွန်းတွင် အောက်တိုဘာ ၃၀ ရက်၌ ပြင်းအား ၆.၇ အဆင့်ရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အထက်တန်းကျောင်းသား ၂ ဦး သေဆုံးပြီး လူ ၈ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ဂရိ အမျိုးသား သတင်းအေဂျင်စီ AMNA က ဖော်ပြခဲ့သည်။

အသက် ၁၇ နှစ်နှင့် ၁၅ နှစ်အရွယ်ရှိကြသော ကျောင်းသားနှစ်ဦးသည် ကျွန်းပေါ်ရှိ Vathy မြို့က အဆောက်အအုံဟောင်းတစ်ခု၏ နံရံများပြိုကျစဉ် ကျဉ်းမြောင်သောလမ်းတစ်ခုတွင် ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း AMNA က မြို့ပြကာကွယ်ရေး အထွေထွေအတွင်းဝန်ရုံး၏ ပြောကြားချက်အား ကိုးကား၍ သတင်းဖော်ပြထားသည်။

ဂရိနိုင်ငံ Samos ကျွန်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် နေအိမ်တစ်လုံး ပျက်စီးနေသည်ကို အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Nikos Hadjiiakovou/Xinhua)

ဂရိနိုင်ငံ Samos ကျွန်းရှိ လမ်းပေါ်တွင် ပြိုကျသော ကျောက်တုံးကျောက်ခဲများကို ဖယ်ရှားနေသည့် စည်ပင်ကားတစ်စီးကို အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Nikos Hadjiiakovou/Xinhua)

ဂရိနိုင်ငံ Samos ကျွန်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် နေအိမ်တစ်လုံး ပျက်စီးနေသည်ကို အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Nikos Hadjiiakovou/Xinhua)

ငလျင်ဒဏ်ကြောင့် ဒဏ်ရာရသူအရေအတွက်မှာလည်း ၈ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသတွင်းဆေးရုံ ညွှန်ကြားရေးမှူး Nikos Stefanis က AMNA သို့ပြောကြားခဲ့သည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကို အေဂျီယံပင်လယ်မှ ဂရိနိုင်ငံတစ်လျှောက်ရှိ ဒေသအတော်များများ ခံစားခဲ့ရကြောင်း သိရသည်။

ဂရိနိုင်ငံ Samos ကျွန်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် ကားတစ်စီး ပျက်စီးနေသည်ကို အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Nikos Hadjiiakovou/Xinhua)

ဂရိနိုင်ငံ Samos ကျွန်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် နေအိမ်တစ်လုံး ပျက်စီးနေသည်ကို အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Nikos Hadjiiakovou/Xinhua)

ဂရိနိုင်ငံ Samos ကျွန်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် နေအိမ်တစ်လုံး ပျက်စီးနေသည်ကို အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Nikos Hadjiiakovou/Xinhua)

ဂရိနိုင်ငံ Samos ကျွန်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် နေအိမ်တစ်လုံး ပျက်စီးနေသည်ကို အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Nikos Hadjiiakovou/Xinhua)

ယင်းငလျင်သည် Samos ကျွန်း အနောက်မြောက်ဘက် ၁၆ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၂ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အေသင်မြို့ အမျိုးသား စောင့်ကြည့်လေ့လာရေး၏ ဘူမိစွမ်းအင်ဆိုင်ရာအဖွဲ့အစည်းအရ သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် Samos ကျွန်းရှိ အဆောက်အအုံဟောင်းများနှင့် လမ်းကွန်ရက် အစိတ်အပိုင်းများ အဓိကပျက်စီးသွားခဲ့သလို အနီးဝန်းကျင်မှ Chios နှင့် Ikaria ကျွန်းများတွင်လည်း ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.