Connect with us

Europe

တရုတ်နိုင်ငံ၏ကြယ်ပွင့်တာတိုအပြေးသမား Su Bingtian က ၉.၉၁ စက္ကန့်ဖြင့် စံချိန်သစ်တင်

တရုတ်နိုင်ငံ၏ တာတိုအပြေးချန်ပီယံ Su Bingtian အားတွေ့ ရစဉ်(ဆင်ဟွာ)

ပါရီ ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့၌ကျင်းပလျက်ရှိသော 2018 IAAF Diamond League ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ကြယ်ပွင့် တာတိုအပြေးသမား Su Bingtian သည် အမျိုးသားမီတာ ၁ဝဝ ပြေးပွဲ၌ ၉.၉၁ စက္ကန့်ဖြင့် တတိယနေရာမှ ပန်းဝင်ခဲ့ကြောင်း နှင့် ယင်းစံချိန်မှာ ၉ ရက်တာကာလတွင်း အာရှ စံချိန်သစ်တစ်ခုကို ထပ်မံချိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ်ရှိ Su သည် ၂ဝ၁၈ ခုနှစ်တွင် အောင်မြင်မှုများ ဆက်တိုက်ရရှိခဲ့သည်။၎င်းသည် အင်္ဂလန်နိုင်ငံ ဘာမင်ဟမ်၌ ကျင်းပခဲ့သည့် ကမ္ဘာ့ရုံတွင်းပြေးခုန်ပစ်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုတစ်ခု ဆွတ်ခူရရှိခဲ့ခြင်း မတိုင်မီ အာရှရုံတွင်း အပြေးပြိုင်ပွဲ၏ မီတာ ၆ဝ အပြေးပြိုင်ပွဲတွင် သုံးကြိမ်တိတိ စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.