Europe
တရုတ်-ရုရှား သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ဆင်ဟွာနှင့် TASS ပြုလုပ်

မော်စကို၊ ဇွန် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၇၀ ပြည့်မြောက်မှု အထိမ်းအမှတ်ကျင်းပရန် ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဆင်ဟွာနှင့် TASS သတင်းအေဂျင်စီတို့က ပူးတွဲဓာတ်ပုံပြပွဲတစ်ခုအား ဇွန်လ ၅ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာဥက္ကဋ္ဌ ချိုင့်မင်ကျောက် (Cai Mingzhao) နှင့် TASS ညွှန်ကြားရေးမှူးချုပ် ဆာဂျီ မီခီလာ့ဗ် (Sergei Mikhailov) တို့က ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတင်းအေဂျင်စီနှစ်ခုတို့က ဓာတ်ပုံပေါင်း ၇၀ ကျော် ခင်းကျင်းပြသထားကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်၌ မြင့်မားသောအဆင့်တွင် ခေတ်သစ်တစ်ခုအတွက် တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းမှုမိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လျက်ရှိနေသည်ကို ထိုဓာတ်ပုံများက ပြသနေသည်။
အဆင့်မြင့်အရာရှိများ၏ ဆက်သွယ်မှုများ၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူအချင်းချင်း ဖလှယ်မှုများနှင့် ယဉ်ကျေးမှုပြပွဲများ ဖော်ပြထားသည်။
၁၉၅၂ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဧပြီလအထိ ရိုက်ကူးထားသည့် ဆင်ဟွာဓာတ်ပုံများတွင် နှစ်နိုင်ငံ ပြည်သူများအကြား အစဉ်အလာရှိသော ချစ်ခင်ရင်းနှီးမှု၊ နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုများ၊ နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ယုံကြည်မှု၊ နှစ်နိုင်ငံမှ သာမန်ပြည်သူများအကြား ဖလှယ်မှုအခိုက်အတန့်များကို ပြသထားသည်။ (Xinhua)