Connect with us

Europe

ရုရှားသုံးစွဲသူများ၏ အချက်အလက်များအား နေရာပြောင်းရွှေ့ရန် Twitter နှင့် Facebook အား ရုရှားပြောကြား

Twitter နှင့် Facebook အပလီကေးရှင်းများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ တယ်လီကွန်းစောင့်ကြည့်ရေးအဖွဲ့အစည်း Roskomnadzor က Twitter နှင့် Facebook တို့အနေဖြင့် ရုရှားမှ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များ (database) များကို ရုရှားနိုင်ငံသို့ ရွှေ့ပြောင်းရန်တောင်းဆိုမှုကို ငြင်းဆန်ပါက အပြစ်ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ရက်က ပြောကြားခဲ့သည်။

Roskomnadzor အဖွဲ့အစည်း အကြီးအကဲ Alexander Zharov က ယင်းကုမ္ပဏီများသည် အချက်အလက်များကို အချိန်ကာလတစ်ခုအတွင်း ရွှေ့ပြောင်းပေးရမည်ဖြစ်ကြောင်း၊ ယင်းအချိန်ကာလသည် ၉လခန့်ဖြစ်မည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့သည်။

၎င်း က ယင်းကိစ္စအား ဆွေးနွေးရန် မော်စကိုမြို့၌ ဖေဖော်ဝါရီလမကုန်ခင် Twitter နှင့် Facebook မှ ကိုယ်စားလှယ်များနှင့် Roskomnadzor အဖွဲ့အစည်းမှ တာဝန်ရှိသူများ တွေ့ဆုံသွားမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ တရားဥပဒေ အရ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများသည် ရုရှားနိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို ရုရှားပိုင်နက်အတွင်း၌သာ သိမ်းဆည်းလုပ်ဆောင်ရန် လိုအပ်ကြောင်းသိရသည်။

Roskomnadzor အဖွဲ့အစည်းအနေဖြင့် အင်တာနက်ကုမ္ပဏီများက စည်းမျဉ်းစည်းကမ်းများအား ဖောက်ဖျက်ပါက ဒဏ်ရိုက်ခြင်း (သို့) လုံးဝပိတ်ပစ်ခြင်းတို့ကိုပင် ပြုလုပ်ခွင့်ရှိကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင်လည်း ယင်းအဖွဲ့အစည်းသည် တားမြစ်ထားသည့် သတင်းအချက်အလက်များကို ညွှန်းဆိုထားသောသ အင်တာနက်လိပ်စာများကို ပယ်ဖျက်ရန် ပျက်ကွက်ခဲ့သည့် Google အား ရုရှားရူဘယ် ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၆၂၅ဒေါ်လာ) ဒဏ်ရိုက်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.