Connect with us

Europe

ဘယ်လ်ဂျီယံ နိုင်ငံ အတွင်းရှိ လေဆိပ်အားလုံး က ဆန္ဒပြမှုကြောင့် ၂၄ နာရီ လုပ်ငန်း လည်ပတ်မှု ရပ်နား

ဘယ်လ်ဂျီယံ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ဆန္ဒပြမှုကြောင့် လေဆိပ်များ ရပ်နား ခဲ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ဘယ်လ်ဂျီယံ နိုင်ငံ လေကြောင်း သွားလာရေး စီမံခန့်ခွဲမှု အား တာဝန်ယူထားသည့် Skeyes ကုမ္ပဏီ က ဖေဖော်ဝါရီ ၁၃ ရက် တွင် ပြုလုပ်မည့် တစ်နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြမှုကြောင့် လေဆိပ်အရေးပါသည့် ဝန်ထမ်းများ ပျက်ကွက်မှု ရှိနိုင်သဖြင့် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက် ၂၂ နာရီ မှ ၁၃ ရက် ၂၂ နာရီ အထိ လေကြောင်းဝန်ဆောင်မှု အားလုံးအား ရပ်နားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဘယ်လ်ဂျီယံ နိုင်ငံ တွင် အလုပ်ရှင်အလုပ်သမား နှစ်ဖက် က ၂၀၁၉ ခုနှစ် မှ ၂၀၂၀ ခုနှစ် အထိ လုပ်ခလစာ တိုးမြှင့်ခြင်း နှင့် ပတ်သက်၍ သဘောတူညီမှု မရရှိသောကြောင့် ဘယ်လ်ဂျီယံ နိုင်ငံ အဓိက အလုပ်သမား အဖွဲ့အစည်း ၃ ခု က ဖေဖော်ဝါရီ ၁၃ ရက် တွင် ဆန္ဒပြမှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ၊ ယင်းဆန္ဒပြမှုကြောင့် လေကြောင်းခရီးစဉ်များ အပြင် ရထားခရီးစဉ် ၊ ဆိပ်ကမ်းလုပ်ငန်း နှင့် အများပြည်သူ ခရီးသွားလာရေး ဝန်ဆောင်မှုများ အပေါ်လည်း တက်ရောက်မှု ဖြစ်ပွား စေနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ဘယ်လ်ဂျီယံ နိုင်ငံ ပြည်တွင်းရှိ ကုန်တိုက်အများစု က ဖေဖော်ဝါရီ ၁၃ ရက် တွင် လုပ်ငန်းရပ်နားမည် ဖြစ်ပြီး ဆေးရုံများတွင်လည်း အခြေခံဝန်ဆောင်မှုများ သာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၊ ဖေဖော်ဝါရီ ၁၃ ရက် တွင် ဘယ်လ်ဂျီယံ တွင် ကျင်းပ ရန် စီစဉ်ထားသည့် ပထမ အကြိမ် ဥရောပ စာပေညီလာခံလည်း ဆန္ဒပြမှုကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရကြောင်း သိရှိရသည်။

ယခုနှစ် ဇန်နဝါရီ ၂၂ ရက် တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ တွင် အလုပ်ရှင်ဘက် မှ လုပ်ခလစာ အား ဝ.၈ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် သဘောတူညီခဲ့သော်လည်း အလုပ်သမား အဖွဲ့အစည်း ဘက် မှ ၁.၄ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးရန် ခိုင်မြဲစွာ တောင်းဆိုခဲ့သဖြင့် ဆွေးနွေးပွဲ ပျက်ခဲ့ရကြောင်း ၊ လတ်တလောရက်ပိုင်း အတွင်း ဘယ်လ်ဂျီယံ နိုင်ငံ ဝန်ကြီးချုပ် အပါအဝင် အစိုးရ အဖွဲ့ အကြီးအကဲ များက ညှိနှိုင်းဆောင်ရွက်မှု အကြိမ်ကြိမ်ပါဝင် ဆောင်ရွက်ပေးခဲ့သော်လည်း မဖြေရှင်းနိုင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.