Connect with us

International Organizations

ကိုလံဘီယာနိုင်ငံရှိ ဗင်နီဇွဲလား ကလေးငယ် ၃၀၀,၀၀၀ ကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်

ဗင်နီဇွဲလားနိုင်ငံ ကာရာကာ့စ်မြို့တွင် ရေသယ်ယူရန်အတွက် ပုံးခွံများအား သယ်ဆောင်လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံမှ အနည်းဆုံး ကလေးငယ် ၃၂၇,၀၀၀ ဦးမှာ ကိုလံဘီယာနိုင်ငံ၌ ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များအဖြစ် နေထိုင်နေရပြီး ထောက်ပံ့မှုများ တိုးမြှင့်ခြင်းမရှိပါက ၎င်းတို့၏ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေးနှင့် ကောင်းစွာနေထိုင်နိုင်ရေး အခြေအနေများနှင့် ပတ်သက်၍ အန္တရာယ်ရှိကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေ (UNICEF) က ဧပြီလ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

UNICEF ၏ သတင်းထုတ်ပြန်ချက်အရ ဗင်နီဇွဲလားနိုင်ငံရှိ စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေကြောင့် ခန့်မှန်းခြေ ဗင်နီဇွဲလားနိုင်ငံသား ၃.၇ သန်းအား ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာကာ ဘရာဇီး၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ပီရူးနှင့် ဒေသတွင်းအခြားသောနိုင်ငံများသို့ သွားရောက်ခြင်း ဖြစ်စေခဲ့ကြောင်း သိရသည်။

ယင်းအနက် ၁.၂ သန်းမှာ ကိုလံဘီယာနိုင်ငံတွင်ရှိပြီး အရင်းအမြစ်များ မလုံလောက်မှုကြောင့် ရပ်တည်ရန်ခက်ခဲသော အခြေအနေများနှင့် မကြာခဏကြုံနေရကြောင်း UNICEF က ဖြည့်စွက်ဖော်ပြခဲ့သည်။ကိုလံဘီယာနိုင်ငံက ဗင်နီဇွဲလားနိုင်ငံမှ ရွှေ့ပြောင်းကလေးငယ်များအား အခမဲ ပညာရေးကို ကမ်းလှမ်းထားခဲ့သည်။ ယနေ့ ကိုလံဘီယာနိုင်ငံတစ်ဝန်း ကျောင်းတက်ရောက်နေသည့် ဗင်နီဇွဲလားနိုင်ငံသား ကလေးငယ် ၁၃၀,၀၀၀ ဦးကျော် စာရင်းသွင်းထားခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် အရေအတွက် ၃၀,၀၀၀ ဦးမှ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ယင်းအနက် ကျောင်းသား ၁၀,၀၀၀ နီးပါးမှာ နယ်စပ် Cucuta မြို့တွင် နေထိုင်ကြပြီး ၎င်းတို့ထဲမှ ကျောင်းသား ၃,၀၀၀ မှာ နေ့စဉ်ကျောင်းသို့ သွားရောက်နေကြကြောင်း UNICEF က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.