Connect with us

International Organizations

ယီမင်နိုင်ငံတွင်ရေကြီးမှုကြောင့် ဝမ်းရောဂါပြန့်ပွားမှုမြင့်တက်နိုင်ကြောင်း ကုလသမဂ္ဂပြောကြား

ယီမင်နိုင်ငံရှိ ရေကြီးရေလျှံမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့် အတွက် ထောင်ပေါင်းများစွာသောသူများအားသက်ရောက်မှုရှိခဲ့ပြီး ဝမ်းရောဂါပြန့်ပွားမှုနှုန်းမြင့်တက်နိုင်ချေရှိကြောင်း ကုလသမဂ္ဂ က ဇွန် ၁၂ ရက်တွင် သတိပေးခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး၊ ဇွန်လ ဒုတိယပတ်တွင် ရေလွှမ်းမိုးမှု က နိုင်ငံအနှံ့ပြန့်နှံခဲ့သည့် အတွက် အတွက် နိုင်ငံတစ်ဝန်းလုံးတွင် လူပေါင်း ၇၀,၀၀၀ နီးပါးသည် နေအိမ်များကို စွန့်ခွာ၍ ပြောင်းရွှေ့ခဲ့ရကြောင်း ကုလသမဂ္ဂအထွေထွအတွင်းရေးမှူးချုပ် ၏ လက်ထောက်ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် Farhan Haq ကဆိုသည်။

ဝမ်းရောဂါဖြစ်ပွားမှုမြင့်တက်မှု နှင့် ပတ်သက်၍ အတွေ့အကြုံရှိပြီးဖြစ်သည့် အတွက် ယီမင်နိုင်ငံတွင်ရေကြီးရေလျှံမှုများကြောင့် နိုင်ငံအနံံှ့ဝမ်းရောဂါပျံ့နှံ့မည် ကိုစိုးရိမ်လျက်ရှိကြောင်း ၎င်းက စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခုနှစ် အစမှစ၍ သတင်းများအရ ဝမ်းရောဂါဖြစ်ပွားသည်ဟု သံသယရှိခံရသူစုစုပေါင်း ူ ၃၆၄,၀၀၀ဦး ရှိကြောင်း ၎င်းကဖြည့်စွက်ပြောကြားသည်။ (Xinhua)