International Organizations
ကုလသမဂ္ဂ ခေါင်းဆောင်ဟောင်း ကွယ်လွန်ခြင်းအတွက် တရုတ်နိုင်ငံအနေဖြင့် ဝမ်းနည်းကြောင်း ပြောကြား
ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘူထရို့စ် ဘူထရို့စ်-ဂါလီ (Boutros Boutros-Ghali) သည် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း ကြားသိရသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ကြေကွဲ ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။
ဘူထရို့စ်-ဂါလီသည် ကမ္ဘာကျော် နိုင်ငံရေးသမားနှင့် သံတမန် တစ်ဦးဖြစ်ပြီး ၎င်းကွယ်လွန်ခြင်းအတွက်တရုတ်နိုင်ငံ အနေဖြင့် ဝမ်းနည်းရပါကြောင်း ဘူထရို့စ်-ဂါလီ၏ မိသားစု၊ အီဂျစ်နိုင်ငံ အစိုးရအဖွဲ့နှင့် အီဂျစ်ပြည် သူများထံသို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟုန်လဲ့က ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၎င်းသည် ကုလသမဂ္ဂတွင် တာဝန် ထမ်းဆောင်ခဲ့စဉ်အတွင်း ပဋိပက္ခများ ဖြေရှင်းခြင်း၊ လူမှုဖူလုံရေး တိုးတက် ခြင်းနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍအား အခိုင်အမာ မြှင့်တင်ပေးခြင်းတို့အား ၎င်း၏ သံတမန် စွမ်းရည် နှင့် စိတ်အားထက်သန်မှုများဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တရုတ်- အီဂျစ် ဆက်ဆံရေးနှင့် တရုတ်- ကုလ သမဂ္ဂ ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ပေးခဲ့သည့် မိတ်ဆွေဟောင်း တစ်ဦးလည်း ဖြစ်ကြောင်း ဟုန်က ပြောသည်။
ဇန်နဝါရီလက တရုတ်- အာရပ် ချစ်ကြည်ရေးအတွက် ၎င်း၏ ထူးချွန်စွာ လုပ်ဆောင်ပေးနိုင်ခဲ့မှုကြောင့် တရုတ် နိုင်ငံမှ ချီးမြှင့်သောဆု တစ်ခုကိုလည်း လက်ခံရရှိခဲ့သည်။
၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တွင် ကိုင်ရိုမြို့၌ မွေးဖွားခဲ့သော ဘူထရို့စ်-ဂါလီသည် ကုလသမဂ္ဂ၏ ခြောက် ဦးမြောက် အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ပထမဆုံး အာရပ်လူမျိုးလည်း ဖြစ်သည်။ (Xinhua)