International Organizations
ကုလသမဂ္ဂ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ရန်ပုံငွေသို့ နိုင်ငံပေါင်း ၂၆ နိုင်ငံက အမေရိကန် ဒေါ်လာ ၁၅၁ သန်း ထည့်ဝင်ရန် ကတိပြု
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် တွဲလျက်ပြုလုပ်သည့် ရန်ပုံငွေ လှူဒါန်းခြင်းဆိုင်ရာ ကတိကဝတ် အစည်းအဝေးတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ရန်ပုံငွေ အတွက် အဖွဲ့ဝင် နိုင်ငံ ၂၆ နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၅၁ သန်း ထည့်ဝင်မည်ဟု ကတိပြုထားကြောင်း အဆိုပါ ရန်ပုံငွေအဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ ရန်ပုံငွေအား ၂၀၁၇ မှ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံပေါင်း ၂၀ ကျော်တွင် အကြမ်းဖက်မှု ပဋိပက္ခ ကာကွယ်ခြင်းနှင့် စဉ်ဆက်မပြတ် ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း လုပ်ဆောင်ရန် ရည်ရွယ်ကာ သုံးစွဲသွားမည် ဖြစ်သည်။
အဆိုပါ အစည်းအဝေးအား ကင်ညာ၊ မက္ကဆီကို၊ နယ်သာလန်၊ တောင်ကိုရီးယား၊ ဆိုမာလီယာ၊ သီရိလင်္ကာ၊ ဆွီဒင်နှင့် ဗြိတိန်နိုင်ငံ အစိုးရများက ပူးတွဲ ကျင်းပခြင်း ဖြစ်သည်။
သုံးနှစ်တာ ကာလအတွက် စုစုပေါင်း ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၃၀၀ အား အစည်းအဝေးက ရှာဖွေခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၁၇ -၂၀၁၉ ခုနှစ်အတွက် ရန်ပုံငွေများကို စစ်ပွဲနှင့် ပဋိပက္ခ တုံ့ပြန်မှုများအကြား ကမ္ဘာကြီးက သုံးစွဲနေမှုများအကြား မညီမျှမှုများအား ပြန်လည်ပြုပြင်ရန်နှင့် ပဋိပက္ခ ကာကွယ်ခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်းများ၌ မြှုပ်နှံသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ညီလာခံ၌ ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ရန်ပုံငွေအား ပဋိပက္ခ ဖြစ်ပွားလျက်ရှိသော နိုင်ငံများတွင် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများအား ကူညီရန် ၂၀၀၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ (Xinhua)