Connect with us

International Organizations

အကြမ်းဖက်မှု အားလုံး၏ အကြောင်းတရားများနှင့် ရှေ့ပြေး နိမိတ်များအား ကိုင်တွယ်ရန် ကမ္ဘာကြီး လိုအပ်ဟု ဗြိတိန် ဝန်ကြီးချုပ် ပြောကြား

ကုလသမဂ္ဂတွင် ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေ မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အကြမ်းဖက်မှုများအားလုံး၏ အကြောင်းတရားများနှင့် ရှေ့ပြေး နိမိတ်များအား ကိုင်တွယ်ရန် ကျယ်ပြန့်သည့် အမျိုးသား လုပ်ငန်း အစီအစဉ်များအား နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်ဆောင်သင့်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေက စက်တင်ဘာလ ၂၀ ရက်က ပြောကြားခဲ့သည်။

ကမ္ဘာကြီးကို ခြိမ်းခြောက်လာနေပြီ ဖြစ်သည့် အကြမ်းဖက်မှုသည် နိုင်ငံ တစ်ခုထဲမှ လာခြင်းမဟုတ်ကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ နှစ်ပတ်လည် အဆင့်မြင့် စကားဝိုင်း ဆွေးနွေးပွဲ၌ မေက ပြောကြားခဲ့သည်။
“အကြမ်းဖက် အဖွဲ့အစည်းများက ကျွန်မတို့ရဲ့ ခေတ်သစ် ဘဏ်စနစ် ကွန်ရက်တွေကို အသုံးပြုလာနေကြပြီ၊ ဒါကြောင့် သူတို့ထက် ကြိုတင်ပြီး ကျွန်မတို့ရဲ့ စည်းမျဉ်း ဥပဒေတွေ၊ သတင်း အချက်အလက် ဖလှယ်ရေးတွေ၊ ကျွန်မတို့ရဲ့ နယ်ပညာပိုင်း ဆိုင်ရာ စွမ်းဆောင်ရည်တွေကို အသုံးပြုထားဖို့ လိုပါတယ်” ဟု မေက ပြောသည်။
အကြမ်းဖက် အဖွဲ့များသည် အင်တာနက်နှင့် လူမှု မီဒီယာများအား အသုံးချပြီး ၎င်းတို့၏ သဘောတရားကို ဖြန့်ကျက်ကာ ကမ္ဘာပေါ်ရှိ လူများအား စုဆောင်းလျက်ရှိကြောင်း၊ ယင်း သဘောတရားအား ခေါင်းချင်းဆိုင်ကာ ကိုင်တွယ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း မေက ဖြည့်စွက် ပြောကြားခဲ့သည်။
ရွှေ့ပြောင်း ဒုက္ခသည်များအရေးနှင့် ပတ်သက်၍လည်း မေက နိုင်ငံတကာ ရွှေ့ပြောင်းသွားလာမှု တုံ့ပြန်ရေး ထိန်းချုပ်မှုနှင့် စီမံခန့်ခွဲမှု သေချာစွာ ရှိသင့်ကြောင်း၊ တစ်ချိန်တည်းမှာပင် ရွှေ့ပြောင်းသွားလာခြင်းနှင့် နေရပ်စွန့်ခွာခြင်းများ ဖြစ်စေသည့် အရင်းအမြစ်အား ကိုင်တွယ်ရန် စုံစမ်းသင့်ကြောင်း မေက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ နယူးယောက်တွင် စက်တင်ဘာလ ၂၆ ရက်အထိ ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆွေးနွေးပွဲသို့ ကမ္ဘာ့ ခေါင်းဆောင် ၁၄၀ ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.