International Organizations
ကုလသမဂ္ဂ အကြီးအကဲ စတော့ဟုမ်းနှင့် ဝါရှင်တန် ဒီစီမြို့များသို့ သွားရောက်မည်

ကုလသမဂ္ဂ၊ မတ် ၂၄ ရက် (ဆင်ဟွာ)
လာမည့် ရက်သတ္တပတ်အတွင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့နှင့် အမေရိကန် နိုင်ငံရှိ ဝါရှင်တန် ဒီစီမြို့သို့ သွားရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟတ်က မတ်လ ၂၄ ရက်က သတင်းထောက်များအား ပြောသည်။
ဘန်၏ လက်ဘနွန် ဂျော်ဒန်၊ တူနီးရှားနှင့် ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့များသို့ လက်ရှိခရီးစဉ်အပြီး အဆိုပါ ဒုတိယ ခရီးစဉ်ကို သွားရောက်မည် ဖြစ်ကြောင်း နေ့စဉ်သတင်းစာ ရှင်းလင်းပွဲ၌ ဟတ်က ပြောသည်။
မတ်လ ၃၀ ရက်တွင် စတော့ဟုမ်းမြို့ရှိ Dag Hammarskjold Lecture ၌ မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ရှိနေစဉ်အတွင်း ဘန်သည် ဆွီဒင်ဝန်ကြီးချုပ် စတီဖန် လာဗန် (Stefan Lofven) နှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။
မတ်လ ၃၁ ရက်တွင်မူ ဘန်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်သို့ ထွက်ခွာကာ ဧပြီလ ၁ ရက်၌ ပြုလုပ်မည့် နျူကလီးယား လုံခြုံရေး ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း ဟတ်က ပြောသည်။
ထို့နောက် ဘန်ကီမွန်းသည် ဧပြီလ ၁ ရက်နေ့ညတွင် နယူးယောက်သို့ ပြန်လာမည် ဖြစ်ကြောင်းသိရသည်။ (Xinhua)