Connect with us

International Organizations

အစ္စလမ်မစ် ၃၄ နိုင်ငံမှ တပ်မတော်အကြီးအကဲများ အကြမ်းဖက်မှု အရင်းအမြစ်များ ပူးပေါင်း တိုက်ဖျက်ရန် ကတိပြု

အစ္စလမ်မစ် နိုင်ငံများ တပ်မတော် အကြီးအကဲ ဆွေးနွေးပွဲ အပြီးတွင် အခမ်းအနား တက်ရောက်လာသူများ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးနေစဉ် ( ဓာတ်ပုံ-အင်တာနက်)

ရီယာ့ဒ် ၊ မတ် ၂၇ ရက် ( ဆင်ဟွာ )

အစ္စလမ်မစ်နိုင်ငံ ၃၄ နိုင်ငံမှ တပ်မတော် အကြီးအကဲများသည် အကြမ်းဖက်မှု အရင်းအမြစ်များကို ပူးတွဲ နှိမ်နင်းသွားကြရန် ဆော်ဒီအာရေးဗီးယား နိုင်ငံ ရီယာ့ဒ်မြို ့၌ မတ်လ ၂၇ ရက်က ကတိပြုခဲ့ကြကြောင်း Al Arabiya News သတင်းဌာန က ထုတ်ဖော် ရေးသားလိုက်သည်။

အဆိုပါ ပထမဆုံးအကြိမ် ဆွေးနွေးပွဲသို့ကမ ္ဘာတစ်ဝန်းရှိ အစ္စလမ်မစ် နိုင်ငံပေါင်း ၃၉ နိုင်ငံမှ တပ်မတော် အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ၊ အစ္စလမ်မစ်နိုင်ငံ တပ်မတော်များ မဟာမိတ်အဖွဲ ့အနေဖြင့် အကြမ်းဖက် တိုက်ဖျက်ရေးကို အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် အကြမ်းဖက်ဝါဒနှင့် ပတ်သက်သည့် သဘောတရား ၊ မီဒီယာအခန်းကဏ္ဍ ၊ ငွေကြေးထောက်ပံ့ မှုနှင့် စစ်ဖက်ဆိုင်ရာ ကိစ္စရပ်များကို ရှုထောင့်မျိုးစုံဖြင့် ဆွေးနွေးခဲ့ကြကြောင်း မဟာမိတ် တပ်ပေါင်းစု ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် Ahmed Assiri ကဆိုသည်။
ရီယာ့ဒ် ဆွေးနွေးပွဲတွင် အစ္စလန်မစ် နိုင်ငံပေါင်း ၃၉ နိုင်ငံမှ တပ်မတော် အကြီးအကဲများ တက်ရောက်ခဲ့သော်လည်း နိုင်ငံအားလုံးမှာ မဟာမိတ်အဖွဲ့ဝင် နိုင်ငံများ မဟုတ်ကြကြောင်း ၎င်းက ဆက်ပြောသည်။ ထို့ပြင် အစ္စလမ်မစ် မဟာမိတ် နိုင်ငံများအနေဖြင့် IS အကြမ်းဖက် အုပ်စုကို အမြန်ဆုံး နှိမ်နင်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။
ဆော်ဒီအာရေးဗီးယား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အစ္စလန်မစ် တပ်မတော်အကြီးအကဲများ ဆွေးနွေးပွဲတွင် အကြမ်းဖက်သမားများအား ပူးပေါင်းနှိမ်နင်းမည့် နည်းဗျူဟာများ နှင့် ၎င်းအကြမ်းဖက် သမားများအား ငွေကြေးထောက်ပံ့နေသည့် အရင်းအမြစ်များကို ရှာဖွေ ဖော်ထုတ်သွားရန် ကိစ္စများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ အကြမ်းဖက် နှိမ်နင်းရေး တပ်ပေါင်းစုသည် နိုင်ငံတကာ ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများ အတိုင်း လုပ်ဆောင်သွားမည်ဟုလည်း ကတိပြု ပြောကြားထားသည်။
ယင်းအဖွဲ့ကြီးကို ဆော်ဒီအာရေးဗီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး မင်းသား Mohammed bin Salman က ဦးဆောင်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၊ ရည်ရွယ်ချက်မှာ အကြမ်းဖက် သမားများကို ပူးပေါင်း နှိမ်နင်းရန် ခိုင်မာသည့် မွတ်စလင် အခြေပြု အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာစေရန် အတွက် ဖြစ်ကြောင်း သိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.