International Organizations
ဆင်ဟွာနှင့် အယ်လ်ဂျာဇီးယား မီဒီယာနက်ခ်ဝက်တို့ကြား ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်

ဒိုဟာ၊ မတ် ၂၁ ရက် (ဆင်ဟွာ)
မီဒီယာ လုပ်ငန်းဆိုင်ရာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နှစ်ဦးနှစ်ဘက် သဘောတူညီမှုအား ဆင် ဟွာ သတင်းအေဂျင်စီနှင့် ဥက္ကဋ္ဌ ချက်မင်းကျိုနှင့် အယ်လ်ဂျာဇီးယား မီဒီယာ နက်ခ်ဝက် ညွှန်ကြားရေးမှူးချုပ် Mostafa Souag တို့က ၂၀၁၆ ကမ္ဘာ့ မီဒီယာ ထိပ်သီးအစည်းအဝေး၌ မတ်လ ၂၀ ရက်က လက်မှတ်ရေးထိုး ခဲ့သည်။
အဆိုပါ သဘောတူညီမှုအရ အဖွဲ့အစည်းနှစ်ခုသည် သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဝန် ထမ်း ဖလှယ်ခြင်းနှင့် သင်တန်းပေးခြင်း၊ သတင်း ပေးပို့ကူညီခြင်း စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ကြမည် ဖြစ်သည်။
မီဒီယာ ဖွံ့ဖြိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ကိစ္စများ ဆွေးနွေးရန် ကာတာနိုင်ငံ မြို့တော် ဒိုဟာတွင် ကမ္ဘာတစ် ဝန်းမှ မီဒီယာများ စုဝေးလျက် “The Future of News and News Organizations” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၁၆ ကမ္ဘာ့ မီဒီယာ ထိပ်သီးအစည်းအဝေး (World Media Summit 2016) အား နှစ်ရက်တာ ပြုလုပ် နေခြင်း ဖြစ်သည်။
“ကမ္ဘာလုံးဆိုင်ရာ မီဒီယာတွေမှာ ဘုံ စိန်ခေါ်မှုနဲ့ ဘုံ အခွင့်အရေး နှစ်ခုလုံး ရင်ဆိုင်နေရတယ်၊ ဒီ WMS က မီဒီ ယာ ဖွံ့ဖြိုးမှုနဲ့ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့အတွက် ပေါင်းကူးဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟု ဆင်ဟွာ ဥက္ကဋ္ဌ ချိုက်က ပြောသည်။
အယ်လ်ဂျာဇီးယား မီဒီယာ နက်ခ်ဝက် ညွှန်ကြားရေးမှူးချုပ် Mostafa Souag ကလည်း တရုတ် မီဒီယာခေါင်း ဆောင်များအတွက် အယ်လ်ဂျာဇီးယားက အမြဲ တံခါးဖွင့်ထားကြောင်း၊ ၎င်းတို့ထံမှ လေ့လာသင်ယူနိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ မီဒီယာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် ကူညီရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။၂၀၁၆ ကမ္ဘာ့ မီဒီယာ ထိပ်သီးအစည်းအဝေးအား အယ်ဂျာဇီးယား မီဒီယာ နက်ခ်ဝက်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။ (Xinhua)