International Organizations
ဥက္ကဋ္ဌရာထူး ရွေးကောက်ပွဲ ပြုလုပ်ရန်ရက် ဖီဖာ ဆုံးဖြတ်

ဇူးရစ်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
ဖီဖာ အမှုဆောင် ကော်မတီဝင်များ တနင်္လာနေ့တွင် ကမ္ဘာ့ ဘောလုံးပွဲ စီမံ အုပ်ချုပ်ရေး ရုံးချုပ်၌ တွေ့ဆုံပြီး ဥက္ကဋ္ဌ ရွေးကောက်မည့် ရက်ကို ဆုံးဖြတ်မည်ဟု သိရပါသည်။
လက်ရှိ ဖီဖာ ခေါင်းဆောင် ဆပ်ဘလတ္တာ ( Sepp Blatter) သည် ဒုတိယ ဥက္ကဋ္ဌများ နှင့် တနင်္ဂနွေနေ့ညက တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုဆွေးနွေးပွဲတွင် ဒေသဆိုင်ရာ အဖွဲ့အစည်း ငါးခုမှ အရာရှိကြီးများ တက်ရောက်ခဲ့ပြီး ဥက္ကဌ ရွေးချယ်မည့် ရက်အား ဆွေးနွေးခဲ့ကြ သည်။ဒေသဆိုင်ရာ ခေါင်းဆောင်များသည် ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်များ အနေဖြင့် ဝင်ပြိုင်ရန် မရှိ သေးသော်လည်း အသက် ၆၀ နှစ် အရွယ် ပြင်သစ်လူမျိုး ဖြစ်သူ UEFA ဥက္ကဌ မီချယ်လ် ပလက်တီနီ ( Michel Platini ) က ဝင်ပြိုင်ရန် စဉ်းစား နေပါသည်။
ဖီဖာ ဒုတိယ ဥက္ကဋ္ဌ ဟောင်း ဂျက်ဖရီ ဝက်ဘ် (Jeffery Webb) နယူယောက် တရားရုံး၌ တံစိုး လက်ဆောင် လက်ခံခြင်း မရှိကြောင်း လျှောက်လဲချက် ပေးပြီး နောက်တစ်နေ့တွင် ထိုအစည်း အဝေးအား ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဂျက်ဖရီ ဝက်ဘ်နှင့် အခြားဖီဖာ အရာရှိ ခြောက်ဦးတို့သည် မေလ ၂၇ ရက်နေ့တွင် အဖမ်းခံ ခဲ့ရပြီးနောက် ဘလတ္တာသည် မေလ၂၉ ရက်နေ့တွင် ဖီဖာ ဥက္ကဌ အဖြစ် ငါးကြိမ်မြောက် ပြန်လည် ရွေးကောက်ခံ ခဲ့ရသည်။ (Xinhua)