Connect with us

International Organizations

အသင်း၏ နည်းပြချုပ်အဖြစ် ဝုဗ်သို့ အက်ဒ်ဝါ့ဒ်စ် ပြန်လည်ရောက်ရှိလာ

လန်ဒန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဝုဗ်အသင်းသည် ရော့ဘ် အက်ဒ်ဝါ့ဒ်စ်အား အသင်း၏ နည်းပြချုပ်သစ်အဖြစ် ခန့်အပ်ကြောင်း တရားဝင်အတည်ပြုခဲ့သည်။”ရော့ဘ် အက်ဒ်ဝါ့ဒ်စ်က သုံးနှစ်ခွဲစာချုပ်နဲ့ လက်မှတ်ရေးထိုးလိုက်တဲ့ ဝုဗ်အသင်းရဲ့ နည်းပြချုပ်သစ်ဖြစ်ပါတယ်” ဟု ပရီးမီးယားလိဂ်ကလပ်အသင်းက နိုဝင်ဘာ ၁၂ ရက်တွင် ကြေညာချက်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။အက်ဒ်ဝါ့ဒ်စ်က Vitor Pereira ၏နေရာကို ဆက်ခံကာ အဖွင့်လိဂ်ပွဲစဉ် ၁၁ ပွဲတွင် ၂ မှတ်သာ ရရှိခဲ့သည့် ဝုဗ်အသင်းအား တန်းဆင်းဇုန်မှ လွတ်မြောက်စေရန် လမ်းညွှန်ပေးရမည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။

လူတန်တောင်းအသင်း၏ မန်နေဂျာဟောင်း အက်ဒ်ဝါ့ဒ်စ်က ၎င်းအနေဖြင့် ကစားသမားအဖြစ် ၁၁၁ ပွဲ ကစားခဲ့သော ဝုဗ်အသင်းသို့ အသင်းနှစ်သင်းကြား အချိန်ကြာမြင့်စွာ ဆွေးနွေးမှုများအပြီးတွင် မစ်ဒယ်ဘရော့အသင်းမှ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အက်ဒ်ဝါ့ဒ်စ်၏ နည်းပြဘဝတွင် ၂၀၂၃ ခုနှစ်၌ လူတန်အသင်းအား ပရီးမီးယားလိဂ်သို့ ရောက်ရှိစေခဲ့ခြင်းနှင့် ဝက်ဖို့ဒ်အသင်းအား ခေတ္တကိုင်တွယ်ခဲ့ခြင်းတို့ ပါဝင်သည်။ ၎င်း၏ မကြာသေးမီက စီမံခန့်ခွဲမှုအောက်တွင် မစ်ဒယ်ဘရော့အသင်းမှာ တန်းတက်နိုင်ရန် အလားအလာကောင်းသည့် အသင်းတစ်သင်းအဖြစ် ပေါ်ထွက်လာခဲ့ပြီး လက်ရှိတွင် ချန်ပီယံရှစ်၌ ဒုတိယနေရာတွင် ရပ်တည်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Edwards returns to Wolves as head coach
LONDON, Nov. 12 (Xinhua) — Wolverhampton Wanderers have officially confirmed the appointment of Rob Edwards as the club’s new head coach.
“Rob Edwards is the new Wolves head coach, having signed a three-and-a-half-year deal,” the Premier League club said in a statement on Wednesday.
Edwards succeeds Vitor Pereira and faces the immediate challenge of steering Wolves away from relegation, with the Midlands side having collected just two points from its opening 11 league matches.
The former Luton Town manager joins Wolves, where he made 111 appearances as a player, from Middlesbrough after lengthy negotiations between the two clubs.
Edwards’ coaching resume includes leading Luton to the Premier League in 2023 and a brief stint at Watford. Under his recent stewardship, Middlesbrough has emerged as a strong contender for promotion, currently sitting second in the Championship. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.