Connect with us

International Organizations

ဂါဇာအရေး မူကြမ်းအား လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်မည်၊ အချက်အချာ အရေးကိစ္စများတွင် အမေရိကန်-အစ္စရေး သဘောထားကွဲလွဲ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့်က ခရီးစဉ် ရောက်ရှိလာသော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ကြိုဆိုနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းနိုင်ငံတည်ထောင်မှုကို အစ္စရေးက ဆန့်ကျင်ကြောင်း၊ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ၏ လက်နက်အင်အားကို ဖယ်ရှားရမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက နိုဝင်ဘာ ၁၆ ရက်တွင် ထပ်မံပြောကြားခဲ့သည်။ဂါဇာအရေး ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို လုံခြုံရေးကောင်စီက နိုဝင်ဘာ ၁၇ ရက်တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်ရာ အဆိုပါအချက်နှစ်ချက်အပေါ် အမေရိကန်နှင့် အစ္စရေးတို့သည် သဘောထားကွဲလွဲမှုများ သိသာထင်ရှားခဲ့ကြောင်း အစ္စရေးမီဒီယာများ၏ သတင်းအရ သိရသည်။

ဂါဇာစီးတီးနေရာတစ်ခုတွင် အစ္စရေးစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုပြီးနောက် အပျက်အစီးများကြားက ပါလက်စတိုင်းကလေးငယ်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးဝန်ကြီးချုပ်ရုံး၏ နိုဝင်ဘာ ၁၆ ရက် ထုတ်ပြန်သော ကြေညာချက်အရ အစ္စရေးအနေဖြင့် “ဂျော်ဒန်မြစ် အနောက်ဘက် မည်သည့်မြေနေရာ၌မဆို” ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ယင်းရပ်တည်ချက်သည် အစဉ်အမြဲ ပြောင်းလဲမှု မရှိကြောင်း၊ မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ဂါဇာကမ်းမြောင်ဒေသသည် စစ်ရေးအသွင်ဖယ်ရှားမှုကို မဖြစ်မနေ ဖော်ဆောင်ရမည်ဖြစ်ပြီး ဟားမက်စ်က လက်နက်ကိုင်မှုကို မဖြစ်မနေ ဖယ်ရှားရမည် ဖြစ်ကြောင်း နေတန်ယာဟုက ယင်းနေ့ အစိုးရအဖွဲ့ အစည်းအဝေးတွင် သဘောထားဖော်ပြခဲ့ကြောင်း သိရသည်။

မဲခွဲဆုံးဖြတ်ရေး တင်သွင်းရန် ပြင်ဆင်ထားသည့် ယင်းဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်နှင့် အစ္စလာမ်မစ်နိုင်ငံ အများအပြားက ထောက်ခံထားရာ အမေရိကန်အဆိုပြုသည့် ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး၏ “အချက် ၂၀ ပါ အစီအစဉ်” ဒုတိယအဆင့်ကို အဓိကထားခြင်း ဖြစ်ပြီး ဂါဇာတွင် အသွင်ကူးပြောင်းရေးအဖွဲ့အစည်း၊ နိုင်ငံတကာကြီးကြပ်ရေးအဖွဲ့အစည်းနှင့် “နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့” ထားရှိခွင့် လုံခြုံရေးကောင်စီက ခွင့်ပြုပေးရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း The Times of Israel၊ PBS စသည့် အစ္စရေးမီဒီယာများ၏ သတင်းအရ သိရသည်။

ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့က ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပါက ပါလက်စတိုင်းနိုင်ငံ တည်ထောင်မှု အကောင်အထည်ဖော်ဆောင်ရေးသည် ဖြစ်နိုင်ခြေရှိကြောင်း ဆုံးဖြတ်ချက်မူကြမ်းတွင် ဖော်ပြထားသည်။ ယင်းအချက်မှာ အစ္စရေး လက်ယာစွန်းနိုင်ငံရေးသမား၏ ပြောင်ပြောင်တင်းတင်း ကန့်ကွက်မှု ဖြစ်ပွားစေပြီး ထို့အတွက် နေတန်ယာဟုကို ဖိအားပေးခဲ့ကြသည်။

အမေရိကန်စသည့် နိုင်ငံများကို အစ္စရေးက စည်းရုံးရေးဆင်းကာ မူကြမ်းပါ သက်ဆိုင်ရာအကြောင်းအရာများကို ပြင်ဆင်ရန် သို့မဟုတ် ယင်းမူကြမ်းကို “ပေါ့လျော့အောင် ဖြေလျှော့ရန်” ကြိုးပမ်းလျက်ရှိကြောင်း အစ္စရေးမီဒီယာများက ဖော်ပြထားသည်။

ဂါဇာကမ်းမြောင်ဒေသအား စစ်ရေးမဟုတ်သောအသွင်ပြောင်းရေးကို ဖော်ဆောင်ရာတွင် အခြားနိုင်ငံများကို “နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့” တွင် ပါဝင်ရန် စည်းရုံးမှု အခက်အခဲရှိခြင်းကြောင့် အမေရိကန်အိမ်ဖြူတော်က ဟားမက်စ် လက်နက်ကိုင်မှု ဖျက်သိမ်းရေးကို လက်လျှော့ပြီး ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးဆီသို့ ဦးလှည့်တွန်းအားပေးရန် စဉ်းစားလျက်ရှိကြောင်း အစ္စရေး ချန်နယ် ၁၃ ရုပ်မြင်သံကြားဌာနက အစ္စရေးသတင်းအရင်းအမြစ်ကို ကိုးကား၍ နိုဝင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

ဒုတိယအဆင့် ဆွေးနွေးမှုသို့ ဝင်ရောက်နိုင်မည်လောဆိုသည်မှာ အပြောင်းအလဲများရှိနေဆဲ

နိုဝင်ဘာလ ၁၀ ရက်တွင် အမေရိကန်သမ္မတ ထရမ့်၏ သားမက်ဖြစ်သူ Jared Corey Kushner က နေတန်ယာဟုနှင့် ဂါဇာအပစ်ရပ်ရေး ဒုတိယအဆင့်၏ သက်ဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ရုရှားနိုင်ငံ ကရင်မလင်နန်းတော်၏ နိုဝင်ဘာ ၁၅ ရက် သတင်းများအရ ရုရှားသမ္မတ ပူတင်နှင့် နေတန်ယာဟု ဖုန်းဖြင့် ဆက်သွယ်၍ နှစ်ဖက်က ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေးသဘောတူညီချက် ဖော်ဆောင်မှု၊ ထိန်းသိမ်းခံထားရသူများ လဲလှယ်မှု၏ တိုးတက်မှုအခြေအနေ စသည့် အရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၀ ရက်က ဂါဇာအပစ်ရပ်ရေး ပထမအဆင့် သဘောတူညီချက် စတင်အသက်ဝင်သည့်အချိန်မှစ၍ အစ္စရေးက အပစ်ရပ်ရေးသဘောတူညီချက်ကို ဟားမက်စ် ချိုးဖောက်သည်ဟု အကြောင်းပြကာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် အလွန်အမင်း အရေးကြီးသည့် ရာဖာနယ်စပ်ဂိတ်ကို ဖွင့်လှစ်ပေးရန် အချိန်အကန့်အသတ်မဲ့ ရွှေ့ဆိုင်းခဲ့သည်။ ဟားမက်စ်ဘက်ကမူ အစ္စရေး၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ လက်ရှိတွင် အစ္စရေးနှင့် ဟားမက်စ်အကြား အပစ်ရပ်ရေး ဒုတိယအဆင့်ဆွေးနွေးပွဲကို ဝင်ရောက်နိုင်ခြင်း ရှိ၊မရှိနှင့် မည်သည့်အချိန်တွင် ဆောင်ရွက်နိုင်မည်မှာ အပြောင်းအလဲများရှိဆဲဖြစ်သည်။

ဂါဇာအပစ်ရပ်ရေး ပထမအဆင့်တွင် အဓိကသက်ဆိုင်သည့် လူသားချင်းစာနာထောက်ထားမှု၊ ယာယီအစီအစဉ်များနှင့်နှိုင်းယှဉ်ပါက ဒုတိယအဆင့်သည် နိုင်ငံရေးနှင့် ရေရှည်လုံခြုံရေးကိစ္စရပ် အများအပြား ပိုမိုပါဝင်လာမည် ဖြစ်သည်။

ဒုတိယအဆင့် အပစ်ရပ်ရေးဆွေးနွေးပွဲတွင် ဟားမက်စ်လက်နက်ကိုင် ဖျက်သိမ်းရေး၊ ဂါဇာတွင် “နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့” ဖြန့်ကြက်ရေးနှင့် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးစစ်တပ် နောက်ထပ်တစ်ဆင့် ရုပ်သိမ်းရေး စသည့် အကြောင်းအရာများ ပါဝင်လာမည်ဖြစ်ရာ ဆွေးနွေးမှုအကြောင်းအရာကဏ္ဍတိုင်းက နိုင်ငံအများအပြားနှင့် “စိန်ခေါ်မှုရှိသော ဆွေးနွေးပွဲ” လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် ဂါဇာကမ်းမြောင်ဒေသတွင် ကျန်ရစ်နေသည့် ဟားမက်စ်အဖွဲ့ဝင်များသည်လည်း ပို၍ ကိုင်တွယ်ရခက်သည့် သံတမန်ရေးအခက်အခဲပုစ္ဆာဖြစ်ကြောင်း CNN သုံးသပ်မှုများအရ သိရသည်။ မျက်မှောက်အချိန်အခါတွင် ဟားမက်စ်နှင့် အစ္စရေး နှစ်ဖက်စလုံးက အလျှော့မပေးလိုသောကြောင့် သံတမန်ရေး ကြားဝင်ညှိနှိုင်းမှုလှုပ်ရှားရေးသည် အပစ်ရပ်ရေး ပထမအဆင့်နှင့် ဒုတိယအဆင့်ကြားက မတင်မကျအနေအထား ဖြစ်နေကြောင်း သိရသည်။ (Xinhua)
————————————–
(Chinese Version)
安理会将表决加沙问题草案 美以在关键问题上有分歧
新华社北京11月17日电 以色列总理内塔尼亚胡16日重申,以方反对巴勒斯坦建国,必须解除巴勒斯坦伊斯兰抵抗运动(哈马斯)的武装。据以色列媒体报道,联合国安理会将于17日就一份加沙问题决议草案进行表决,美国和以色列围绕上述两点分歧明显。
根据以色列总理府16日发表的声明,内塔尼亚胡当天在内阁会议上表态称,以方反对“在约旦河以西任何土地上”建立巴勒斯坦国,这一立场始终未变。无论采取何种方式,加沙地带必须实现非军事化,哈马斯必须解除武装。
据《以色列时报》、公共广播公司等以媒报道,准备提交表决的这份决议草案由美国和多个伊斯兰国家支持,围绕美方所提有关加沙地带停火与重建的“20点计划”第二阶段,寻求安理会授权在加沙设立过渡机构、国际监督机构和“国际稳定部队”。
决议草案提到,若巴勒斯坦民族权力机构进行改革,存在实现巴勒斯坦建国的可能。这一点引发以色列极右翼政客公开反对,并就此向内塔尼亚胡施压。以媒报道,以方正抓紧游说美国等国,寻求修改草案有关条款或对其“注水”。
以色列13频道电视台15日援引以方消息人士报道,由于在说服其他国家参与“国际稳定部队”对加沙地带实施非军事化上存在困难,美国白宫正考虑放弃解除哈马斯武装的要求,转向推动加沙重建。
能否进入第二阶段谈判尚存变数
本月10日,美国总统特朗普女婿库什纳在以色列与内塔尼亚胡讨论了加沙停火第二阶段的相关议题。另据俄罗斯克里姆林宫15日消息,俄总统普京与内塔尼亚胡通话,双方讨论了在加沙地带执行停火协议、交换被扣押人员方面的进展等问题。
加沙停火第一阶段协议10月10日生效以来,以色列多次以哈马斯违反停火协议为由发动袭击,并无限期推迟开放对加沙地带人道主义援助至关重要的拉法口岸,哈马斯则否认以方指控。目前,以色列和哈马斯能否以及何时进入停火第二阶段谈判尚存变数。
相较于加沙停火第一阶段主要涉及人道主义和临时性安排,第二阶段将更多涉及政治和长期安全问题。据美国有线电视新闻网分析,第二阶段停火谈判将涉及解除哈马斯武装、在加沙部署“国际稳定部队”和以军进一步撤离加沙地带等内容,每项议题都需要与多国展开“具有挑战性的谈判”,而且留在加沙地带的哈马斯成员也是一个愈发棘手的外交难题。眼下,由于哈马斯与以色列均不愿让步,外交斡旋行动处于停火第一阶段与第二阶段之间的尴尬节点。(记者:路一凡、王卓伦、王逸君)
1. 9月29日,在美国首都华盛顿白宫,美国总统特朗普(左)迎接到访的以色列总理内塔尼亚胡。新华社记者胡友松摄
2. 这是10月29日在加沙城一处遭以色列军队空袭后的废墟旁拍摄的巴勒斯坦儿童。新华社发(里泽克·阿卜杜勒贾瓦德摄)