Connect with us

International Organizations

တရုတ်အမျိုးသမီး တရားသူကြီးက ကုလသမဂ္ဂ အယူခံခုံရုံး တရားသူကြီးအဖြစ် ရွေးချယ်ခံရ

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ် အပြင်ဘက်မြင်ကွင်းအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဖုချုံးက နိုဝင်ဘာ ၁၇ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ တရုတ်နိုင်ငံမှ အမျိုးသမီးတရားသူကြီး ကျန်းလျင်လျင်ကို ကုလသမဂ္ဂ အယူခံခုံရုံး တရားသူကြီးအဖြစ် ရွေးချယ်ခံရခြင်းအပေါ် ဂုဏ်ပြုခဲ့သည်။ဖုချုံးက ကျန်းလျင်လျင် အောင်မြင်စွာရွေးချယ်ခံရရန်အတွက် ဘက်အသီးသီးမှ ထောက်ခံအားပေးမှုကို လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း၊ တစ်ချိန်တည်းတွင် အခြားအသစ်ရွေးချယ်ခံရသော ကုလသမဂ္ဂ အယူခံခုံရုံးနှင့် အငြင်းပွားမှုခုံရုံး တရားသူကြီးများကိုလည်း ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံသည် နိုဝင်ဘာ ၁၇ ရက်တွင် ကုလသမဂ္ဂ အယူခံခုံရုံးနှင့် အငြင်းပွားမှုခုံရုံး တရားသူကြီး ရွေးချယ်တင်မြောက်ပွဲ ကျင်းပခဲ့သည်။ ကုလသမဂ္ဂ အတွင်းပိုင်း တရားစီရင်မှုကောင်စီ၏ မိတ်ဆက်မှုဖြင့် ကျန်းလျင်လျင်သည် ကုလသမဂ္ဂ အယူခံခုံရုံး တရားသူကြီး ကိုယ်စားလှယ်လောင်း ၈ ဦးအနက် တစ်ဦးတည်းသော အာရှ-ပစိဖိတ်ဒေသမှ ကိုယ်စားလှယ်လောင်း ဖြစ်လာခဲ့သည်။ ကျန်းလျင်လျင်သည် ရွေးကောက်တင်မြှောက်မှုတွင် မဲရလဒ်အများအပြားဖြင့် ရွေးချယ်ခံရပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်မှ စတင်ကာ ၇ နှစ်ကြာ တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။
ကုလသမဂ္ဂက ထုတ်ပြန်သည့် အချက်အလက်များအရ ကျန်းလျင်လျင်သည် ၁၉၈၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး တရုတ်နိုင်ငံ ရန်မင်တက္ကသိုလ် (Renmin University) ဥပဒေအထူးပြုဘာသာရပ် ပါရဂူဘွဲ့ရရှိထားကာ လက်ရှိ တရုတ်နိုင်ငံ ပြည်သူ့တရားရုံးချုပ်၏ အကြီးတန်းတရားသူကြီးအဖြစ် ထမ်းဆောင်လျက်ရှိသည်။
ကုလသမဂ္ဂ အယူခံခုံရုံးသည် ကုလသမဂ္ဂ အထွေထွေညီလာခံ အမှတ် ၆၂/၂၂၈ ဆုံးဖြတ်ချက်အရ ၂၀၀၉ ခုနှစ်တွင် ထူထောင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း တရားသူကြီး ၇ ဦးရှိသည်။ တရားသူကြီးများသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ လုပ်ငန်းလုပ်ကိုင်ရကာ ကုလသမဂ္ဂ အတွင်းပိုင်း တရားစီရင်ရေးစနစ်၏ အရေးကြီးအဖွဲ့အစည်း ဖြစ်သောကြောင့် ကုလသမဂ္ဂဝန်ထမ်းများ၏ တရားဝင် လုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားအား ကာကွယ်ထိန်းသိမ်းရန်၊ ကုလသမဂ္ဂစနစ်က တရားဥပဒေစိုးမိုးမှုအခြေခံပေါ်တွင် ထိရောက်စွာလည်ပတ်မှုအား မြှင့်တင်ရန်အတွက် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ (Xinhua)

#China #Judge #UNAppealsTribunal #တရုတ် #တရားသူကြီး #ကုလသမဂ္ဂအယူခံခုံရုံး
——————————
中国女法官当选联合国上诉法庭法官
新华社联合国11月18日电(记者潘云召)中国常驻联合国代表傅聪17日在社交媒体发文,祝贺来自中国的女法官张玲玲当选联合国上诉法庭法官。
傅聪说,衷心感谢各方支持张玲玲成功当选,同时祝贺其他新当选的联合国上诉法庭和争议法庭法官。
联合国大会17日举行联合国上诉法庭和争议法庭法官选举。经联合国内部司法理事会推荐,张玲玲成为8名联合国上诉法庭法官候选人中唯一一名来自亚太地区的候选人。张玲玲在选举中高票当选,将于2026年7月1日开始为期7年的任期。
联合国公布的资料显示,张玲玲出生于1981年,获中国人民大学法学博士学位,现任中国最高人民法院高级审判员。
联合国上诉法庭根据联大第62/228号决议于2009年设立,共有7名法官,均在纽约联合国总部办公,是联合国内部司法系统的重要机构,为维护联合国工作人员合法权益、促进联合国系统在法治基础上有效运转发挥重要作用。(完)
图说:这是位于纽约的联合国总部外景(9月18日摄)。新华社记者 李睿 摄