International Organizations
ချန်ပီယံလိဂ်တွင် အက်သလက်တီကို မက်ဒရစ်က Union Saint-Gilloise ကို အနိုင်ရရှိ
မက်ဒရစ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၄ ရက် ညပိုင်းက အက်သလက်တီကို မက်ဒရစ်နှင့် ဘယ်လ်ဂျီယမ်ကလပ် Union Saint-Gilloise (ယူနီယံ စိန့်-ဂေးလွိုက်စ်) တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ အက်သလက်တီကိုက အိမ်ကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ပွဲချိန် ၃၉ မိနစ်တွင် အက်သလက်တီကိုအသင်းမှ အာဂျင်တီးနား တိုက်စစ်ကစားသမား ဂူလီယာနို ဆီမြွန်နီက လုပ်အားနှုန်းကောင်းကောင်းဖြင့် ညာတောင်ပံတစ်ကြောတွင် နေရာလွတ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၎င်း၏ နိုင်ငံတူအသင်းဖော် ဟူလီယန် အယ်လ်ဗာရက်ဇ်ထံ ထိုးပေးခဲ့ရာ အယ်လ်ဗာရက်ဇ်က အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သည်။

ပထမပိုင်းနာကျင်အချိန်ပိုတွင် နာဟူရယ် မိုလီနာ၏ကန်ချက် ဂိုးဘားတန်းထိ၍ ပြန်ထွက်လာစဉ် အန်တိုနီ ဂရီးဇ်မန်းက ထပ်ဆင့်ပိတ်သွင်းနိုင်ခဲ့သော်လည်း ဂိုးအဖြစ်မှ ပယ်ဖျက်ခံခဲ့ရသည်။ သို့သော် ပွဲချိန် ၇၈ မိနစ်တွင် အလက်ဇန်းဒါး ဆော်လော့သ်၏ ပြေးအားကောင်းကောင်းဖြင့် ထိုးဖောက်ကစားရာမှတစ်ဆင့် ကော်နာ ဂယ်လက်ဂါက အက်သလက်တီကိုအတွက် ဒုတိယဂိုးသွင်းယူနိုင်ခဲ့သည်။
ထို့နောက် အက်သလက်တီကိုက ပွဲကိုသက်သောင့်သက်သာ ဦးဆောင်ကစားနိုင်ခဲ့သော်လည်း ယူနီယံ အက်စ်ဂျီ ကစားသမားများက လုံးဝစိတ်ဓာတ်ကျမသွားဘဲ ရော့စ် ဆေကက်စ်က အပြင်းခေါင်းတိုက်ချက်ဖြင့် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့သည်။

ပွဲမှာ ရုတ်တရက် ပိုမိုအကြိတ်အနယ်ရှိလာခဲ့ပြီး နှစ်သင်းစလုံးအနေဖြင့် တန်ပြန်တိုက်စစ်ဆင်ရန် နေရာလွတ်များ ပိုမိုရရှိလာခဲ့သည်။ ယူနီယံ အက်စ်ဂျီဂိုးသမား ကယဲလ် ရှာပန်က အယ်လ်ဗာရက်ဇ်၏ ဒုတိယသွင်းဂိုးကို အကောင်းဆုံးကာကွယ်နိုင်ခဲ့သလို ယူနီယံ အက်စ်ဂျီမှ လူးဝစ်စ် ပက်ထရစ်စ်၏ ခေါင်းတိုက်ချက်မှာလည်း ချေပဂိုးရလုနီးနီး ဖြစ်ခဲ့သည်။

ယူနီယံ အက်စ်ဂျီဂိုးသမားက ဆော်လော့သ်၏ ကန်ချက်ကို ကာကွယ်နိုင်ခဲ့သော်လည်း နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွင် ပြန်လျှံထွက်လာသည့် ဘောလုံးအား မားကို့စ် လော်ရန်တေး၏ ပိတ်သွင်းမှုကို မကာကွယ်နိုင်ခဲ့သဖြင့် အက်သလက်တီကို တတိယဂိုး ရရှိခဲ့သည်။ယခုအနိုင်ရလဒ်ကြောင့် အက်သလက်တီကိုမှာ အုပ်စုပွဲစဉ် လေးပွဲအပြီးတွင် ခြောက်မှတ်ရရှိထားကာ ယူနီယံ အက်စ်ဂျီမှာမူ သုံးမှတ်သာရရှိထားသည်။ (Xinhua)
……………………………………………………….
(English Version)
Atletico Madrid beats Union Saint-Gilloise in Champions League
MADRID, Nov. 4 (Xinhua) — Atletico Madrid was made to suffer before claiming a 3-1 win at home over Belgian side Union Saint-Gilloise in the Champions League on Tuesday night.
Julian Alvarez opened the scoring for Atletico in the 39th minute after excellent work from Giuliano Simeone, who opened up space down the right for Atletico, before feeding the ball to his Argentine teammate.
Antoine Griezmann saw a goal ruled out in first-half injury time as he followed in to slide home after Nahuel Molina had hit the crossbar, but Conor Gallagher doubled Atletico’s lead in the 78th minute following a powerful run from Alexander Sorloth.
Although Atletico had a comfortable lead, Union SG players never let their heads drop and Ross Sykes got them back into the game with a powerful header.
The game was suddenly more open with both sides finding space on the break. Union SG goalkeeper Kjell Scherpen made a fine save to deny Alvarez his second goal, while at the other end Louis Patris could have levelled with a header.
Marcos Llorente added Atletico’s third with a simple finish in the last minute of injury time after Scherpen had denied Sorloth, but could do nothing to block the rebound.
The win leaves Atletico with six points from its four group matches to date, while Union SG remains on three.
English Caption 1
Marcos Llorente (R) of Atletico de Madrid celebrates a goal during the UEFA Champions League football match between Atletico de Madrid and Union Saint-Gilloise in Madrid, Spain, on Nov. 4, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Jose Maria Gimenez (L) and Koke (R) of Atletico de Madrid vie with Kevin Rodriguez of Union Saint-Gilloise during the UEFA Champions League football match between Atletico de Madrid and Union Saint-Gilloise in Madrid, Spain, on Nov. 4, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 3
Line-up players of Atletico de Madrid pose for photo before the UEFA Champions League football match between Atletico de Madrid and Union Saint-Gilloise in Madrid, Spain, on Nov. 4, 2025. (Photo by Gustavo Valiente/Xinhua)
