International Organizations
“ကျွန်မကို မျက်စိအလင်း ပြန်ရအောင် လုပ်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဖီဂျီနိုင်ငံသို့ “အလင်းရောင်ခရီးစဥ်” လှုပ်ရှားမှု သွားရောက်ခြင်း
ဆူဗာ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ဖီဂျီနိုင်ငံ ကိုလိုနီစစ်ပွဲအထိမ်းအမှတ်ဆေးရုံ၏ ခွဲစိတ်ခန်းအပြင်၌ အသက် ၆၉ နှစ်အရွယ် ဗဲရိုမူလ်က လက်အစုံကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး အလင်းပြန်မြင်မည့်အခိုက်အတန့်ကို စောင့်ဆိုင်းလျက်ရှိသည်။ သိပ်မကြာမီတွင် ကျန်းမာရေးဝန်ထမ်းများ၏ တွဲထူမှုဖြင့် ၎င်းက ခွဲစိတ်ခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ဗဲရိုမူလ်ကို ခွဲစိတ်ကုသပေးသည်မှာ တရုတ်နိုင်ငံမှ “အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှု ဆေးကုသရေးအဖွဲ့ဖြစ်သည်။ အဆိုပါအဖွဲ့ကို တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဆွန်ယက်ဆင်တက္ကသိုလ် ကျုံးဆန်းမျက်စိကုသရေးစင်တာမှ ပါမောက္ခ ချန်ဝေရုန်က ဦးဆောင်ထားပြီး အဖွဲ့ဝင် ၈ ဦးဖြင့် ဖွဲ့စည်းထားသည်။

ဖီဂျီနိုင်ငံ မြို့တော်ဆူဗာရှိ ကိုလိုနီစစ်ပွဲအထိမ်းအမှတ်ဆေးရုံ၌ ပါမောက္ခ ချန်ဝေရုန်က အတွင်းတိမ်လူနာ ဗဲရိုမူလ်အား ခွဲစိတ်ကုသပေးနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အဆိုပါ ၁၀ မိနစ်ပင် မကြာသည့် ခွဲစိတ်ကုသမှုကို သတင်းထောက်က လိုအပ်သောအကာအကွယ်များ လုပ်ဆောင်မှုနှင့်အတူ ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့သည်။ ခွဲစိတ်ပြီးနောက် ချန်ဝေရုန်က ဗဲရိုမူလ်ကို “ပြီးသွားပြီ” ဟု ညင်သာစွာပြောကြားလိုက်သည်။ ထိုအချိန်တွင် ဗဲရိုမူလ်က ဖြည်းဖြည်းချင်း မျက်လုံးများ ဖွင့်လိုက်သည်။
“ဒါက ဘယ်လောက်လဲ” ဟု ချန်ဝေရုန်က လက်ငါးချောင်းထောင်ပြရင်း မေးလိုက်သည်။
“၅” ဟု ဗဲရိုမူလ်ကလည်း ပြတ်ပြတ်သားသား လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ဒါကရော” ဟု ချန်ဝေရုန်က လက်ကို ခေါင်းပေါ်မြင့်မြင့်မြှောက်ရင်း ထပ်မေးလိုက်သည်။
“၂” ဟု အဖွားအိုက ထပ်မံတိကျစွာ ဖြေနိုင်ခဲ့သည်။
ခွဲစိတ်ခန်းအတွင်း၌ လက်ခုပ်ဩဘာသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။
ဗဲရိုမူလ်က ၎င်း၏အမြင်အာရုံသည် ယခုနှစ် ဇန်နဝါရီလမှစ၍ အဆက်မပြတ် မှုန်ဝါးလာခဲ့ပြီး ဇူလိုင်လတွင် မျက်စိနှစ်ကွင်းသည် ကွယ်လုနီးပါးဖြစ်သွားကာ ကိုယ်တိုင်လမ်းလျှောက်ရန်ပင် ခက်ခဲသည့် အချိန်ကာလများ ရှိခဲ့သည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ သို့သော်လည်း မျှော်လင့်ချက်သည် ၎င်းနှင့် မကင်းကွာသွားပေ။ တရုတ်နိုင်ငံမှ “အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှု ဆေးကုသရေးအဖွဲ့တစ်ဖွဲ့သည် မကြာမီ ဖီဂျီနိုင်ငံသို့ ရောက်လာတော့မည်ဟု ဒေသတွင်းဆရာဝန်က ၎င်းကို ပြောကြားခဲ့သည်။

ဖီဂျီနိုင်ငံ မြို့တော်ဆူဗာရှိ ကိုလိုနီစစ်ပွဲအထိမ်းအမှတ်ဆေးရုံ၌ အတွင်းတိမ်လူနာ ဗဲရိုမူလ်က ခွဲစိတ်ကုသပြီးနောက် အမြင်အာရုံ စမ်းသပ်နေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
“အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှု ဆေးကုသရေးအဖွဲ့သည် နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် ဖီဂျီနိုင်ငံ မြို့တော်ဆူဗာသို့ ရောက်ရှိလာခဲ့သည်။ နောက်တစ်နေ့တွင် အဆိုပါမြို့၏ ဖီဂျီကိုလိုနီစစ်ပွဲ အထိမ်းအမှတ်ဆေးရုံတွင် လူနာစစ်ဆေးမှု စသည့် လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ ခွဲစိတ်ကုသမှု လုပ်ဆောင်ခဲ့သည်။
အဆိုပါ မျက်စိအလင်း သယ်ဆောင်လာပေးသည့် ဆရာဝန်ကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရချိန်တွင် ဗဲရိုမူလ်က စိတ်လှုပ်ရှားစွာ လက်များဝှေ့ယမ်းလျက် ချန်ဝေရုန်နှင့် တင်းတင်းကျပ်ကျပ် ဖက်ထားခဲ့သည်။ “ကျွန်မအရမ်းကံကောင်းတာပဲ တရုတ်ဆရာဝန်တွေနဲ့တွေ့ရလို့။ ကျွန်မကို အလင်းပြန်မြင်ရအောင် လုပ်ပေးလို့ ဆရာတို့ကို အရမ်းကျေးဇူးတင်ပါတယ်” ဟု အဖွားအိုက မျက်ရည်စက်လက်ဖြင့် ကျေးဇူးတင်စကားများကို တဖွဖွပြောနေခဲ့သည်။
တိုတောင်းလှသည့် ၃ ရက်တာကာလအတွင်း အဆိုပါအဖွဲ့သည် ဖီဂျီနိုင်ငံမှ အတွင်းတိမ်လူနာပေါင်း ၁၀၈ ဦးအတွက် ခွဲစိတ်ကုသပေးခဲ့ပြီးဖြစ်သည်။ အဆိုပါဆေးရုံ၏လျှောက်လမ်းတွင် အထက်ပါအတိုင်း ရင်ဘဝင်လှုပ်ခတ်ဖွယ် မြင်ကွင်းများ အဆက်မပြတ် ပေါ်ထွက်နေခဲ့သည်။
ကိုလိုနီစစ်ပွဲအထိမ်းအမှတ်ဆေးရုံ မျက်စိအထူးကုဌာန ဌာနမှူး အဲလ်လီနိုယာ လက်ခါဘာခါဘာက ၎င်းအနေဖြင့် သတိထားမိသည်မှာ တရုတ်ဆရာဝန်များသည် အကန့်အသတ်ရှိသည့်အချိန်အတွင်း ခွဲစိတ်ကုသမှုကို အတတ်နိုင်ဆုံး အများဆုံးလုပ်နိုင်ရန် အဆိုပါရက်အတွင်း နေ့လယ်အနားယူချိန်ပင် မရှိကြောင်း၊ ၎င်းတို့၏ “ထူးချွန်တဲ့ ဆေးကုသမှုပညာနဲ့ အလုပ်ကိုလေးစားတဲ့စိတ်ဓာတ်က ကျွန်မကို အလှိုက်တလှဲဖြစ်စေခဲ့ပါတယ်” ဟု သတင်းထောက်ကို ပြောကြားခဲ့သည်။
ယင်းသည် ၂၀၁၅ ခုနှစ်ကတည်းက တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် “အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှုအဖွဲ့က ဖီဂျီနိုင်ငံသို့ ၆ ကြိမ်မြောက် သွားရောက်၍ ဆေးကုသရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သလို ချန်ဝေရုန်က အဆိုပါနေရာသို့ ၅ ကြိမ်မြောက် ရောက်ရှိလာခြင်းလည်းဖြစ်ပေသည်။
“လူနာတွေ မျက်စိအလင်းပြန်ရချိန် အပြုံးတွေကို တွေ့မြင်ရတိုင်း ကျွန်မတို့ပေးဆပ်ရတာတွေက ထိုက်တန်တယ်လို့ ခံစားရတယ်” ဟု ၎င်းက သတင်းထောက်အား ပြောကြားခဲ့သည်။
ငါးပေးခြင်းထက် ငါးဖမ်းနည်းသင်ပေးသင့်သည် ဆိုသည့်အတိုင်း နည်းပညာမျှဝေပေးခြင်းသည် ရေတိုကူညီမှုထက် အကျိုးရှိပေသည်။ ဖီဂျီနိုင်ငံမှ မျက်စိအထူးကုဆရာဝန်များစွာ တရုတ်နိုင်ငံသို့ သွားရောက်ပြီး ခွဲစိတ်ကုသမှုဆိုင်ရာ လေ့ကျင့်ရေးလုပ်ဆောင်ရန် “အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှုအဖွဲ့သည် ဖီဂျီနိုင်ငံဘက်နှင့် ရေရှည်ဆေးကုသရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုယန္တရား ထူထောင်ရန် ဆွေးနွေးလျက်ရှိပေသည်။
ဖီဂျီနိုင်ငံ ကျန်းမာရေးဝန်ကြီး Dr Ratu Atonio Rabici Lalabalavu က တရုတ်နိုင်ငံအစိုးရနှင့် ဆေးကုသရေးအဖွဲ့အား ကျေးဇူးတင်ရှိကြောင်း၊ “ဒါက ဒီလိုမျိုးကုသမှုကို အရေးတကြီးလိုအပ်နေတဲ့ လူနာတွေနဲ့ ဖီဂျီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအတွက် အလွန်ကြီးမားတဲ့ ကူညီမှုပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ Dr Ratu Atonio Rabici Lalabalavu အနေဖြင့် နှစ်နိုင်ငံ ဆေးကုသရေးနှင့် ကျန်းမာရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ကာ ဖီဂျီနိုင်ငံ၏ အထူးကုပညာရပ်ဆိုင်ရာ ဆေးကုသမှုအဆင့်အတန်း မြှင့်တင်မှုတွင် ကူညီပေးရန် မျှော်လင့်လျက်ရှိပေသည်။ (Xinhua)
——————————————
(Chinese Version)
通讯丨“感谢你们让我重见明媚阳光!”——“光明行”走进斐济
新华社苏瓦11月7日电 通讯丨“感谢你们让我重见明媚阳光!”——“光明行”走进斐济 新华社记者郭鑫惠
7日上午,斐济殖民战争纪念医院手术室外,69岁的瓦罗穆埃紧握双手,等待着重见光明的一刻。不久后,她由医护人员搀扶着走进手术室。
为瓦罗穆埃做手术的,是来自中国的“光明行”医疗团队。该团队由广东省中山大学中山眼科中心陈伟蓉教授带领,由8人组成。
在做好必要防护的情况下,记者获准观摩了这场不到十分钟的手术。手术结束后,陈伟蓉轻声告诉瓦罗穆埃:“结束了。”这时候,瓦罗穆埃缓缓睁开双眼。
“这是几?”陈伟蓉伸出五指问道。
“五!”瓦罗穆埃干脆地回答。
“这个呢?”陈伟蓉将手高高举过头顶。
“二!”老人再次准确回答。
手术室里顿时响起热烈的掌声。
瓦罗穆埃告诉记者,她的视力今年1月开始不断下降,7月时已几近双目失明,有段时间连独立行走都成了“奢望”。然而,希望并未离她远去。当地医生告诉她,一支来自中国的“光明行”医疗团队即将抵达斐济。
“光明行”医疗团队3日下午抵达斐济首都苏瓦,次日在位于这座城市的斐济殖民战争纪念医院开展筛查等工作,5日至7日开展手术。
当终于看清眼前这位带来光明的医生时,瓦罗穆埃激动地张开双臂,与陈伟蓉紧紧相拥。“我太幸运了,遇见中国医生!感谢你们让我重见明媚阳光!”老人满含热泪,一遍遍重复着感激的话语。
短短三天时间里,该团队已为108名斐济白内障患者实施手术。这家医院的走廊里,这样令人感动的场景也在不断上演。
殖民战争纪念医院眼科主任埃莱诺亚·莱卡巴卡巴告诉记者,她发现,为了能在有限时间内尽可能多做手术,中国医生们这几天没有午休,他们“精湛的医术和敬业精神深深打动了我”。
这是自2015年以来,广东省“光明行”团队第六次赴斐济执行医疗任务,也是陈伟蓉第五次来到这里。
“每一次看到患者重见光明时的笑容,都让我们觉得一切付出都是值得的。”她告诉记者。
授人以鱼不如授人以渔。陈伟蓉说,“光明行”团队正与斐方探讨建立长期医疗合作机制,让更多斐济眼科医生赴中国接受手术培训。
斐济卫生部长阿托尼奥·拉拉巴拉武对中国政府和医疗团队表示感谢,“这对亟需这类治疗的患者和斐济卫生部来说都是莫大的帮助”。拉拉巴拉武期待两国继续加强医疗卫生领域的合作,助力斐济提升专科医疗水平。(完)
1、11月7日,在斐济首都苏瓦殖民战争纪念医院,陈伟蓉教授为白内障患者瓦罗穆埃实施手术后,将手高高举过头顶,让患者辨认。新华社发(高鑫摄)
2、11月7日,在斐济首都苏瓦殖民战争纪念医院,陈伟蓉教授为白内障患者瓦罗穆埃实施手术。新华社发(高鑫摄)
3、11月7日,在斐济首都苏瓦殖民战争纪念医院,白内障患者瓦罗穆埃术后检查视力。新华社发(高鑫摄)
