Connect with us

International Organizations

မှားယွင်းသော ပြောဆိုချက်များ ဂျပန်နိုင်ငံ ရုပ်သိမ်းရန် တရုတ်ကိုယ်စားလှယ် ထပ်မံတိုက်တွန်း

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဒီဇင်ဘာ ၁၅ ရက် လုံခြုံရေးကောင်စီတွင် “ငြိမ်းချမ်းရေးအတွက် ဦးဆောင်နိုင်စွမ်းပြသခြင်း” တံခါးဖွင့်အချေအတင်ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံအား မှားယွင်းသော ပြောဆိုချက်များကို ရုပ်သိမ်းရန် ထပ်မံတိုက်တွန်းခဲ့သည်။ထိုသို့ ပါဝင်ဆွေးနွေးရာတွင် ဖုချုံးက ငြိမ်းချမ်းရေးအတွက် ခေါင်းဆောင်နိုင်စွမ်းကို ပြသခြင်းတွင် ဦးစွာ ငြိမ်းချမ်းရေးကို တန်ဖိုးထားလေးစားရန်၊ တရားမျှတမှုကို လက်ကိုင်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်တော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းက သမိုင်းကို အတူတကွ ပြန်လည်သုံးသပ်ပြီး အနာဂတ်အား စီမံရေးဆွဲနေချိန်တွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိကမူ ပြောင်းပြန်လုပ်ရပ်များ လုပ်ဆောင်ကာ ဂျပန်၏ “သေရေးရှင်ရေးအကျပ်အတည်းအခြေအနေ” သည် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသနှင့် ဆက်စပ်နေသည်ဟု ပြောဆိုခဲ့ပြီး ထိုင်ဝမ်အရေးတွင် ဂျပန်သည် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည်ဟု အရိပ်ပြ ခြိမ်းခြောက်ခဲ့ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ ပြည်တွင်းရေးကို ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်ပြီး ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးနိုင်ငံဖြစ်သော ဂျပန်က တရုတ်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် ပြုလုပ်ခဲ့သော ကတိကဝတ်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းဖြစ်သလို ဒုတိယကမ္ဘာစစ်တွင် အောင်နိုင်ခြင်းရလဒ်များနှင့် စစ်ပြီးကာလ နိုင်ငံတကာစည်းစနစ်များကို တိုက်ရိုက်စိန်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်များနှင့် အခြေခံမူများကို အခြေခံသည့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများကိုလည်း ချိုးဖောက်ခြင်းဖြစ်ရာ အာရှသာမက ကမ္ဘာ့ငြိမ်းချမ်းရေးကိုပင် ပြင်းထန်သောအန္တရာယ်အလားအလာများ သယ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ် သမိုင်းသင်ခန်းစာများသည် မိမိတို့ မျက်စိရှေ့တွင်ပင် ရှိနေကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၈၀ က ဂျပန်စစ်ရေးဝါဒသည်လည်း “သေရေးရှင်ရေးအကျပ်အတည်းအခြေအနေ” ဆိုသည့် အကြောင်းပြချက်ဖြင့် လက်နက်အင်အားတိုးချဲ့ကာ စစ်ပွဲအတွက် ပြင်ဆင်ခဲ့ပြီး “မိမိကိုယ်ကိုယ်ကာကွယ်မှု” ဆိုသည့်အမည်ဖြင့် ပြင်ပသို့ ကျူးကျော်မှုများ လုပ်ဆောင်ခဲ့ရာ တရုတ်၊ အာရှနှင့် ကမ္ဘာကြီးအတွက် ကြီးမားနက်ရှိုင်းလှသော ကပ်ဘေးကြီး ယူဆောင်လာခဲ့ကြောင်း၊ နှစ်ပေါင်း ၈၀ ကြာပြီးနောက် ယနေ့တွင် မိမိတို့အနေဖြင့် စစ်ရေးဝါဒ ပြန်လည်ရှင်သန်လာမည်ကို လုံးဝ ခွင့်မပြုနိုင်သလို ဖက်ဆစ်ဝါဒတစ္ဆေ ပြန်လည်နိုးထလာမည်ကိုလည်း လုံးဝ ခွင့်မပြုနိုင်ကြောင်း၊ ဂျပန်အနေဖြင့် မှားယွင်းသော ပြောဆိုချက်များကို ပြန်လည်ရုပ်သိမ်းရန်၊ အမှားများကို အလေးအနက်ထား ဆင်ခြင်သုံးသပ်ရန်၊ မှားယွင်းသောလမ်းကြောင်းတွင် ဆက်လက်မလျှောက်လှမ်းရန် တရုတ်နိုင်ငံက ထပ်မံတိုက်တွန်းကြောင်း ဖုချုံးက အလေးအနက်ထား ပြောကြားခဲ့သည်။

ဂျပန်က ခိုးယူခဲ့သော ထိုင်ဝမ်အား တရုတ်နိုင်ငံထံ ပြန်လည်ပေးအပ်ခြင်းသည် စစ်ပြီးကာလ နိုင်ငံတကာစည်းစနစ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံနယ်မြေပိုင်နက်၏ ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ယင်းမှာ နိုင်ငံရေးနှင့် ဥပဒေရေးရာတို့တွင် အတူတကွ ခတ်နှိပ်ထားသော၊ သံမဏိပမာ ခိုင်မာသော အမှန်တရားဖြစ်ကြောင်း၊ ၁၉၄၅ ခုနှစ်တွင် ဂျပန်နိုင်ငံက ခြွင်းချက်မရှိ လက်နက်ချအညံ့ခံကြောင်း ကြေညာခဲ့ရာ တရုတ်အစိုးရက တရုတ်နိုင်ငံ စစ်ဒေသကြီး ထိုင်ဝမ်ပြည်နယ်တွင် ဂျပန်လက်နက်ချခြင်းအခမ်းအနား ကျင်းပခဲ့ခြင်းသည် ဤအချက်ကို အပြည့်အဝ သက်သေပြုနိုင်ကြောင်း၊ “ကိုင်ရိုကြေညာချက်”၊ “ပေ့ါစ်ဒမ် ကြေညာချက်”၊ “ဂျပန်လက်နက်ချအညံ့ခံခြင်း စာချုပ်” ၊ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ နှင့် ကုလသမဂ္ဂ သက်ဆိုင်ရာ ဥပဒေ သဘောထားများ၊ “တရုတ်-ဂျပန်ပူးတွဲကြေညာချက်”၊ “တရုတ်-ဂျပန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးစာချုပ်” စသည့် နိုင်ငံတကာဥပဒေစာရွက်စာတမ်းများနှင့် သက်ဆိုင်ရာ နှစ်နိုင်ငံနိုင်ငံရေးစာရွက်စာတမ်းများသည် ဤအချက်ကို အပြည့်အဝသက်သေပြုနိုင်ကြောင်း ဖုချုံးက ထောက်ပြခဲ့သည်။ (Xinhua)
…………………
(Chinese Version)
中国代表再次敦促日方撤回错误言论
新华社联合国12月15日电 中国常驻联合国代表傅聪15日在安理会“为和平展现领导力”公开辩论会上发言,再次敦促日方撤回错误言论。
傅聪说,为和平展现领导力,首先需要珍视和平、坚持正义。今年是中国人民抗日战争暨世界反法西斯战争胜利80周年。在国际社会共同回顾历史、谋划未来的时刻,日本首相高市早苗竟然逆流而动,声称日本的“存亡危机事态”同中国台湾地区有关,暗示并威胁日本会武力介入台湾问题。这是对中国内政的粗暴干涉,公然违背日方作为二战战败国对中方及国际社会所作承诺,直接挑战二战胜利成果和战后国际秩序,违反以《联合国宪章》宗旨和原则为基础的国际关系基本准则,对亚洲乃至世界和平带来严重隐患。
傅聪强调,二战历史殷鉴不远,80年前,日本军国主义也曾以所谓“存亡危机”为由扩军备战,以所谓“自卫”为名对外发动侵略,给中国、亚洲和世界带来深重灾难。80年后的今天,我们决不能允许军国主义死灰复燃、绝不能允许法西斯主义的幽灵复活。中方再次敦促日方撤回错误言论,认真反思悔过,不要在错误的道路上越走越远。
傅聪指出,日本将窃取之台湾归还中国是战后国际秩序的重要组成部分,台湾是中国领土不可分割的一部分,这是在政治上和法理上共同锁定的、铁一般的事实。1945年日本宣布无条件投降,中国政府举行中国战区台湾省受降仪式可以充分证明这一点;《开罗宣言》《波茨坦公告》《日本投降书》和联大第2758号决议及联合国相关法律意见、《中日联合声明》《中日和平友好条约》等国际法律文书和有关双边政治文件可以充分证明这一点。(完)
图说:11月28日,民众在日本东京的首相官邸外参加针对日本首相高市早苗近期发表涉台错误言论的抗议活动。新华社记者贾浩成摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.