Connect with us

International Organizations

ဂွီလာမို အယ်လ်မာဒါကို ယခုရာသီ၏ တတိယမြောက်နည်းပြအဖြစ် အိုဗီဒိုအသင်း ကြေညာ

ကာတာနိုင်ငံ မြို့တော်ဒိုဟာ၌ ဘရာဇီးနိုင်ငံ၏ ဘိုတာဖိုဂိုအသင်းနှင့် မက္ကဆီကိုနိုင်ငံ၏ ပါချူကာအသင်းတို့၏ ဖီဖာ အင်တာကွန်တီနင်တယ် ဖလားပြိုင်ပွဲအတွင်း ပါချူကာအသင်း၏ နည်းပြချုပ် ဂွီလာမို အယ်လ်မာဒါကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

စပိန်ဒုတိယတန်းအသင်း ဗယ်လာဒိုးလစ်နှင့် သဘောတူညီမှုရရှိပြီးနောက် ရီးရဲလ် အိုဗီဒိုအသင်းက ဥရုဂွေးနည်းပြ ဂွီလာမို အယ်လ်မာဒါကို ခန့်အပ်လိုက်သည်။
အယ်လ်မာဒါက ရာသီကုန်အထိ စာချုပ်ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရယူရန် လိုအပ်သောကြောင့် စပိန်ကလပ်အသင်းများအကြား ရာသီဝက်အပြောင်းအရွှေ့များမှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စရပ် ဖြစ်သည်။ဒီဇင်ဘာ ၁၄ ရက်က ဆီဗီလာအသင်းကို အဝေးကွင်း၌ ၄-၀ ဂိုးဖြင့် ရှုံးနိမ့်မှုက ၎င်း၏ နိုင်ပွဲမရှိကာလအား ပိုရှည်စေခဲ့ပြီးနောက် ရာထူးမှထုတ်ပယ်ခံခဲ့ရသည့် လူးဝစ် ကာရီယွန်၏နေရာတွင် အယ်လ်မာဒါက အိုဗီဒိုအသင်း၏ ယခုရာသီ၌ တတိယမြောက်နည်းပြဖြစ်လာခဲ့ခြင်းဖြစ်သည်။ ယင်းရှုံးနိမ့်မှုကြောင့် အိုဗီဒိုအသင်းသည် ၁၆ ပွဲတွင် ၁၀ မှတ်ဖြင့် စပိန်လာလီဂါ၏ အောက်ဆုံးမှ ဒုတိယနေရာ၌ ရပ်တည်ခဲ့ပြီး တန်းဆင်းရရန် အန္တရာယ်ရှိနေသည်။

အယ်လ်မာဒါသည် ဒုတိယတန်း၌ အဆင့် ၁၀ တွင် ရပ်တည်နေသည့် ဗယ်လာဒိုးလစ်အသင်း၌ ခက်ခဲသောကာလတစ်ခုအပြီးတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၃ ရက်က အန်ဒိုရာအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ၎င်းကို ရာထူးမှထုတ်ပယ်ရန် ဗယ်လာဒိုးလစ်ပရိသတ်အချို့က တောင်းဆိုခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Oviedo announces Guillermo Almada as third coach of season
MADRID, Dec. 16 (Xinhua) — Real Oviedo has appointed Uruguayan coach Guillermo Almada after reaching an agreement with Spanish second-division side Valladolid.
Almada has signed a contract through the end of the season.
Midseason moves between Spanish clubs are rare, as they require the clubs involved to agree a transfer fee.
Almada becomes Oviedo’s third coach of the campaign, replacing Luis Carrion, who was dismissed after Sunday’s 4-0 loss away to Sevilla extended his winless spell. The defeat left Oviedo second from bottom of La Liga with 10 points from 16 games and at risk of being cut adrift in the relegation zone.
Almada arrives after a difficult period at Valladolid, which sits 10th in the second tier. Some Valladolid supporters had called for his dismissal following Saturday’s 1-0 defeat to Andorra. ■
English Caption
Guillermo Almada, head Coach of CF Pachuca, reacts during the FIFA Intercontinental Cup match between Brazil’s Botafogo and Mexico’s CF Pachuca in Doha, Qatar on Dec. 11, 2024. (Photo by Nikku/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.