Connect with us

International Organizations

ဂါဇာဒေသ ဘက်စုံရေရှည်အပစ်ရပ်မှုအား မဖြစ်မနေ ဖော်ဆောင်ရမည်ဟု တရုတ်ကိုယ်စားလှယ် အလေးထားပြောကြား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး (ဒုတိယတန်း ဝဲဘက်) က ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုမိတ်ဆွေအဖွဲ့ငယ် အဖွဲ့ဝင် ၄၃ ဦးကို ကိုယ်စားပြု၍ “ကုလသမဂ္ဂ နှစ် ၈၀ ပြည့် ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်” ကုလသမဂ္ဂ ညီလာခံ အစီရင်ခံတင်ပြမှု အစည်းအဝေး၌ အတူတကွပါဝင်ဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးသည် ဒီဇင်ဘာ ၁၆ ရက်တွင် လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေး အရေးကိစ္စ တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးရာတွင် ဂါဇာဒေသ ဘက်စုံရေရှည်အပစ်ရပ်မှုအား မဖြစ်မနေ ဖော်ဆောင်ရမည်ဟု အလေးထားပြောကြားခဲ့သည်။လွန်ခဲ့သည့် ၂ လအတွင်း ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ချိုးဖောက်သည့် ကိစ္စရပ်များ မကြာခဏဖြစ်ပွားခဲ့ရာ ပြည်သူပေါင်း ရာနှင့်ချီသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခြင်းသည် ပြင်းထန်သောပဋိပက္ခမှ ပြင်းအားနည်းတိုက်ခိုက်မှုအဖြစ် အဆင့်လျှော့ချခြင်းမဟုတ်ဘဲ ရန်လိုလှုပ်ရှားမှုအားလုံးကို ရပ်တန့်ခြင်းဖြစ်သင့်ကြောင်း၊ သဘောတူညီချက်အား ချိုးဖောက်သည့် စွန့်စားသောလုပ်ရပ်မှန်သမျှသည် ထိလွယ်ရှလွယ်ဖြစ်သော အပစ်ရပ်မှုအခြေအနေကို အဆုံးသတ်သွားစေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဘက်အသီးသီး အထူးသဖြင့် အစ္စရေးဘက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ ကတိကဝတ်များကို ချက်ချင်းထမ်းဆောင်ရန်၊ တင်းမာမှုအခြေအနေအား ဆိုးရွားလာစေနိုင်သည့် လုပ်ရပ်မှန်သမျှကို ရပ်တန့်ရန်၊ စစ်မှန်သော ဘက်စုံရေရှည်အပစ်ရပ်မှု ဖော်ဆောင်ခြင်းကို တွန်းအားပေးရန် တိုက်တွန်းကြောင်း၊ သက်ဆိုင်ရာ ကြားဝင်စေ့စပ်သည့်ဘက်များအနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အကောင်အထည်ဖော်မှုကို အာမခံပေးနိုင်ရန် လှုပ်ရှားမှုများ လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။
အစ္စရေးဘက်က နိုင်ငံတကာတရားဥပဒေ တာဝန်ဝတ္တရားများကို လက်တွေ့ကျထမ်းဆောင်ရန်၊ နယ်စပ်ဖြတ်သန်းသည့် နေရာအားလုံးကို ဖွင့်လှစ်ရန်၊ ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာမှုပစ္စည်းများ ဝင်ရောက်ခွင့်ပြုရန် ကန့်သတ်ချက်များကို ပယ်ဖျက်ရန်၊ ကုလသမဂ္ဂ စသည့် အဖွဲ့အစည်းများက ကူညီမှုလုပ်ဆောင်ခြင်းကို ထောက်ခံအားပေးရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ အစ္စရေးအနေဖြင့် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း အခြေချနေထိုင်ရန်နေရာ လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန်၊ အခြေချနေထိုင်သူများ၏ အကြမ်းဖက်လုပ်ရပ်များကို တားဆီးရန်၊ ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့၏ စီမံခန့်ခွဲမှုအခြေခံအား ဖျက်ဆီးခြင်းကို ရပ်တန့်ရန်၊ ကိုယ်စားကောက်ခံထားသော အကောက်ခွန်များအား အမြန်ဆုံး ပြန်လည်ပေးအပ်ခြင်း အပါအဝင် ပါလက်စတိုင်း စီးပွားရေးအပေါ် ကန့်သတ်မှုအစီအမံများကို ဖယ်ရှားရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
“နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အကောင်အထည်ဖော်ခြင်း၊ ပါလက်စတိုင်း လွတ်လပ်သောနိုင်ငံ ထူထောင်ခြင်းအား အကောင်အထည်ဖော်ခြင်းသည် ပါလက်စတိုင်း အရေးကိစ္စအား ဖြေရှင်းရန် တစ်ခုတည်းသောဖြစ်နိုင်ခြေရှိသည့် ထွက်ပေါက်ဖြစ်ကြောင်း၊ ဂါဇာဒေသအနာဂတ်နှင့် စပ်လျဉ်းသည့် မည်သည့်စီမံမှုမဆို “ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ စီမံအုပ်ချုပ်ရေး” ဟူသည့် အခြေခံမူအား ခိုင်မာစွာ လက်ကိုင်ထားရမည်ဖြစ်ကြောင်း၊ ဂါဇာဒေသ နယ်မြေပိုင်နက်နှင့် လူဦးရေဖွဲ့စည်းပုံအား ပြောင်းလဲရန် ကြိုးပမ်းမှုမှန်သမျှကို ခိုင်မာစွာ ငြင်းပယ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပိုမိုကြီးမားသော ကြိုးပမ်းမှုများကို စုစည်း၍ “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” အား တွန်းအားပေးဖော်ဆောင်ပြီး ပါလက်စတိုင်းက ဆောလျင်စွာ လွတ်လပ်သောနိုင်ငံထူထောင်ကာ ကုလသမဂ္ဂ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းအား ထောက်ခံအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းပြည်သူများ၏ အမျိုးသား တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွား ပြန်လည်ဖော်ဆောင်မှုဟူသော တရားမျှတရေးလုပ်ငန်းအပေါ် ခိုင်မာစွာထောက်ခံကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူကြိုးပမ်း၍ ဂါဇာဒေသ ဘက်စုံအပစ်အခတ်ရပ်စဲမှုအား တွန်းအားပေးရန်၊ လူသားချင်းစာနာမှု အကျပ်အတည်း ပြေလျော့ရန် လုပ်ဆောင်သွားပြီး ပါလက်စတိုင်းအရေးကိစ္စအား ဆောလျင်စွာ ဘက်စုံသော၊ တရားမျှတသော၊ စဉ်ဆက်မပြတ်သော ဖြေရှင်းမှုရရှိနိုင်ရန် မလျှော့သောဇွဲဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————————–
(Chinese Version)
中国代表强调必须实现加沙全面持久停火
新华社联合国12月16日电 中国常驻联合国代表傅聪16日在安理会巴以问题公开会上发言,强调必须实现加沙全面持久停火。
他说,过去2个月内,违反加沙停火协议的事件频繁发生,已经造成数百名民众死亡。达成停火协议应当是停止一切敌对行动,而不是仅由激烈冲突降级为低烈度袭击。任何违反协议的冒险行为,都可能终结脆弱的停火局面。中方呼吁有关各方,特别是以色列立即履行停火协议中的承诺,停止采取加剧紧张局势的行为,推动实现真正的全面持久停火。有关斡旋方应采取行动保障停火协议落实。
傅聪表示,中方敦促以色列切实履行国际法义务,开放全部过境点,取消对加沙地带的人道物资准入限制,支持联合国等机构开展援助。中方呼吁以色列立即停止西岸定居点活动,遏制定居者暴力,停止破坏巴勒斯坦民族权力机构的治理基础,包括尽快返还代征税款和取消对巴勒斯坦经济的限制措施。
他说,落实“两国方案”、实现巴勒斯坦独立建国是解决巴勒斯坦问题的唯一可行出路。任何关于加沙未来的安排都必须坚持“巴人治巴”原则,任何改变加沙领土和人口结构的企图都应遭到坚决拒绝。国际社会必须汇聚更大努力推进“两国方案”,支持巴勒斯坦早日独立建国并成为联合国正式会员国。
他说,中方坚定支持巴勒斯坦人民恢复民族合法权利的正义事业。中方将继续同国际社会共同努力,推动加沙全面持久停火、缓解人道危机,为巴勒斯坦问题早日得到全面、公正、持久解决作出不懈努力。(完)
图说:12月11日,在位于纽约的联合国总部,中国常驻联合国代表傅聪(第二排,左)代表“全球治理之友小组”43个成员在“联合国80周年改革倡议”(UN80改革)联大通报会上作共同发言。 新华社记者 谢锷 摄