International Organizations
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဂါဇာဒေသ နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ ထူထောင်ခြင်းအား ခွင့်ပြု
ကုလသမဂ္ဂ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် နိုဝင်ဘာ ၁၇ ရက်တွင် အမှတ် ၂၈၀၃ ဆုံးဖြတ်ချက်အား အတည်ပြုခဲ့ပြီး အမေရိကန်က ထိုမတိုင်မီ အဆိုပြုထားသော ဂါဇာဒေသ ပဋိပက္ခအဆုံးသတ်ရေး “အချက် ၂၀ ပါ အစီအစဉ်” အား စိစစ်အတည်ပြုကာ နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ထူထောင်ခြင်းအား ခွင့်ပြုခဲ့သည်။ဆုံးဖြတ်ချက်မူကြမ်းသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံမှ ၁၃ နိုင်ငံ၏ ထောက်ခံအားပေးခြင်း ရရှိခဲ့ပြီး ရုရှားနှင့် တရုတ်နိုင်ငံတို့ကမူ ဆန္ဒမဲမပေးခဲ့ကြပေ။
ဆုံးဖြတ်ချက်သည် “အချက် ၂၀ ပါ အစီအစဉ်” အရ ဂါဇာဒေသ၏ အသွင်ပြောင်းအုပ်ချုပ်ရေးအဖွဲ့အစည်းအဖြစ် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (BoP) ထူထောင်ခြင်းအား ကြိုဆိုထားသည်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့တို့က ယာယီအသွင် ဂါဇာဒေသ နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ထူထောင်ရန် ဆုံးဖြတ်ချက်က ခွင့်ပြုထားသည်။
အဆိုပါတပ်ဖွဲ့ကို ပါဝင်သည့်နိုင်ငံမှ တပ်ဖွဲ့များဖြင့်ဖွဲ့စည်းမည်ဖြစ်ကာ ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ လမ်းညွှန်မှုဖြင့် လည်ပတ်မည်ဖြစ်သည်။ ၎င်း၏အသုံးစရိတ်သည် အလှူငွေ၊ ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ ရန်ပုံငွေစုစည်းမှုနှင့် အဖွဲ့ဝင်နိုင်ငံများမှ အလှူငွေထည့်ဝင်မှုများဖြင့် အသုံးပြုမည်ဖြစ်သည်။ ဂါဇာဒေသ နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ၏ တာဝန်များတွင် ဂါဇာဒေသ နယ်စပ်လုံခြုံမှု အာမခံပေးခြင်း၊ စစ်ရေးအသွင် ဖယ်ရှားခြင်းဖြင့် ဂါဇာဒေသလုံခြုံရေးပတ်ဝန်းကျင်အား တည်ငြိမ်စေခြင်း၊ အရပ်သားပြည်သူများအား ကာကွယ်ပေးခြင်း၊ လူသားချင်းစာနာထောက်ထားမှုစင်္ကြံ အဆင်ပြေချောမွေ့မှုအား အာမခံပေးခြင်း စသည်တို့ပါဝင်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးဘုတ်အဖွဲ့နှင့် သက်ဆိုင်ရာအစီအစဉ်အား ခွင့်ပြုခြင်းသည် ၂၀၂၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိဖြစ်ကြောင်း ဆုံးဖြတ်ချက်တွင် သတ်မှတ်ထားသည်။ (Xinhua)
——————————-
(Chinese Version)
联合国安理会授权组建加沙国际稳定部队
新华社联合国11月17日电(记者尚绪谦)联合国安理会17日通过第2803号决议,核可美国此前提出的结束加沙冲突“20点计划”,授权组建加沙国际稳定部队。
决议草案获得15个安理会成员中的13个支持。俄罗斯和中国投了弃权票。
决议欢迎根据“20点计划”成立和平理事会,作为加沙地区的过渡行政机构。决议授权联合国会员国同和平理事会组建临时性的加沙国际稳定部队。该部队将由参与国出兵组成,在和平理事会指导下运作,其费用将来自募捐、和平理事会集资和会员国政府出资。加沙国际稳定部队的任务包括保障加沙边境安全、通过去军事化稳定加沙安全环境、保护平民、确保人道主义走廊畅通等。
决议规定,对和平理事会和相关安排的授权截至2027年12月31日。(完)
图说:这是11月17日在位于纽约的联合国总部拍摄的安理会会议现场。新华社记者 张凤国 摄
