Connect with us

Asia

Han Duck-soo တောင်ကိုရီးယား ဝန်ကြီးချုပ်တာဝန် ပြန်လည်ထမ်းဆောင်၊ ယာယီသမ္မတရာထူးတာဝန်ယူ

ဆိုးလ်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက မတ် ၂၄ ရက် နံနက်ပိုင်းတွင် တာဝန်ဆိုင်းငံ့ခံထားရသောဝန်ကြီးချုပ် Han Duck-soo အား စွဲချက်တင်မှုကို စီရင်ချက်ချခဲ့ပြီး ယင်းစွဲချက်တင်မှုကို ပယ်ချခဲ့သည်။ ထို့နောက် Han Duck-soo သည် ဝန်ကြီးချုပ်ရာထူး ပြန်လည်ရရှိခဲ့ပြီး ယာယီသမ္မတရာထူးတာဝန်ယူခဲ့သည်။ တစ်ချိန်တည်းမှာပင် Choi Sang-mok ၏ ယာယီသမ္မတတာဝန်ကို ရပ်ဆိုင်းလိုက်သည်။အစီရင်ဆုံးဖြတ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး တရားသူကြီး ရှစ်ဦးအနက် ၅ ဦးက စွဲချက်တင်မှုကို ပယ်ချခဲ့ပြီး တစ်ဦး ထောက်ခံခဲ့ကာ ကျန် ၂ ဦးက ပြန်လည်လွှတ်ပေးသင့်သည်ဟု ယူဆကြရာ နောက်ဆုံးတွင် စွဲချက်တင်မှုကို ပယ်ချခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ရှိ တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရှေ့တွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်များအား မတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လွန်ခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်တွင် တောင်ကိုရီးယား အမျိုးသားလွှတ်တော်က ယွန်းဆက်ယို၏ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် ဖော်ဆောင်ခြင်းအား အကူအညီပေးမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားသူကြီး ခန့်အပ်မှုကို ငြင်းဆိုခြင်းစသည်တို့ကြောင့် ထိုစဉ် ယာယီသမ္မတရာထူးထမ်းဆောင်နေသည့် ဝန်ကြီးချုပ် Han Duck-soo အား စွဲချက်တင်မှုကို အတည်ပြုခဲ့ရာ ၎င်းသည် တာဝန်မှဆိုင်းငံ့ခံရသည်။ ယင်းနောက် စွဲချက်တင်မှုအား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့လွှဲပြောင်းပေးခဲ့ပြီး အဆိုပါခုံရုံးမှ ၎င်းကို ရာထူးမှ ဖယ်ရှားရန် သို့မဟုတ် ပြန်လည်ခန့်အပ်ထားရန် ဆုံးဖြတ်ခဲ့သည်။ (Xinhua)
—————————–
韩德洙恢复韩国国务总理职务 代行总统职权
新华社首尔3月24日电(记者姬新龙 陆睿)韩国宪法法院24日上午对被停职国务总理韩德洙弹劾案作出宣判,驳回对其的弹劾。韩德洙随即恢复国务总理职务,并代行总统职权。崔相穆同时停止代行总统职权。
根据裁决结果,8名宪法法院法官中,5人驳回弹劾、1人赞成,2人认为应退回,最终弹劾被驳回。
去年12月27日,韩国国会以协助尹锡悦实施紧急戒严、拒绝任命宪法法官等为由,通过了对当时代行总统职权的国务总理韩德洙的弹劾动议案,韩德洙随即被停职。随后,弹劾案移交宪法法院,由后者决定罢免或恢复其职务。(完)
图说1:这是3月24日在韩国首尔的韩国宪法法院拍摄的弹劾案庭审现场。新华社记者 姚琪琳 摄
图说2:3月24日,在韩国首尔,警察在韩国宪法法院前执勤。新华社记者 姚琪琳 摄