Connect with us

International Organizations

ဖီဖာက အယူခံဝင်မှုကို လက်ခံလိုက်ပြီးနောက် လာပေါ့တေးအား ခေါ်ယူနိုင်ပြီဟု ဘီဘာအို အတည်ပြု

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက်က မန်ချက်စတာစီးတီးအသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်၌ လီဗာပူးလ်ကစားသမား ဆာဒီယို မာနေး (ယာ) နှင့် မန်ချက်စတာစီးတီးကစားသမား အိုင်မယ်ရစ် လာပေါ့တေးတို့ ဘောလုံးယှဉ်လုနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အက်သလက်တစ် ဘီဘာအိုအသင်းက စပိန်လက်ရွေးစင်နောက်ခံလူ အိုင်မယ်ရစ် လာပေါ့တေးအား ၂၀၂၈ ခုနှစ် ဇွန်လကုန်အထိ သက်တမ်းရှိသော သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း အတည်ပြုကြေညာခဲ့သည်။ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အနေဖြင့် အဆိုပါ အသက် ၃၁ နှစ်အရွယ် အယ်လ်-နာဆာနောက်ခံလူ၏ အပြောင်းအရွှေ့အား ခွင့်မပြုကြောင်း ဆုံးဖြတ်ထားသည့်အပေါ် အယူခံဝင်မှုကို လက်ခံခဲ့ကြောင်း စက်တင်ဘာ ၁၁ ရက် အစောပိုင်းတွင် ဘီဘာအိုအသင်းက ကြေညာခဲ့ပြီးနောက် ယခုအပြောင်းအရွှေ့သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ဆော်ဒီကလပ် အယ်လ်-နာဆာက စက်တင်ဘာ ၁ ရက်တွင် အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းပြီးနောက် သက်ဆိုင်ရာ စာရွက်စာတမ်းများကို ပေးပို့ခဲ့ကြောင်း သိရသည်။

ဘီဘာအိုအသင်းမှာ လာလီဂါနှင့် စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) တို့၏ ထောက်ခံမှုကို ရရှိထားကာ ယင်းအဖွဲ့အစည်းနှစ်ခုစလုံးက ဘီဘာအိုအနေဖြင့် စာရွက်စာတမ်းများကို အချိန်မီပေးပို့နိုင်ခဲ့သည်ဟု အတည်ပြုခဲ့သလို ဖီဖာကလည်း ဘီဘာအို၏ အယူခံဝင်မှုကို လက်ခံခဲ့ကြောင်း သိရသည်။

လာပေါ့တေးမှာ ဘီဘာအို၏ လူငယ်စီမံကိန်းမှတစ်ဆင့် ထွန်းတောက်လာခဲ့ပြီး ပထမအသင်းအတွက် ၂၂၂ ပွဲ ပါဝင်ကစားခဲ့ကာ ၂၀၁၈ ခုနှစ်တွင် မန်ချက်စတာစီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ယခုအခါ ဘီဘာအိုအသင်းထံ တစ်ကျော့ပြန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဆုဖလားကို ငါးကြိမ်ဆွတ်ခူးနိုင်ခဲ့သလို ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ၌ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဆုဖလားကို ရရှိခဲ့ပြီး အက်ဖ်အေဖလားနှစ်ကြိမ်နှင့် လိဂ်ဖလားသုံးကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အယ်လ်-နာဆာအသင်းထံ ပြောင်းရွှေ့ခဲ့သည်။

ဘီဘာအိုအနေဖြင့် နွေရာသီကာလတစ်လျှောက်လုံး အယ်လ်-နာဆာနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ဖီဖာ၏ စက်တင်ဘာ ၁၁ ရက် ဆုံးဖြတ်ချက်မတိုင်မီအထိ အသင်းအနေဖြင့် လာပေါ့တေးအား ပြန်လည်ခေါ်ယူနိုင်ရန် အခက်ကြုံနေရခြင်းဖြစ်သည်။ (Xinhua)
………………………………………………….
(English Version)
Athletic Bilbao confirms Laporte return after FIFA accepts appeal
MADRID, Sept. 11 (Xinhua) — Athletic Bilbao has confirmed the signing of Spain international defender Aymeric Laporte on a three-year contract until the end of June 2028.
The news comes after the club announced earlier in the day that FIFA had accepted its appeal against the decision to not allow the transfer of the 31-year-old defender from Al-Nassr. The Saudi Arabian club sent the relevant paperwork after the transfer window closed on September 1.
Athletic had the support of La Liga and the Spanish Football Federation (RFEF), both of whom confirmed the club had handed in its paperwork on time, and FIFA has accepted the club’s appeal.
Laporte returns to Athletic after progressing through the club’s youth system and leaving for Manchester City in 2018 after 222 first team appearances.
He won the Premier League title five times with City, along with the 2022-2023 UEFA Champions League as well as two FA Cup and three League Cup titles, before joining Al-Nassr.
Athletic was negotiating with Al-Nassr throughout the summer, but it appeared the club’s attempts to see Laporte’s return had been frustrated until FIFA’s decision on Thursday. ■
English Caption 1
Liverpool’s Sadio Mane (R) vies with Manchester City Aymeric Laporte during the UEFA Champions League quarterfinal second leg soccer match between Manchester City and Liverpool in Manchester, Britain, on April 10, 2018. (Xinhua)
English Caption 2
Players of Athletic Bilbao greets fans after a UEFA Europa League match between Roma and Athletic Bilbao in Rome, Italy, Sept. 26, 2024. (Xinhua/Li Jing)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.