Connect with us

International Organizations

တရုတ်နိုင်ငံ အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံများက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းစိတ်ဓာတ်နှင့် အပြည့်အဝကိုက်ညီမှုရှိကြောင်း ဂူတာရက်စ် ဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် စကားပြောကြားနေသည်ကို စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံများသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းစိတ်ဓာတ်နှင့် အပြည့်အဝကိုက်ညီမှုရှိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါနေ့တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဂူတာရက်စ်က တရုတ်နိုင်ငံ အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံများသည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အပြည့်အဝလေးစားလိုက်နာပြီး နိုင်ငံစုံ အဖွဲ့အစည်းအဖြစ် ကုလသမဂ္ဂ၏ ပင်မ အခန်းကဏ္ဍကို အပြည့်အဝထောက်ခံသလို နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနှင့် ပဋိပက္ခများအား ငြိမ်းချမ်းစွာ ဖြေရှင်းရေး မြှင့်တင်ရာတွင် အခိုင်အမာ အားထားဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် စကားပြောကြားနေသည်ကို စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင်နိုင်ငံရေး သဘောကွဲလွဲမှုများ ကျယ်ပြန့်လာကာ ပဋိပက္ခများ ထိန်းမနိုင်သိမ်းမရဖြစ်နေသလို ပြစ်မှုကျူးလွန်ထားပြီး လွတ်ငြိမ်းချမ်းသာနေမှုများ ပိုမိုဆိုးရွားလာကြောင်း၊ ထို့အပြင် နည်းပညာအသစ်များသည် “အကာအကွယ် ကန့်သတ်မှုများ မရှိသည့် အခြေအနေတွင်” အရှိန်မြှင့်တိုးတက်နေရာ မညီမျှမှုများ နေ့စဉ်နှင့်အမျှ ပိုမိုကျယ်ပြန့်လာကြောင်း၊ ဤကဲ့သို့သော နောက်ခံအနေအထားတွင် လာမည့်သီတင်းပတ်၌ စတင်မည့် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဆင့်မြင့် သီတင်းပတ်က “ဆွေးနွေးမှုနှင့် ညှိနှိုင်းဖျန်ဖြေရေးအတွက် ဖြစ်နိုင်ခြေအားလုံးကို ပံ့ပိုးခဲ့သည်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။

နိုင်ငံ့ခေါင်းဆောင်များနှင့် အစိုးရ ထိပ်တန်းအကြီးအကဲများ ၁၅၀ ဦး နီးပါးက အဆင့်မြင့် သီတင်းပတ် အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ပြီး ယင်းကာလအတွင်း ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ထောင်နှင့်ချီ ကျင်းပမည်ဖြစ်ကြောင်း၊ ၎င်းကိုယ်တိုင် နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲ ၁၅၀ ကျော်တွင် တက်ရောက်မည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ခုစီတိုင်းကို အသုံးချ၍ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များအား ဆက်သွယ်ရေးမြှင့်တင်ရန်၊ တိုက်ရိုက်ဆွေးနွေးရန်၊ သဘောကွဲလွဲမှုများကိုလျှော့ချရန်၊ အန္တရာယ်များလျှော့ချရန်နှင့် ဖြေရှင်းချက်များရှာဖွေရန် တိုက်တွန်းမည်ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။

အဆင့်မြင့် သီတင်းပတ်သည် “ကိစ္စရပ်များဖြေရှင်းသည့် သီတင်းပတ်” ဖြစ်သင့်ကြောင်း၊ ကိစ္စရပ်များတွင် ဂါဇာကမ်းမြောင်ဒေသ၊ ယူကရိန်း၊ ဆူဒန် စသည့်ဒေသများတွင် ငြိမ်းချမ်းမှုရရှိရေး၊ ရာသီဥတုဆိုင်ရာ ပြဿနာများကိုင်တွယ်ဖြေရှင်းရေး၊ တာဝန်ယူမှုရှိသောဆန်းသစ်တီထွင်မှုအာမခံရေး၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် ကျားမတန်းတူညီမျှမှု အသေးစိတ်အစီအစဉ်များ ရေးဆွဲရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးရည်မှန်းချက်များအတွက် ငွေကြေးထောက်ပံ့ရေးနှင့် ပိုမိုအားကောင်းသော ကုလသမဂ္ဂ တည်ဆောက်ရေးတို့ ပါဝင်ကြောင်း ဂူတာရက်စ်က အလေးထား ပြောကြားခဲ့သည်။ (Xinhua)
#ကမ္ဘာလုံးဆိုင်ရာအစီအမံများ #ကုလသမဂ္ဂပဋိညာဉ်စာတမ်း #ဂူတာရက်စ် #UN #Global_Initiatives
………………………………
Chinese Version)
古特雷斯:中方提出的系列全球倡议完全符合联合国宪章精神
新华社联合国9月16日电(记者潘云召)联合国秘书长古特雷斯16日表示,中方提出的系列全球倡议完全符合联合国宪章精神。
古特雷斯在当天举行的新闻发布会上回答媒体提问时说,中方提出的系列全球倡议充分尊重多边主义,全力支持联合国作为多边机构的核心地位,坚定致力于推动国际合作与和平解决冲突。
古特雷斯表示,全球地缘政治分歧扩大、冲突肆虐,有罪不罚现象愈加严重。此外,新技术“在没有护栏的情况下”飞速发展,不平等现象日益扩大。在此背景下,将于下周开始的第80届联合国大会高级别周“为对话和调解提供了一切可能”。
古特雷斯说,近150位国家元首和政府首脑将出席高级别周活动,其间将举行数千场领导人会晤,他本人将参加150多场双边会晤。他将利用每一次会晤,敦促各国领导人加强联系、直接对话、弥合分歧、降低风险、找到解决方案。
古特雷斯强调,高级别周应成为“解决问题的一周”,包括在加沙地带、乌克兰、苏丹等地实现和平,应对气候问题,确保负责任的创新,为妇女和女童制定具体的性别平等计划,为实现可持续发展目标融资,并建立一个更为强大的联合国。(完)
图说:9月16日,在位于纽约的联合国总部,联合国秘书长古特雷斯在新闻发布会上讲话。新华社记者谢锷摄