International Organizations
ကမ္ဘာ့ရွှေဈေး ဂယက်ထခဲ့သည့် နောက်ကွယ်တွင် မည်သည့် အတိမ်အနက်များရှိနေသနည်း
ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် နှစ်ဆန်းတွင် ကမ္ဘာ့အဖိုးတန်သတ္တုဈေးကွက်သည် “ရိုလာကိုစတာ” ကဲ့သို့ အပြောင်းအလဲများသည့် အနေအထားဖြစ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် လွန်ခဲ့သည့် ၂ နှစ်က မြင့်တက်သည့်အရှိန်အတိုင်း ဆက်လက်ရှိနေပြီး ဇန်နဝါရီလကုန်တွင် အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၅,၆၀၀ ကျော်အထိ သမိုင်းအမြင့်ဆုံးစံချိန်ကို ခုန်တက်ခဲ့ရာ ထို့နောက်မကြာမီ ရက်ပိုင်းအတွင်း၌ပင် ဈေးနှုန်းများ ပြန်လည်ထိုးဆင်းကာ စုစုပေါင်း ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းမှုပင် ဖြစ်ခဲ့သည်။ လက်ရှိ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ကန်ဒေါ်လာ ၅,၀၀၀ အထက်သို့ ပြန်လည်ရောက်ရှိခဲ့ပြန်သည်။ဈေးကွက်သုံးသပ်သူများက ပထဝီနိုင်ငံရေး၊ ကန်ဒေါ်လာငွေလဲနှုန်းထား၊ အတိုးနှုန်းထား စသည်တို့မှာ ရွှေဈေးအပေါ် သက်ရောက်သည့် အဓိကအကြောင်းရင်းများ ဖြစ်စေကာမူ မတူကွဲပြားသည့်သမိုင်းကာလများတွင် ရွှေဈေးအပေါ် ယင်းအကြောင်းရင်းများ၏ သက်ရောက်နိုင်စွမ်းသည်လည်း ပြောင်းလဲလျက်ရှိသည်ဟု ဆိုသည်။ လက်ရှိ ရွှေဝယ်လိုအား ဆက်လက်အားကောင်းနေခြင်းမှာ အရင်းခံအားဖြင့် ကမ္ဘာ့ဈေးကွက်က နိုင်ငံတကာငွေကြေးစနစ်နှင့် ပထဝီနိုင်ငံရေးအခြေအနေအပေါ် ပြန်လည်သုံးသပ်မှုကို ထင်ဟပ်လျက်ရှိသည်။ ရွှေသည် ရင်းနှီးမြှုပ်နှံသည့် ပိုင်ဆိုင်မှုပစ္စည်းနှင့် ယာယီဘေးကင်းရာ ကိရိယာအဖြစ်သာမဟုတ်တော့ဘဲ ရေရှည်မရေရာမှုကို ကိုင်တွယ်စီမံသည့် မဟာဗျူဟာအရန်ပစ္စည်းဖြစ်လာသည်။

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ ချန်ရှင်းခရိုင် ကျစ်ချိန်လမ်းရပ်ကွက် ဟန်ထိုက်ကျိုဟွေ့ချိန်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် အရောင်းဝန်ထမ်းတစ်ဦးက ရွှေထည်ပစ္စည်းများ စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရွှေဈေးအား သက်ရောက်မှုရှိသည့် အကြောင်းရင်းများ၏ အလေးသာမှု ပြောင်းလဲလာ
ရွှေဈေးလှုပ်ခတ်မှုသည် ရေရှည်အားဖြင့် အန္တရာယ်ရှောင်ကွင်းလိုသည့် လိုအပ်ချက်၊ ကန်ဒေါ်လာ ယုံကြည်ချက်နှင့် လက်တွေ့အတိုးနှုန်းထား စသည့် အကြောင်းရင်းများ၏ သက်ရောက်မှုကို ခံရကြောင်း သမိုင်းကိန်းဂဏန်း အချက်အလက်များက ဖော်ပြထားသည်။ သို့သော မတူကွဲပြားသည့် သမိုင်းကာလများတွင် အဓိကအကြောင်းရင်းများ၏ အလေးသာချက်က သိသာထင်ရှားသော ကွာခြားချက်များ ရှိခဲ့သည်။
၁၉၇၀ ပြည့်လွန်နှစ်များတွင် ရေနံအကျပ်အတည်းနှင့် ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးမှာ ဈေးကွက်၏ ထိပ်တန်းဦးစားပေးစဉ်းစားစရာ ဖြစ်လာခဲ့ပြီး ငွေကြေးဖောင်းပွမှုအား ခုခံခြင်းသည် ထိုစဉ်အခါက ရွှေဈေးမြင့်တက်စေသည့် အဓိကအင်အားဖြစ်ခဲ့သည်။ သို့သော် ၁၉၈၀ ပြည့်လွန်နှစ်များမှသည် ၂၁ ရာစု အစောပိုင်းကာလအထိ ကမ္ဘာတစ်ဝန်း ငွေကြေးဖောင်းပွမှုများ ထိန်းချုပ်လာနိုင်ခြင်း၊ စီးပွားရေးကဏ္ဍ တိုးတက်မှုကာလစက်ဝန်းသို့ ရောက်ရှိလာခြင်းနှင့် ကန်ဒေါ်လာခိုင်မာလာခြင်းများနှင့်အတူ ရွှေလက်ဝယ်ကိုင်ထားသည့် အခွင့်အရေး ကုန်ကျစရိတ် မြင့်တက်လာခဲ့သည်။ စီးပွားရေးတိုးတက်မှုနှင့် ခိုင်မာအားကောင်းသည့် ကန်ဒေါ်လာသည် အဓိကအကြောင်းရင်းဖြစ်ပြီး ရွှေဈေးနှုန်းများသည် နှစ်ပေါင်း ၂၀ ကြာ လျော့နည်းကျဆင်းသည့်ကာလကို ဖြတ်သန်းခဲ့သည်။

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန်မြို့ လျန်ယွင်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် အရောင်းဝန်ထမ်းတစ်ဦးက ရွှေထည်ပစ္စည်းများ စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ယခုအကြိမ် ရွှေဈေးမြင့်တက်သည့် ကာလပတ်တွင် ထူးခြားချက်လက္ခဏာသစ်များ ပေါ်ထွက်လာခဲ့သည်။ UBS Group အဖိုးတန်သတ္တုဆိုင်ရာ ဗျူဟာမှူး Joni Teves က ဈေးကွက်သည် ဖွဲ့စည်းပုံဆိုင်ရာ အချိုးအကွေ့တွင် ရှိနေပြီး ယခင်က ရွှေဈေးကို ဦးဆောင်သည့် လက်တွေ့အတိုးနှုန်းထားလော့ဂျစ်၏ထိရောက်မှုက အားလျော့သွားကာ အန္တရာယ်ရှောင်ရှားခြင်းနှင့် ယုံကြည်မှုပြန်လည်သုံးသပ်ခြင်းက နှစ်ထပ်ကွမ်း တွန်းအား ဖြစ်လာသည်ဟု ၎င်း၏နောက်ဆုံးအစီရင်ခံစာတွင် ယူဆထားသည်။
ကမ္ဘာလုံးဆိုင်ရာ ပိုင်ဆိုင်မှုစီမံခန့်ရေးကုမ္ပဏီ BlackRock က ကမ္ဘာ့ကြွေးမြီပမာဏသည် သမိုင်းတစ်လျှောက် မြင့်မားသည့်အနေအထား၌ ရှိနေသည့် နောက်ခံအခြေအနေအောက်တွင် ရွှေသည် အချုပ်အခြာအာဏာပိုင်များ၏ ယုံကြည်မှုကတိကဝတ်ကို အမှီမပြုသည့် ပိုင်ဆိုင်မှုအနေဖြင့် ၎င်း၏ ဘေးအန္တရာယ်အား ခုခံနိုင်စွမ်းမှာ ပို၍ ကြီးမားလာပြီး ဈေးနှုန်းသတ်မှတ်ချက် ယန္တရားမှာ ငွေပင်ငွေရင်းအပေါ် အခြေခံခြင်းမှသည် အန္တရာယ်အပေါ် အခြေခံ၍ သတ်မှတ်ခြင်းသို့ အသွင်ပြောင်းလျက်ရှိသည်ဟု သုံးသပ်ယူဆသည်။
ကမ္ဘာ့ရွှေကောင်စီ (GWC) သုတေသနဌာန ဝာာဝန်ခံ Juan Carlos Artigas က ၂၀၂၆ ခုနှစ်မှစ၍ ရွှေဈေးနှုန်းများ၏ ဂယက်ရိုက်ခတ်မှုက မက်ခရိုဘုံခန့်မှန်းချက်၏ “ပဲ့တင်ထပ်မှု” ကို ထင်ဟပ်နေသည်ဟု ယူဆသည်။ ကမ္ဘာ့ကြွေးမြီပမာဏသည် အချက်အချာကျသည့် ပိုင်းခြားအမှတ်တန်ဖိုးကို ကျော်လွန်လာသည်နှင့်အမျှ ရွှေနှင့် သမားရိုးကျပိုင်ဆိုင်မှုပစ္စည်းများ၏ ဆက်စပ်မှုနည်းပါးခြင်းကြောင့် ရွှေသည် အရေးပေါ်အသုံးပြုရန် ကိရိယာသက်သက်အဖြစ် မဟုတ်ဘဲ အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ (Institutional investors) က ဖွဲ့စည်းပုံဆိုင်ရာ ပိုင်ဆိုင်မှုခွဲဝေထားခြင်း၏ အဓိက ကွင်းဆက်တစ်ခု ဖြစ်လာခဲ့သည်။
ရွှေဈေးနှုန်းသတ်မှတ်ချက်က လှုပ်ရှားမှုမျှခြေသစ်ဆီသို့ လျှောက်လှမ်းလျက်ရှိ
၂၀၂၆ ခုနှစ်သို့ ဝင်ရောက်လာသည့်အခါ ကမ္ဘာ့ဈေးကွက်တွင် “ခိုင်မာသည့် ကန်ဒေါ်လာ” နှင့် “ခိုင်မာသည့် ရွှေ” ဟူသော လက္ခဏာနှစ်မျိုး အတူယှဉ်တွဲတည်ရှိနေသည့်အနေအထား ဖြစ်ပေါ်လာခဲ့သည်။ သမားရိုးကျသီအိုရီတွင် ကန်ဒေါ်လာ ခိုင်မာလာခြင်းက ရွှေဈေးနှုန်းကို သာမန်အားဖြင့် ထိန်းထားခြင်း ဖြစ်လေ့ရှိသော်လည်း ယခုနှစ်မှစ၍ ထိုနှစ်ခု၏ ဆက်စပ်မှုက သိသိသာသာ လျော့နည်းလာသည်။
ယင်းမှာ ရွှေဈေးနှုန်းက အကြောင်းရင်းများစွာ၏ သက်ရောက်ခံရမှုအောက်တွင် လှုပ်ရှားမှုမျှခြေသစ်အား ရှာဖွေနေသည်ကို ဖော်ပြကြောင်း သုံးသပ်သူများက ယူဆကြသည်။
State Street Global Advisors (SSGA) ၏ ရွှေနှင့်သက်ဆိုင်သော ဗျူဟာရေးဆွဲသူ Aakash Doshi က ဈေးကွက် ဈေးနှုန်းသတ်မှတ်မှုယန္တရားက လက်တွေ့အနေအထားသစ်များနှင့် လိုက်လျောညီထွေအောင် ပြောင်းလဲလျက်ရှိရာ ရွှေ၏ ပိုမိုခိုင်မာအားကောင်းသော သီးခြားပိုင်ဆိုင်မှုအနေအထားကို ပြသလျက်ရှိသည်ဟု ထောက်ပြခဲ့သည်။
အမေရိကန်ဗဟိုဘဏ်က လက်ရှိငွေကြေးမူဝါဒကို ဆက်လက်ထိန်းသိမ်းထားစေကာမူ ကမ္ဘာ့မက်ခရိုပတ်ဝန်းကျင်၏ မလုံခြုံမှုအကြောင်းရင်းများက ဆက်လက်တည်ရှိနေသရွေ့ ရွှေဈေးကို အောက်ခြေမှ ကျားကန်ထားခြင်းက တည်ငြိမ်ခိုင်မာနေဆဲဖြစ်ကြောင်း၊ ဈေးကွက်သည် “အကာအကွယ်ပုံစံ မြင့်တက်မှုမျိုးဖြင့်” ခွဲဝေထားသည့် နည်းဗျူဟာတစ်မျိုး ဖြစ်တည်လျက်ရှိကြောင်း ၎င်းက ယူဆသည်။
Goldman Sachs ကုန်စည်သုတေသနအဖွဲ့၏ ယခုကာလအစီရင်ခံစာတွင်လည်း ပုဂ္ဂလိကဌာနများနှင့် ထွန်းသစ်စဈေးကွက်များမှ ကဏ္ဍစုံလင်လာသည့်ဝယ်လိုအားကလည်း မူဝါဒအန္တရာယ်ကို တန်ပြန်ရိုက်ခတ်လျက်ရှိကြောင်း ဖော်ပြထားသည်။ Goldman Sachs သုံးသပ်သူ Daan Struyven က လက်ရှိ ဝယ်ယူမှုများသည် ဈေးနှုန်းပေါ်အခြေခံသည့် အရောင်းအဝယ်ပြုခြင်းဖြစ်ရုံသာမက ကမ္ဘာလုံးဆိုင်ရာ မူဝါဒ မရောရာမှုအပေါ် တန်ပြန်ရိုက်ခတ်ခြင်း ပို၍ပင်ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။ အဆိုပါအဖွဲ့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ မူဝါဒအန္တရာယ်များ သိသာထင်ရှားစွာ လျော့နည်းပပျောက်ခြင်းမရှိပါက ဤကဲ့သို့ ဘက်ပေါင်းစုံ အင်အားတို့၏အားပြိုင်မှုကြောင့် ဖြစ်တည်လာသော လှုပ်ရှားမှုမျှခြေမှာ ရွှေဈေးနှုန်း၏ဗဟိုချက်ကို ဆက်လက်မြင့်တက်စေမည်ဖြစ်သည်ဟု ယူဆရာ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်း၏ ရွှေဈေးနှုန်း ကြိုတင်ခန့်မှန်းချက်ကို တိုးမြှင့်ခဲ့သည်။
အစိုးရ မဟာဗျူဟာ တိုးမြှင့်မှုက ရွှေဈေးနှုန်းအား အထောက်အပံ့ပြု
ဈေးကွက် ရင်းနှီးမြှုပ်နှံမှု အယူအဆသဘောတရား ပြောင်းလဲခြင်းအပြင် ရွှေဈေးကွက်အတွင်း ကမ္ဘာ့ဗဟိုဘဏ်များ၏ အခန်းကဏ္ဍပြောင်းလဲမှုကလည်း ယခုအကြိမ် ရွှေဈေးနှုန်းကို ကျားကန်ပေးသည့် အဓိကအကြောင်းရင်း ဖြစ်သည်။ ယခုနှစ်ပိုင်းများတွင် ကမ္ဘာ့ဗဟိုဘဏ်များသည် ယခင်က ရွှေအသားတင်ရောင်းချသူမှ အသားတင်ဝယ်ယူသူအဖြစ်သို့ ပြောင်းလဲလာပြီဖြစ်သလို ရွှေဝယ်ယူသည့် လုပ်ဆောင်ချက်ကလည်း ရေရှည်အလားအလာအသွင်အဖြစ် ပေါ်လွင်လာကြောင်း ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။
၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ဗဟိုဘဏ်များ၏ ရွှေဝယ်သည့်ပမာဏမှာ မြင့်မားသော တန်ချိန် ၇၅၅ တန်ခန့်တွင် ဆက်ရှိနေမည်ဟု မျှော်မှန်းရပြီး ယင်းအဆင့်သည် ၂၀၂၂ ခုနှစ်မတိုင်မီ သမိုင်းတစ်လျှောက် ပျမ်းမျှတန်ဖိုးထက် များစွာ မြင့်မားကြောင်း JP Morgan ၏ ကုန်စည်ပစ္စည်း သုတေသနအချက်အလက်များတွင် ဖော်ပြထားသည်။
အဆိုပါအဖွဲ့အစည်း၏ ကုန်စည်ပစ္စည်းသုတေသနဌာနအကြီးအကဲ Gregory Shearer က အစိုးရအလွှာမှ စဉ်ဆက်မပြတ်ဝယ်ယူနေခြင်းက ရွှေဈေးနှုန်းကို အားကောင်းသည့် ကျားကန်မှုဖြစ်စေကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ဤကဲ့သို့ အသွင်ပြောင်းမှုက နိုင်ငံအသီးသီးအနေဖြင့် လက်ရှိပထဝီနိုင်ငံရေးနောက်ခံတွင် အရန်ပိုင်ဆိုင်မှုပစ္စည်းလုံခြုံမှုအပေါ် ပြန်လည်ချိန်ညှိစဉ်စားခြင်းကို ထင်ဟပ်ပြသလိုက်ရာ ရွှေအရန်ထားရှိမှုကို တိုးမြှင့်ခြင်းသည် မဟာဗျူဟာမြောက် ကာကွယ်ရေးနည်းလမ်းတစ်မျိုး ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကမ္ဘာ့ရွှေကောင်စီ (WGC) က ထိုမတိုင်မီထုတ်ပြန်သည့် စစ်တမ်းရလဒ်များတွင်လည်း ယင်းအလားအလာကို သက်သေပြခဲ့ရာ စစ်တမ်းလက်ခံဖြေဆိုသည့် ဗဟိုဘဏ်များက လာမည့်တစ်နှစ်အတွင်း ရွှေအရန်ထားရှိမှုကို တိုးမြှင့်ရန် သို့မဟုတ် ထိန်းသိမ်းထားရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။ သုံးသပ်သူများက နိုင်ငံပေါင်းစုံကုန်သွယ်ရေးစနစ်က မသေချာမရေရာမှုများနှင့် ရင်ဆိုင်နေရသည့် ပတ်ဝန်းကျင်တွင် ရွှေသည် အခြားတစ်ဖက်အပေါ် မှီခိုရန်မလိုအပ်သည့် လက်ဆုပ်လက်ကိုင်ပြနိုင်သော ပိုင်ဆိုင်မှုအနေဖြင့် ၎င်း၏ မဟာဗျူဟာတန်ဖိုးမှာ ပြန်လည်အကဲဖြတ်ခံနေရသည်ဟု ယူဆကြသည်။
အချုပ်အားဖြင့် ဆိုရလျှင် ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ရွှေဈေး မြင့်မားနေခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှုစနစ် အသွင်ပြောင်းသည့်ကာလ၏ ဈေးကွက်ထပ်ဟပ်မှုတစ်မျိုးဖြစ်သည်။ အမေရိကဘဏ် (BOA) သုံးသပ်ချက်အစီရင်ခံစာတွင် ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးအခင်းအကျင်းနှင့် အချုပ်အချာအာဏာပိုင်များ၏ ယုံကြည်မှုစနစ်သည် တည်ငြိမ်မှုကာလသစ်သို့ မဝင်ရောက်မီအချိန်အထိ ရွှေ၏ ပိုလျှံတန်ဖိုးသက်ရောက်မှုက အလျင်အမြန် လျော့နည်းပျောက်ကွယ်သွားမည်မဟုတ်ကြောင်း ခန့်မှန်းထားသည်။ လက်ရှိရွှေဈေးနှုန်း အလားအလာများက ရွှေ၏စွမ်းဆောင်ချက်သည် ဘဏ္ဍာရေးရင်းနှီးမြှုပ်နံမှုကိရိယာ သီးသန့်အနေအထားမှ နိုင်ငံစီးပွားရေးကဏ္ဍလုံခြုံရေး၏ မဟာဗျူဟာ အခြေခံအုတ်မြစ်အဖြစ်သို့ ပြန်လည်ရောက်ရှိလျက်ရှိကြောင်း ဖော်ပြနေပေသည်။ ကမ္ဘာ့တိုးတက်မှုမောင်းနှစ်အားသစ် အတည်ပြုခြင်း သို့မဟုတ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သစ် ရရှိမှု မရှိသေးချိန်အထိ ရွှေသည် မရေရာမှုကို တန်ပြန်ရိုက်ခတ်သည့် အဓိကကိရိယာအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ၎င်း၏ဈေးနှုန်း ဂယက်သည်လည်း ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး အခင်းအကျင်း၏ ပြောင်းလဲမှုကို ဆက်လက်ထင်ဟပ်နေမည် ဖြစ်ပေသည်။ (Xinhua)
———————————————
(Chinese Version)
国际观察|国际黄金价格波动背后有何深意
新华社北京2月10日电 题:国际黄金价格波动背后有何深意 新华社记者汪平
2026年伊始,国际贵金属市场上演“过山车”行情。国际金价在延续前两年涨势基础上,1月底一度飙升至超过每盎司5600美元的历史巅峰,随后在短短数日内大幅跳水,累计跌幅一度超过20%。目前,国际金价重回每盎司5000美元之上。
市场分析人士表示,尽管地缘政治、美元汇率、利率水平等通常是影响金价的主要因素,但在不同历史周期,这些因素对金价的影响力也在发生变化。当前黄金持续受到追捧,本质上反映全球市场对国际货币体系和地缘政治局势的重估。黄金已不仅是投资资产和临时避险工具,而是应对长期不确定性的战略储备。
金价驱动因素发生权重变化
历史数据显示,国际金价波动长期受到避险需求、美元信用及实际利率等主要因素影响。但在不同历史时期,主导因素的权重存在显著差异。
上世纪70年代,受石油危机和高通胀影响,物价稳定成为市场首要考量,抗通胀是彼时推升金价的主导力量。而在上世纪80年代至21世纪初,随着全球通胀得到控制、经济进入长增长周期以及美元地位稳固,持有黄金的机会成本上升,经济增长与强势美元成为主导因素,金价经历了长达20年的低迷期。
本轮金价上涨周期呈现出新特征。瑞银集团贵金属策略师乔尼·特维斯在最新报告中认为,市场正处于结构性转变节点,过去主导金价的实际利率逻辑效力减弱,避险属性与信用重估成为双重驱动力。全球资产管理公司贝莱德分析认为,在全球债务规模处于历史高位的背景下,黄金作为不依赖主权信用承诺的资产,其抗风险属性被放大,定价机制正从成本定价转向风险定价。
世界黄金协会研究部门负责人胡安·卡洛斯·阿蒂加斯认为,2026年以来黄金价格的波动反映了宏观共识预期的“共振”。随着全球债务规模突破关键阈值,黄金与传统资产的低相关性使其成为机构投资者结构性配置的重要一环,而非单纯的应急工具。
黄金定价走向新动态平衡
进入2026年,国际市场呈现出“强美元”与“强黄金”并存的现象。在传统理论中,美元走强通常抑制金价,但今年以来两者相关性明显减弱。分析人士认为,这表明金价正在多重因素作用下寻找新的动态平衡。
道富环球投资管理公司黄金策略师阿卡什·多希指出,市场定价机制正在适应新的现实,黄金表现出更强的独立资产属性。他认为,即便美联储维持当前货币政策,只要全球宏观环境中的不安全因素依然存在,金价的底部支撑就依然稳固,市场正在形成一种“防御性增长”的配置策略。
高盛商品研究团队在近期报告中也表示,来自私营部门和新兴市场的多元化需求正在对冲政策风险。高盛分析师达恩·斯特鲁伊文指出,当前买盘不仅是基于价格交易,更多是针对全球政策不确定性的对冲。该机构上调了2026年年底的金价预期,认为只要全球政策风险未见明显消退,这种由多方力量博弈形成的动态平衡将推动价格重心继续上移。
官方战略性增持支撑金价
除市场投资逻辑变化外,全球央行在黄金市场中的角色转变也是支撑本轮金价的重要因素。多项数据显示,近年来全球央行已从过去的黄金净卖方转变为净买方,且购金行为呈现出长期化趋势。
摩根大通大宗商品研究数据显示,2026年全球央行购金量预计将维持在约755吨的高位,这一水平远高于2022年之前的历史均值。该机构大宗商品研究主管格雷戈里·希勒分析说,官方层面持续买入为金价提供了有力支撑。这种转变反映了各国在当前地缘政治背景下对储备资产安全性的重新考量,增加黄金储备已成为一种战略性防御手段。
世界黄金协会此前发布的调查结果也印证了这一趋势,多数受访央行表示计划在未来一年内增加或维持黄金储备。分析人士认为,在多边贸易体系面临不确定性的环境下,黄金作为无对手盘风险的实物资产,其战略价值被重新评估。
综合来看,2026年国际金价高位运行,是全球经济治理体系转型期的一种市场映射。美国银行分析报告预测,在全球地缘政治格局和主权信用体系进入新的稳定期之前,黄金的溢价效应不会迅速消退。当前金价走势表明,黄金的功能正从单纯的金融投资工具向国家经济安全的战略基石回归。在新的全球增长引擎确立或国际合作达成新共识之前,黄金将继续作为对冲不确定性的重要工具,其价格波动也将持续反映全球政治经济格局的变化。(完)
1. 1月29日,在浙江省湖州市德清县禹越镇的一家金店,店员在整理黄金首饰。新华社发(倪立芳摄)
2. 1月29日,在浙江省湖州市长兴县雉城街道恒太九汇城的一家黄金店,店员在整理黄金饰品。新华社发(谭云俸摄)
3. 1月29日,顾客在海南省琼海市的一家金店选购金饰。新华社发(蒙钟德摄)
