International Organizations
အာဖရိကနိုင်ငံများအပေါ် တရုတ်နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့် အစီအမံများကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တန်ဖိုးထားချီးကျူး
အဒစ်အဘာဘာ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ် မေလ ၁ ရက်မှစ၍ သံတမန်ဆက်ဆံရေးထူထောင်ထားသော အာဖရိကနိုင်ငံ ၅၃ နိုင်ငံအပေါ် အခွန်ကင်းလွတ်ခွင့် အစီအမံများကို အပြည့်အဝ အကောင်အထည်ဖော်မည်ဖြစ်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၎င်းအနေဖြင့် ယင်းအပေါ် တန်ဖိုးထားချီးကျူးကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် အဒစ်အဘာဘာမြို့၌ ပြောကြားခဲ့သည်။၃၉ ကြိမ်မြောက် အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ ရက်တွင် အဒစ်အဘာဘာရှိ အာဖရိကသမဂ္ဂရုံးချုပ်၌ ဖွင့်လှစ်ခဲ့သည်။ အာဖရိကသမဂ္ဂရုံးချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဂူတာရက်စ်က ဆင်ဟွာသတင်းထောက်တစ်ဦး၏ မေးခွန်းကို ဖြေကြားရာတွင် “ဖွံ့ဖြိုးပြီးနိုင်ငံတွေအားလုံးနဲ့ ခိုင်မာအားကောင်းတဲ့စီးပွားရေးအင်အားရှိတဲ့ နိုင်ငံတွေအနေနဲ့ အလားတူအစီအမံတွေ လုပ်ဆောင်ကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်” ဟု ပြောကြားခဲ့သည်။
အာဖရိကအနေဖြင့် ၎င်း၏ ကုန်စည်များအတွက် လွတ်လပ်သောကုန်သွယ်မှုဖော်ဆောင်ရန် လိုအပ်ကြောင်း၊ ကန့်သတ်မှုရှိသော ကုန်သွယ်ရေးမူဝါဒနှင့် စည်းကြပ်ခွန်မူဝါဒများသည် အာဖရိကထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
“ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကျယ်ပြန့်တဲ့အလားအလာတွေ ဖန်တီးဖို့ လွတ်လပ်တဲ့ ကုန်သွယ်ရေးကို ကျွန်တော် အစဉ်အမြဲ ခိုင်ခိုင်မာမာ ထောက်ခံအားပေးသလို ကမ္ဘာတစ်ဝန်း အတိုင်းအတာအတွင်း စည်းကြပ်ခွန်အဆင့်တွေ လျှော့ချတာကိုလည်း ထောက်ခံအားပေးတယ်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ် မေလ ၁ ရက်မှစ၍ သံတမန်ဆက်ဆံရေးထူထောင်ထားသော အာဖရိကနိုင်ငံ ၅၃ နိုင်ငံအပေါ် အခွန်ကင်းလွတ်ခွင့် အစီအမံများကို အပြည့်အဝ အကောင်အထည်ဖော်မည်ဖြစ်သလို တစ်ချိန်တည်းမှာပင် ဘုံဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးမိတ်ဖက်ဆက်ဆံရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ပြီး “အစိမ်းရောင်စင်္ကြံ” အဆင့်မြှင့်တင်ခြင်းစသည့် နည်းလမ်းများဖြင့် အာဖရိကထုတ်ကုန်များ တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်ကို တစ်ဆင့်တိုး ချဲ့ထွင်ပေးမည်ဖြစ်သည်။ (Xinhua)
……………..
(Chinese Version)
联合国秘书长赞赏中国对非洲国家零关税举措
新华社亚的斯亚贝巴2月15日电(记者刘方强 徐瑞青)联合国秘书长古特雷斯14日在亚的斯亚贝巴表示,中方将于2026年5月1日起对53个非洲建交国全面实施零关税举措,他对此表示赞赏。
第39届非盟峰会14日在位于亚的斯亚贝巴的非盟总部开幕。古特雷斯在非盟总部举行的新闻发布会上接受新华社记者提问时说:“我呼吁所有发达国家以及具备较强经济实力的国家采取同样举措。”
古特雷斯表示,非洲需要为其商品实现自由贸易,限制性的贸易政策和关税政策影响非洲产品的竞争力。
“我始终坚定支持自由贸易,也支持在全球范围内降低关税水平,从而为世界经济发展创造更加广阔的前景。”古特雷斯说。
中方将于2026年5月1日起对53个非洲建交国全面实施零关税举措,同时继续推动商签共同发展经济伙伴关系协定,并通过升级“绿色通道”等进一步扩大非洲输华产品准入。(完)
图说:2月14日,在位于埃塞俄比亚首都亚的斯亚贝巴的非盟总部,联合国秘书长古特雷斯出席新闻发布会。新华社记者 谢剑飞 摄
