ရီယိုဒီဂျနေးရိုး၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
တောင်ကိုရီးယား၊ ဂျပန်တို့နှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည့် ဘရာဇီးအသင်း၏ လူစာရင်းအတွက် ရီးရဲလ်မက်ဒရစ် ကစားသမားများဖြစ်သည့် ရိုဒရီဂို၊ ဗင်နီစီယက်စ် ဂျူနီယာနှင့် အီဒါ မီလီတိုတို့ကို ပြန်လည်ရွေးချယ်လိုက်ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) က အောက်တိုဘာ ၁ ရက်၌ အတည်ပြုခဲ့သည်။
ဗင်နီစီယက်စ်မှာ လွန်ခဲ့သည့်လက ချီလီ၊ ဘိုလီဗီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ဘရာဇီးအသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များတွင် ပါဝင်ခဲ့ခြင်းမရှိသလို ရိုဒရီဂိုမှာလည်း မတ်လအတွင်း အာဂျင်တီးနားအသင်းကို ၁-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်နောက်ပိုင်း ဘရာဇီးအသင်း လူစာရင်းတွင် ပါဝင်လာခဲ့ခြင်းမရှိပေ။
ဒူးဒဏ်ရာကြောင့် ဘရာဇီးအသင်းအတွက် တစ်နှစ်ကျော်ကြာ ပါဝင်ကစားနိုင်ခြင်း မရှိသည့် မီလီတိုမှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီဖြစ်သည်။ဘရာဇီးအသင်း မန်နေဂျာ ကာလို အန်ဆယ်လော့တီက ကွင်းလယ်ကစားသမားများဖြစ်သည့် အန်ဒရေ၊ ဂျာအို ဂိုးမက်စ်နှင့် ဂျိုလင်တန်တို့အပြင် တိုက်စစ်မှူး အီဂေါ ဂျေးဆူးကိုလည်း ပြန်လည်ရွေးချယ်ခဲ့သည်။
သို့သော် ဘရာဇီးအသင်း၏ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်သူ နေမာမှာ ပေါင်ကြွက်သား စုတ်ပြဲဒဏ်ရာကြောင့် အသင်း၌ ရွေးချယ်ခံရခြင်းမရှိသလို ဂိုးသမား အယ်လစ်ဆန်၊ နောက်ခံလူ မာကွင်ဟိုစ်နှင့် တိုက်စစ်ကစားသမား ရာဖင်ညာတို့မှာလည်း ဒဏ်ရာပြဿနာကြောင့် အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။
ဘရာဇီးအသင်းမှာ အောက်တိုဘာ ၁၀ ရက်တွင် ဆိုးလ်မြို့၌ တောင်ကိုရီးယားအသင်းနှင့်လည်းကောင်း၊ ထို့နောက် လေးရက်အကြာတွင် တိုကျိုမြို့၌ ဂျပန်အသင်းနှင့်လည်းကောင်း ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ထိုပွဲစဉ်များမှာ လာမည့်နှစ်တွင် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့၌ ကျင်းပမည့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကြိုစမ်းသပ်မှုမဟုတ်ဘဲ အမှန်တကယ် လေ့ကျင့်ပြင်ဆင်မှုဖြစ်သည်ဟု အန်ဆယ်လော့တီက ဆိုသည်။
“ဘရာဇီးအသင်းရဲ့ ပွဲစဉ်တွေက စမ်းသပ်ဖို့အတွက် မဟုတ်ပါဘူး။ ကစားသမားတွေအနေနဲ့ ကစားပုံကောင်းကောင်းနဲ့ နိုင်ပွဲရယူပြီး ပရိသတ်တွေအတွက် မျှော်လင့်ချက်တွေ ဖန်တီးပေးရပါမယ်။ အဲဒါက အဓိကဦးစားပေးပါပဲ” ဟု အဆိုပါ အီတလီနိုင်ငံသားနည်းပြက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“ယေဘုယျအားဖြင့်ဆိုရင် ဘရာဇီးကစားသမားတွေက သိပ်ကိုအရည်အသွေးမြင့်ပါတယ်။ ပင်ကိုအရည်အသွေးလည်း စုံကြတယ်။ ဒါပေမဲ့ ကျွန်တော် စမ်းသပ်တာတွေ မလုပ်ချင်ဘူး။ လာမယ့်လတွေအတွက် ကျွန်တော့်စိတ်ကူးက ရှင်းရှင်းလေးပါပဲ။ ကျွန်တော် တီထွင်ဖန်တီးတာတွေ မလုပ်ချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘောလုံးအားကစားဆိုတာ ဟိုးအရင်ကတည်းက တီထွင်ဖန်တီးခဲ့တာမို့လို့ပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဘရာဇီးအသင်း၏ လူစာရင်းတွင် ဂိုးသမားများအဖြစ် ဘန်တို၊ အီဒါဆန်၊ ဟူဂို ဆူဇာတို့ ပါဝင်ကာ နောက်ခံလူများအဖြစ် ကာအို ဟန်းနရစ်၊ ကားလို့စ် အော်ဂတ်စတို၊ ဒေါက်ဂလပ်စ် ဆန်းတို့စ်၊ ဗန်ဒါဆန်၊ ဝက်စလေ၊ အီဒါ မီလီတို၊ ဂါဘရီရယ် မာဂါဟေးစ်၊ ဖာဘရီစီယို ဘရူနို၊ ဘယ်ရာဒိုတို့ ပါဝင်လာခဲ့သည်။
ကွင်းလယ်လူများအဖြစ် အန်ဒရေ၊ ဘရူနို ဂွီမာရေးစ်၊ ကက်စီမီရို၊ ဂျာအို ဂိုးမက်စ်၊ ဂျိုလင်တန်၊ ပါကေတာတို့ကို ရွေးချယ်ထားကာ တိုက်စစ်ကစားသမားများအဖြစ် အီစတေဗို၊ ဂါဘရီရယ် မာတင်နယ်လီ၊ အီဂေါ ဂျေးဆူး၊ လူးဝစ်ဇ် ဟန်းနရစ်၊ မက်သီးယက်စ် ကွန်ညာ၊ ရစ်ချာလီဆန်၊ ရိုဒရီဂိုနှင့် ဗင်နီစီယက်စ် ဂျူနီယာတို့ကို ရွေးချယ်ထားကြောင်း သိရသည်။ (Xinhua)
……………………………………………………………………………………………..
(English Version)
Brazil calls up Rodrygo, Vinicius for Asia friendlies
RIO DE JANEIRO, Oct. 1 (Xinhua) — Real Madrid’s Rodrygo, Vinicius Junior and Eder Militao have been recalled to Brazil’s squad for friendlies against South Korea and Japan, the Brazilian Football Confederation (CBF) said on Wednesday.
Vinicius was left out of Brazil’s World Cup qualifiers against Chile and Bolivia last month, while Rodrygo has not featured for the Selecao since a 4-1 defeat to Argentina in March.
Militao, meanwhile, is fit again after a knee injury that sidelined him from the national team for more than a year.
Brazil manager Carlo Ancelotti also recalled midfielders Andre, Joao Gomes and Joelinton, as well as striker Igor Jesus.
But there was no place for Brazil’s all-time leading scorer Neymar, who has a thigh muscle tear, while goalkeeper Alisson, defender Marquinhos and forward Raphinha were also omitted with injuries.
Brazil will meet South Korea in Seoul on October 10 and Japan in Tokyo four days later.
Ancelotti said the matches would be used as bona fide preparation, and not to experiment, ahead of next year’s FIFA World Cup in the United States, Mexico and Canada.
“The national team’s matches will not be for testing,” the Italian coach told a news conference. “They are to play well, to win, to create hope among the fans. That is the priority.”
“In general, the quality of Brazilian players is very high. There is a lot of variety. But I don’t want to experiment. The idea for the coming months is clear. I don’t want to invent, because football was invented a long time ago,” he added.
Brazil squad:
Goalkeepers: Bento, Ederson, Hugo Souza.
Defenders: Caio Henrique, Carlos Augusto, Douglas Santos, Vanderson, Wesley, Eder Militao, Gabriel Magalhaes, Fabricio Bruno, Beraldo.
Midfielders: Andre, Bruno Guimaraes, Casemiro, Joao Gomes, Joelinton, Paqueta.
Forwards: Estevao, Gabriel Martinelli, Igor Jesus, Luiz Henrique, Matheus Cunha, Richarlison, Rodrygo, Vinicius Junior.
English Caption 1
Starting players of Brazil pose for team photos before the 2026 FIFA World Cup CONMEBOL Qualifier football match between Brazil and Chile at Maracana Stadium in Rio de Janeiro, Brazil, on Sept. 4, 2025. (Photo by Claudia Martini/Xinhua)
English Caption 2
Carlo Ancelotti, head coach of Brazil, reacts before the 2026 FIFA World Cup CONMEBOL Qualifier football match between Brazil and Chile at Maracana Stadium in Rio de Janeiro, Brazil, on Sept. 4, 2025. (Photo by Claudia Martini/Xinhua)
English Caption 3
Estevao (R) of Brazil celebrates his goal with teammate Joao Pedro during the 2026 FIFA World Cup CONMEBOL Qualifier football match between Brazil and Chile at Maracana Stadium in Rio de Janeiro, Brazil, on Sept. 4, 2025. (Photo by Claudia Martini/Xinhua)