Connect with us

International Organizations

၂၀၂၆ ခုနှစ် ဖီဘာ အမျိုးသမီးကမ္ဘာ့ဖလား ဘတ်စကက်ဘောပြိုင်ပွဲအတွက် လက်မှတ်များ စတင်ရောင်းချ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၌ ကစားခဲ့သည့် ၂၀၂၃ ဖီဘာအမျိုးသမီးအာရှဖလား ဘတ်စကက် ဘောပြိုင်ပွဲ၌ လက်ဘနွန်အသင်းနှင့်ကစားခဲ့သည့် အုပ်စု A ပွဲစဥ်ပြီးနောက် ပရိသတ်များကို နှုတ်ဆက်နေသော တရုတ်အမျိုးသမီးဘက်စကက်ဘောအသင်းမှ ကစားသမားများအား ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက် က တွေ့ရစဥ် (ဆင်ဟွာ)

မိုင်းစ်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားဘတ်စကက်ဘောပြိုင်ပွဲအတွက် လက်မှတ်များကို စတင်ရောင်းချ လိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာ ဘတ်စကက်ဘောအဖွဲ့ချုပ် (ဖီဘာ) က အောက်တိုဘာ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။၁၆ သင်းပါဝင်ယှဥ်ပြိုင်မည့် အဆိုပါ အမျိုးသမီးကမ္ဘာ့ဖလားဘတ်စကက်ဘောပြိုင်ပွဲကို ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

နောက်ဆုံးအဆင့်ပွဲစဥ်များအတွက် ရောင်းချခဲ့သည့် လက်မှတ်များမှာ ဗိုလ်လုပွဲ၊ ဆီမီးဖိုင်နယ် ၂ ပွဲ၊ တတိယနေရာလုပွဲအပါအဝင် စုစုပေါင်း ၁၂ ပွဲ ကြည့်ရှုခွင့်ရမည်ဖြစ်သည်။
နောက်ဆုံးအဆင့်ပြိုင်ပွဲများအတွက် လက်မှတ်များကို စတင်ရောင်းချလိုက်ပြီဖြစ်သလို ပြိုင်ပွဲကျင်းပရန် ၁၂ လမျှပင်မလိုတော့သဖြင့် ၂၀၂၆ ခုနှစ် ဖီဘာအမျိုးသမီးကမ္ဘာ့ဖလားဘတ်စကက်ဘောပြိုင်ပွဲက ပိုမိုစိတ်လှုပ်ရှားစရာကောင်းလာကြောင်း ဖီဘာအထွေထွေအတွင်းရေးမှူး အန်ဒရီးရက်စ်ဇာဂလစ်က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ကွင်းကန့်သတ်ချက်ရှိသောပွဲစဥ်များ၊ အိမ်ရှင်ဂျာမနီပါဝင်သော အုပ်စုပွဲစဥ်လက်မှတ်များ၊ ပရီမီယံလက်မှတ်များ၊ နောက်ဆုံးအဆင့်ပြိုင်ပွဲများအတွက် နေ့အလိုက်လက်မှတ်များအပါအဝင် ထပ်တိုးလက်မှတ်များကိုမူ နိုဝင်ဘာလအတွင်း ထုတ်ပြန်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လအတွင်း၌ ကစားကြမည့် လက်ရည်စစ်ပြိုင်ပွဲများပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကစားခွင့်ရမည့် ၁၆ သင်းထွက်ပေါ်လာမည်ဖြစ်ပြီး လက်ရည်စစ်ပြိုင်ပွဲများအတွက် ပွဲစဥ်ဇယားရေးဆွဲမှုကို နိုင်ငံတကာ ဘတ်စကက်ဘောအဖွဲ့ချုပ် ရုံးချုပ်၌ အောက်တိုဘာ ၇ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။ (Xinhua)
#FIBA #WorldCup #TicketsSale #နိုင်ငံတကာဘတ်စကက်ဘောအဖွဲ့ချုပ် #ကမ္ဘာ့ဖလား #လက်မှတ်များရောင်းချ
———————–
(English Version)
Tickets on sale for FIBA Women’s World Cup 2026
MIES, Switzerland, Oct. 1 (Xinhua)
Tickets for the 2026 Women’s Basketball World Cup are now on sale, the sport’s global governing body FIBA announced Wednesday.
The tournament will tip off in Berlin, Germany from September 4 to 13, with 16 teams expected to compete.
Tickets for the Final Phase, which features 12 games, are available, including Final Weekend passes covering both semifinals, the third-place game and the championship.
“With less than 12 months to go and tickets going on sale for the Final Phase, the countdown to the FIBA Women’s Basketball World Cup 2026 is becoming ever more exciting,” FIBA Secretary General Andreas Zagklis said in a statement.
Additional tickets will be released in November, including day passes for the Final Phase, premium tickets, Team Germany group phase packages and limited courtside offers.
The 16-team field will be finalized after the qualifying tournaments in March. The draw for those qualifiers will be held at FIBA headquarters on October 7. ■
Photo:
Players of China greet spectators after the group A match against Lebanon at the 2023 FIBA Women’s Asia Cup in Sydney, Australia, June 26, 2023. (Photo by Hu Jingchen/Xinhua)