Connect with us

International Organizations

ဘရန့်ဖို့ဒ်က လီဗာပူးလ်ကို အနိုင်ရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက် နိုင်ပွဲဆက်နေ

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်က လီဗာပူးလ်အသင်းနှင့် အဲဗာတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ လီဗာပူးလ်အသင်းနည်းပြချုပ် အာနယ် ဆလော့အား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

အောက်တိုဘာ ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘရန့်ဖို့ဒ်က လီဗာပူးလ်ကို အိမ်ကွင်း၌ ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့ပြီး လီဗာပူးလ်အား ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲဆက်တိုက် ရှုံးပွဲတွေ့စေခဲ့သည်။လီဗာပူးလ်အနေဖြင့် ချန်ပီယံလိဂ်တွင် ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ယခုပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်သော်လည်း လက်ပစ်ဘောမှတစ်ဆင့် ဘရန့်ဖို့ဒ်ကစားသမား ဒန်ဂို အွက်တာရာ၏ လျင်လျင်မြန်မြန် ဦးဆောင်ဂိုးသွင်းယူခြင်းကို ခံခဲ့ရသည်။

ပထမပိုင်းမပြီးဆုံးမီတွင် ကယ်ဗင် ရှာဒီက ဘရန့်ဖို့ဒ်အတွက် ဒုတိယဂိုးထပ်မံသွင်းယူခဲ့သော်လည်း မိနစ်ပိုင်းအကြာတွင် မီလော့စ် ကာကက်ဇ်က အနီးကပ်ပိတ်သွင်း၍ လီဗာပူးလ်အသင်း၏ မျှော်လင့်ချက်ကို အသက်ဆက်ပေးခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်က ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ လီဗာပူးလ်ကစားသမားများ စုဝေးနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

သို့သော် အီဂေါ သီယာဂိုက ပင်နယ်တီမှတစ်ဆင့် ဂိုးသွင်းယူခဲ့သဖြင့် ဘရန့်ဖို့ဒ်က နှစ်ဂိုးအသာဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့ကာ မိုဟာမက် ဆာလာက ပုံမှန်ပွဲကစားချိန် နောက်ဆုံးမိနစ်တွင် သေသပ်လှပသော သွင်းဂိုးတစ်ဂိုးကို သွင်းယူခဲ့ပြီးနောက် လီဗာပူးလ်အတွက် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာသော်လည်း ဘရန့်ဖို့ဒ်က လက်ကျန်မိနစ်များတွင် အနိုင်ရလဒ်ကို အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့သည်။

မန်ချက်စတာယူနိုက်တက်က ဘရိုက်တန်ကို ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပထမပိုင်းတွင် မက်သီးယက်စ် ကွန်ညာနှင့် ကက်စီမီရိုတို့က ဦးဆောင်ဂိုးသွင်းယူခဲ့သလို ဘရိုင်ယန် အမ်ဘူမိုကလည်း ဒုတိယပိုင်းတွင် နှစ်ဂိုးသွင်းယူခဲ့သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်က ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ ခရစ္စတယ်ပဲလေ့စ်အသင်းက နာကျင်အချိန်ပိုတွင် အနိုင်ဂိုးသွင်းယူပြီးနောက် လီ‌ဗာပူးလ်အသင်းမှ မိုဟာမက် ဆာလာ (ဝဲ) စိတ်ပျက်လက်ပျက်ဖြစ်နေစဉ် (ဆင်ဟွာ)

ဒန်နီ ဝဲလ်ဘတ်ခ်နှင့် ချာရာလမ်ပိုစ် ကော့စကျူးလက်စ်တို့က ဒုတိယပိုင်းတွင် ဘရိုက်တန်အတွက် ချေပဂိုးတစ်ဂိုးစီ သွင်းယူခဲ့ပြီး စိတ်လှုပ်ရှားစရာ အခြေအနေအချို့ကို ဖန်တီးနိုင်ခဲ့သော်လည်း အမ်ဘူမို၏ ဒုတိယသွင်းဂိုးက ဘရိုက်တန်၏ မျှော်လင့်ချက်များကို အဆုံးသတ်စေခဲ့သည်။

အင်္ဂလန် အရှေ့မြောက်ပိုင်းမှ ကလပ်အသင်းများအဖို့ ရလဒ်ကောင်းများ ရယူနိုင်ခဲ့သည့် နေ့တစ်နေ့ဖြစ်ခဲ့ပြီး နယူးကာဆယ်ယူနိုက်တက်က ဖူလ်ဟမ်ကို အိမ်ကွင်း၌ ခက်ခက်ခဲခဲကစားကာ နောက်ဆုံးမိနစ်သွင်းဂိုးဖြင့် အနိုင်ရခဲ့သလို ဆန်းဒါးလန်းကလည်း နာကျင်အချိန်ပို သွင်းဂိုးဖြင့် စတမ်းဖို့ဒ်ဘရစ်ဂျ်၌ ချဲလ်ဆီးအား အနိုင်ရခဲ့သည်။

ပွဲချိန် ၉၃ မိနစ်တွင် အနိုင်ဂိုးသွင်းယူခဲ့သည့် ချမ်စ်ဒင်း တာလ်ဘီက ဆန်းဒါးလန်းအတွက် သူရဲကောင်းဖြစ်ခဲ့ပြီး တန်းတက် ဆန်းဒါးလန်းအနေဖြင့် ယခုရာသီတွင် ငါးပွဲမြောက်နိုင်ပွဲကို ရယူနိုင်ခဲ့သည်။
ပွဲချိန်လေးမိနစ်တွင် အလီဟန်ဒရို ဂါနာချိုက ပက်ဒရို နက်တို၏ ဖန်တီးပေးမှုမှတစ်ဆင့် ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဝီလ်ဆင် အစ်စီဒေါက ပွဲချိန် ၂၂ မိနစ်တွင် ဆန်းဒါးလန်းအတွက် ချေပဂိုးသွင်းယူခဲ့သလို ဧည့်သင်းအသင်းမှာ ချဲလ်ဆီးအသင်း၏ ဟန်ချက်ကို ဖြိုဖျက်နိုင်ခဲ့ပြီး တာလ်ဘီက နောက်ကျအနိုင်ဂိုး သွင်းယူခဲ့သည်။

နယူးကာဆယ်က ဘရူနို ဂွီမာရေးစ်၏ အနိုင်ဂိုးနှင့်အတူ ဖူလ်ဟမ်ကို အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရလဒ်ကောင်းများကို ဆက်တိုက်ပြန်လည်ရယူနိုင်ခဲ့ကာ ထိုပွဲစဉ်မှာ အကြိတ်အနယ်ရှိသော ပွဲစဉ်တစ်ပွဲဖြစ်ခဲ့သည်။

ဝက်စ်ဟမ်းယူနိုက်တက်မှာမူ နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံး ရာသီအစပိုင်းရလဒ်နှင့် ကြုံနေရပြီး အဝေးကွင်း၌ လိဒ်ယူနိုက်တက်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ အိမ်ရှင်လိဒ်ယူနိုက်တက်အတွက် သွင်းဂိုးများကို ဘရန်ဒန် အေရွန်ဆန်နှင့် ဂျိုးရိုဒန်တို့က ပွဲချိန်အစောပိုင်းတွင် သွင်းယူခဲ့ကာ ဝက်စ်ဟမ်းအသင်းမှာမူ ကစားပုံဆိုးရွားနေခဲ့ပြီး ပွဲချိန်မိနစ် ၉၀ ရောက်မှသာ မာတီယက်စ် ဖာနန်ဒက်စ်က နှစ်သိမ့်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည်။ (Xinhua)
…………………………………………………….
(English Version)
Brentford continues Liverpool crisis as Manchester United record continues
LONDON, Oct. 25 (Xinhua) — Brentford condemned Liverpool to its fourth consecutive Premier League defeat on Saturday with a 3-2 home win.
Liverpool went into the match after a 5-1 win in the Champions League, but quickly fell behind when Dango Ouattara scored following a long throw-in.
Kevin Schade doubled Brentford’s lead just before halftime, but moments later Milos Kerkez finished from close range to give Liverpool hope of a fightback.
Igor Thiago restored Brentford’s two-goal lead from the penalty spot, and although Mohamed Salah’s excellent last-minute goal gave Liverpool hope, Brentford managed the final minutes well.
Manchester United beat Brighton 4-2 with Bryan Mbuemo netting two goals after Mateus Cunha and a deflected shot from Casemiro had put United 2-0 up by halftime.
Danny Welbeck and Charalampos Kostoulas gave some emotion to the second half to bring the score from 3-0 to 3-2, but Mbuemo’s second goal killed off any hopes of a fightback.
It was a good day for teams from the North-east of England as Newcastle United claimed a hard-fought win at home to Fulham thanks to a goal in the last minute, while Sunderland stunned Chelsea with an injury-time winner at Stamford Bridge.‌
Chemsdine Talbi was Sunderland’s hero with a 93rd minute goal to give the recently promoted side its fifth win of the season.
Things looked to be going perfectly for Chelsea after Alejandro Garnacho put them ahead in just the fourth minute with Pedro Neto providing another assist, but Wilson Isidor equalized for Sunderland in the 22nd minute and the visitors were able to disrupt Chelsea’s rhythm ahead of Talbi’s late winning goal.
Bruno Guimaraes slotted home a rebound as Newcastle continued to recover after taking an even match 2-1 at home to Fulham.
West Ham United’s worst start to a season in 50 years continued with a 2-1 defeat away to Leeds United, with the home side scoring early goals through Brenden Aaronson and Joe Rodon and West Ham not finding the target until Matias Fernandes’ 90th minute effort that was scant consolation after another poor display.
English Caption 1
Liverpool’s head coach Arne Slot is seen before the English Premier League match between Liverpool FC and Everton FC in Liverpool, Britain, on Sept. 20, 2025. (Xinhua)
English Caption 2
Liverpool’s players form a huddle before the English Premier League match between Crystal Palace FC and Liverpool FC in London, Britain, on Sept. 27, 2025. (Xinhua)
English Caption 3
Liverpool’s Mohamed Salah (L) reacts after Crystal Palace scored an injury-time winning goal during the English Premier League match between Crystal Palace FC and Liverpool FC in London, Britain, on Sept. 27, 2025. (Xinhua)