Connect with us

International Organizations

ယူရိုပါလိဂ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြပေါ့စတီကိုဂလူးအား နော့တင်ဟမ်ဖောရက်စ် ပရိသတ်များ အမျက်ဒေါသထွက်

စင်ကာပူနိုင်ငံရှိ အမျိုးသားအားကစားကွင်း၌ ပြုလုပ်သည့် Singapore Festival of Football ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော အန်း ပေါ့စတီကိုဂလူးအား ၂၀၂၃ ခုနှစ် ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အောက်တိုဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ယူရိုပါလိဂ် ဘောလုံးပြိုင်ပွဲတွင် မစ်ဂျီလန်းအသင်းအား အိမ်ကွင်း၌ ၂-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် နည်းပြချုပ် အန်းဂျ် ပေါ့စတီကိုဂလူး၏ လက်အောက်တွင် နော့တင်ဟမ်ဖောရက်စ်အသင်းမှာ ခြောက်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေသည့်အတွက် အိမ်ကွင်း စီးတီးဂရောင်း၌ ပရိသတ်များ၏ ဒေါသတကြီး တုံ့ပြန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ဖောရက်စ်အနေဖြင့် ၂၉ နှစ်အတွင်း ဥရောပဘောလုံးပွဲစဉ်များကို အိမ်ကွင်း၌ ပထမဆုံးအကြိမ် ပြန်လည်လက်ခံကစားရခြင်း ဖြစ်သော်လည်း ဧည့်သည် ဒိန်းမတ်အသင်းက ဖောရက်စ်၏ ခံစစ်ပိုင်းအားနည်းချက်များကို အသုံးချကာ နိုင်ပွဲရယူခဲ့သဖြင့် စိတ်ပျက်စရာဖြစ်ခဲ့ရသည်။

မစ်ဂျီလန်း ကစားသမားများဖြစ်သည့် အူစမန် ဒီယာအိုနှင့် မက်စ် ဘက်ချ်တို့က ပထမပိုင်းတွင် တည်ကန်ဘောမှတစ်ဆင့် ဂိုးများသွင်းယူနိုင်ခဲ့ခြင်းက မစ်ဂျီလန်း၏ အမှတ်သညာဖြစ်သော တည်ကန်ဘောများအား အကောင်းဆုံးအသုံးချနိုင်မှုကို ပေါ်လွင်ထင်ရှားစေခဲ့သည်။ ဒန် အင်န်ဒိုယီက ဖောရက်စ်အတွက် ချေပဂိုးသွင်းယူခဲ့သော်လည်း ဧည့်သည် ဒိန်းမတ်ကလပ်အသင်းက မိနစ်ပိုင်းအတွင်း ဦးဆောင်ဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။

ထိုစဉ် ဖောရက်စ်နောက်ခံလူ မူရီလိုအား ဒဏ်ရာကြောင့် လူစားလဲခဲ့ရသည့်အတွက် အသင်း၏ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး အဲလိယော့ အန်ဒါဆန်၏ လုပ်အားနှုန်းနှင့် ခရစ္စဝုဒ်၏သွင်းဂိုး ပယ်ဖျက်ခံရခြင်းတို့က ပွဲ၏အရှိန်အဟုန်ကို ပြောင်းလဲနိုင်ခြင်း မရှိတော့ပေ။ ဗာလ်ဒီမာ ဘစ်စကော့ဗ်က ပွဲချိန် ၈၈ မိနစ်တွင် မစ်ဂျီလန်းအတွက် အဆုံးအဖြတ်ဖြစ်စေမည့် တတိယဂိုးကို သွင်းယူခဲ့ရာ “ဒီမနက်တင် ထုတ်လိုက်ပြီ” ဟူသော အိမ်ရှင်ပရိသတ်များ၏ ဒေါသတကြီး သံပြိုင်အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

နာကျင်အချိန်ပိုတွင် ဝုဒ်က ပင်နယ်တီမှတစ်ဆင့် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သော်လည်း ပွဲသိမ်းခရာမှုတ်ချိန်တွင် ပေါ့စတီကိုဂလူးအပေါ် ပရိသတ်များ၏ အမျက်ဒေါသမှာ သိသိသာသာ ပြေလျော့သွားခြင်းမရှိဘဲ နည်းပြဟောင်း နူနို အက်စ်ပီရစ်တို ဆန်တိုကို ထောက်ခံသည့် သံပြိုင်ကြွေးကြော်မှုများ ပြုလုပ်ခဲ့ကြသည်။ (Xinhua)
#SportsvNottinghamForest #EuropaLeague #Postecoglou #အားကစား #နော့တင်ဟမ်ဖောရက်စ် #ယူရိုပါလိဂ် #ပေါ့စတီကိုဂလူး
…………………………………………………………………………………………………………..
(English Version)
Nottingham Forest fans turn on Postecoglou after Europa League defeat
LONDON, Oct. 2 (Xinhua) — Ange Postecoglou endured a hostile reception at the City Ground as his winless start as Nottingham Forest head coach stretched to six games after a 3-2 loss to Midtjylland in the UEFA Europa League.
European football returned to Forest’s home for the first time in 29 years, but the occasion was spoiled by the Danish visitors, who capitalized on dismal defending to claim the victory.
Ousmane Diao and Mads Bech both struck from set-pieces in the first half, highlighting Midtjylland’s trademark strength at dead balls. Dan Ndoye briefly gave Forest hope by leveling the score, only for the Danes to regain the lead within minutes.
Forest’s night worsened as defender Murillo limped off injured, while Elliot Anderson’s energy and Chris Wood’s disallowed goals could not swing the momentum. Valdemar Byskov added a decisive third for Midtjylland in the 88th minute, prompting chants of “sacked in the morning” from the frustrated home crowd.
Wood’s stoppage-time penalty reduced the deficit but did little to soften the anger aimed at Postecoglou at the final whistle, with fans also chanting in support of the Australian’s predecessor Nuno Espirito Santo.
English Caption
Ange Postecoglou attends the press conference at the Singapore Festival of Football held at the National Stadium in Singapore, July 25, 2023. (Photo by Then Chih Wey/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.