Connect with us

International Organizations

ယမားလ် ဆေးကုသမှုခံယူပြီးနောက် အသင်းလူစာရင်းမှ နုတ်ထွက်သွားသည့်အတွက် အံ့ဩတုန်လှုပ်ခဲ့ရဟု စပိန်အသင်းနည်းပြ ဖွင့်ဟ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Theatre du Chatelet ပြဇာတ်ရုံ၌ ၂၀၂၅ ခုနှစ် ဘလွန်းဒီအော ဆုပေးပွဲအခမ်းအနားမတိုင်မီ ကော်ဇောနီပေါ်သို့ ရောက်ရှိလာသည့် ဘာစီလိုနာအသင်းမှ စပိန်ကစားသမား လာမင်း ယမားလ်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဘာစီလိုနာအသင်း တောင်ပံကစားသမား လာမင်း ယမားလ်မှာ ပေါင်ခြံဒဏ်ရာအတွက် ကုသမှုခံယူခဲ့ပြီးနောက် စပိန်အသင်း၏ လာမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကို လွဲချော်မည့်သတင်းကြောင့် အံ့ဩတုန်လှုပ်ခဲ့ရကြောင်း စပိန်အသင်းနည်းပြ လူးဝစ်စ် ဒယ်လာဖွန်တေးက ဖွင့်ဟပြောဆိုခဲ့သည်။ဒယ်လာဖွန်တေးက ယမားလ်ကို ဂျော်ဂျီယာ၊ တူကီယဲအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ခြေစစ်ပွဲစဉ်များအတွက် နိုဝင်ဘာ ၇ ရက်က အသင်းလူစာရင်း၌ ထည့်သွင်းခဲ့ခြင်းဖြစ်ကာ ယမားလ်အနေဖြင့် အဆိုပါသီတင်းပတ်အတွင်း ကလပ်ဘရုဂေးအသင်းနှင့် ၃ ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်၌ ဘာစီလိုနာအသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သည့်အတွက် ကြံ့ခိုင်မှုပြည့်ဝနေသည်ဟု ယူဆကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယမားလ်မှာ နိုဝင်ဘာ ၉ ရက်က ဆယ်လ်တာဗီဂိုကို အဝေးကွင်းတွင် ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်၌လည်း ဘာစီလိုနာအတွက် မိနစ် ၉၀ ကျော် ပါဝင်ကစားခဲ့သော်လည်း ၎င်းအနေဖြင့် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ဆေးကုသမှုခံယူခဲ့ခြင်းကြောင့် နိုင်ငံအသင်းအတွက် ပါဝင်ကစားနိုင်တော့မည် မဟုတ်ကြောင်းကို စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က နောက်ပိုင်းမှသာ သိရှိခဲ့ရခြင်းဖြစ်သည်။

“ကျွန်တော် အဲဒီလိုမျိုး တစ်ခါမှမကြုံဖူးပါဘူး။ အဲဒါကို လုပ်ရိုးလုပ်စဉ်တစ်ခုလို့ ကျွန်‌တော်မထင်ဘူး” ဟု အသံလွှင့်ဌာနတစ်ခုနှင့် အင်တာဗျူး၌ ဒယ်လာဖွန်တေးက ပြောကြားခဲ့သည်။
အဆိုပါသတင်းက အံ့ဩတုန်လှုပ်စရာအဖြစ် ထွက်ပေါ်လာသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ “ကြိုတင်အသိပေးတာမျိုး မရှိသလို အသေးစိတ်ကိုလည်း မသိရဘူး။ နောက်ပြီးတော့ အဲဒါက ကျန်းမာရေးကိစ္စဖြစ်နေတော့ တော်တော်လေး အံ့ဩစရာဖြစ်နေတာပေါ့” ဟု ဒယ်လာဖွန်တေးက ဆိုသည်။

စပိန်ဘောလုံးအဖွဲ့ချုပ်ကလည်း လက်ရွေးစင်အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်များ တရားဝင်စတင်သည့် နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၁ နာရီ ၄၇ မိနစ်ရောက်မှသာ လာမင်း ယမားလ်အနေဖြင့် ယင်းနေ့နံနက်ပိုင်းတွင် ဆီးခုံရိုးနာကျင်သည့် ဝေဒနာကို ကုသရန် invasive radio frequency ကုထုံး ခံယူခဲ့သည့်သတင်းကို သိရှိရသည့်အတွက် အံ့ဩတုန်လှုပ်ခဲ့ရကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“လက်ရွေးစင်အသင်းရဲ့ ဆေးအဖွဲ့ကို ကြိုတင်အသိပေးခြင်းမရှိဘဲ အဲဒီအစီအစဉ်ကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၇ ရက်ကနေ ၁၀ ရက်အထိ အနားယူဖို့ ဆရာဝန်တွေက အကြံပြုထားတဲ့ အကြောင်းကြားစာကို မနေ့ည ၁၀ နာရီ မိနစ် ၄၀ မှာ လက်ခံရရှိတော့မှပဲ ဆေးအဖွဲ့က အသေးစိတ်သိခဲ့ရတာဖြစ်တယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ဒယ်လာဖွန်တေးက ယမားလ်၏နေရာတွင် ရာယို ဗယ်လက်ကာနိုအသင်း တောင်ပံကစားသမား ဂျော့ဂျ်ဒီ ဖရူးတို့စ်‌ကို လက်ရွေးစင်အသင်းအတွက် အစားထိုးခေါ်ယူခဲ့သည်။ (Xinhua)
………………………………………………………………
(English Version)
Spain coach dismayed as Yamal drops out of squad after treatment
MADRID, Nov. 11 (Xinhua) — Spain coach Luis de la Fuente has expressed his dismay at the news that FC Barcelona winger Lamine Yamal would miss Spain’s upcoming World Cup qualifiers after undergoing treatment on his ongoing groin injury.
De la Fuente on Friday included Yamal in his squad for games against Georgia and Turkey, saying that he believed the winger was fit after he had played all of Barcelona’s 3-3 draw against Club Brugge during the week.
Yamal also played over 90 minutes in his side’s 4-2 win away to Celta Vigo on Sunday, but the Spanish Football Federation (RFEF) discovered later that he had undergone treatment on Monday morning for his injury and wouldn’t be able to play for his country.
“I’ve never experienced anything like this. I don’t think it’s very normal,” commented De la Fuente in a radio interview.
The coach added that the news had come as a shock. “You don’t have any prior notice, you don’t know any details, and on top of that, it’s a health issue, so you’re left stunned,” he said.
The RFEF has issued a statement expressing its “surprise and dismay,” at the news explaining it had learned “at 1:47 p.m. on Monday, November 10, the day the official training camp with the national team began, that player Lamine Yamal had undergone an invasive radio frequency procedure to treat his pubic discomfort that same morning.”
“This procedure was performed without prior notification to the national team’s medical staff, who only became aware of the details through a report received at 10:40 p.m. last night, which indicated a medical recommendation of rest for 7-10 days,” it added.
De la Fuente has called Rayo Vallecano winger Jorge de Frutos into his squad to cover Yamal’s absence.
English Caption 1
Barcelona’s Spanish player Lamine Yamal arrives on the red carpet before the 2025 Ballon d’Or France Football award ceremony at the Theatre du Chatelet in Paris, France, on Sept. 22, 2025. (Xinhua/Gao Jing)
English Caption 2
Lamine Yamal of FC Barcelona celebrates a goal during the UEFA Champions League semifinal 1st leg between FC Barcelona and Inter Milan in Barcelona, Spain, April 30, 2025. (Photo by Joan Gosa/Xinhua)
English Caption 3
Spain’s head coach Luis de la Fuente gestures during UEFA Nations League 2024/25 match between Serbia and Spain in Belgrade, Serbia, Sept. 5, 2024. (Photo by Predrag Milosavljevic/Xinhua)