International Organizations
နှလုံးရောဂါကြောင့် ဘရာဇီးကွင်းလယ်ကစားသမားဟောင်း အော်စကာ ဆေးရုံတင်ထားရ
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ဝါရင့်ကွင်းလယ်ကစားသမား အော်စကာကို နှလုံးရောဂါ အခြေအနေကြောင့် ဆေးရုံတင်ပို့ထားရ ကြောင်း ဘရာဇီးစီးရီးအေကလပ် ဆော်ပေါ်လိုက နိုဝင်ဘာ ၁၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။အသက် ၃၄ နှစ်အရွယ်ရှိ အော်စကာသည် ခြေသလုံးဒဏ်ရာမှ ပြန်လည်နာလန်ထလုပ်ငန်းစဥ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဘာရာဖန်ဒါလေ့ကျင့်ရေးစင်တာတွင် စက်ဘီးစီးလေ့ကျင့်ခန်းကို ကြားဖြတ်ပြုလုပ်နေစဥ်အတွင်း ရုတ်တရက်လဲကျသွားခဲ့ကြောင်းသိရသည်။
အော်စကာကို လူနာတင်ယာဥ်ဖြင့် အဲလ်ဘတ်အိုင်းစတိုင်းဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် တည်ငြိမ်သည့်အခြေအနေတွင်ရှိနေသလို ဆရာဝန်များကလည်း နောက်ထပ်စမ်းသပ်စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
” အော်စကာရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကို လေးစားစွာထိန်းသိမ်းပေးရမယ့်အချက်၊ ဆေးဘက်ဆိုင်ရာ အဖွဲ့က ရရှိလာမယ့်သတင်းအချက်အလက်အသစ်တွေကို အော်စကာရဲ့သဘောတူညီချက်အရ စံနှုန်းမီ လုပ်ငန်းစဥ်တွေနဲ့အညီ တတ်နိုင်သမျှ အမြန်ဆုံးထုတ်ပြန်ပေးသွားပါမယ်” ဟု ဆော်ပေါ်လိုအသင်းက ထုတ်ပြန်ထားသည်။
အော်စကာမှာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းပို့တ်၊ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းတို့တွင် အောင်မြင်မှုရခဲ့ပြီးနောက် ၎င်းကစားသမားဘဝစတင်ခဲ့ရာ ဆော်ပေါ်လိုအသင်းသို့ လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းက ၃ နှစ်စာချုပ်ဖြင့်ပြောင်းရွေ့လာခဲ့သူဖြစ်သည်။
ဘရာဇီးလက်ရွေးစင်ဟောင်းအော်စကာမှာ ဇူလိုင်လအတွင်းက ခါးဆစ်ရိုးကျိုးခဲ့မှုအပါအဝင် ဒဏ်ရာ များကြောင့် ကစားခွင့်အကန့်အသတ်ဖြစ်ခဲ့ရပြီး ယခုနှစ်အတွင်း ပြိုင်ပွဲစုံ ၂၁ ပွဲသာ ကစားနိုင်ခဲ့သည်။
ဘရာဇီးပြည်တွင်းမီဒီယာများကမူ ယခုကဲ့သို့ နောက်ဆုံးဒဏ်ရာထိုးနှက်ချက်ရသွားစေခဲ့မှုက ကွင်းလယ် ဖန်တီးရှင်အော်စကာကို ကစားသမားဘဝမှအနားယူရေးအတွက် စဥ်းစားရန် လှုံ့ဆော်ပေးနေကြောင်း ဖော်ပြနေကြသည်။ (Xinhua)
——————————–
(English Version)
Ex-Brazil midfielder Oscar hospitalized with heart problem
RIO DE JANEIRO, Nov. 11 (Xinhua) — Veteran Sao Paulo midfielder Oscar has been hospitalized due to a heart condition, the Brazilian Serie A club said on Tuesday.
The 34-year-old collapsed during an interval test on an exercise bike at the Barra Funda training centre, part of his recovery from a calf injury.
He was taken by ambulance to the Albert Einstein hospital, where he remains in a stable condition and under observation as doctors conduct further tests.
“In accordance with standard procedure and respecting the player’s privacy, new information will be released as soon as updates are available from the medical team, in agreement with Oscar,” Sao Paulo said.
Oscar joined Sao Paulo on a three-year deal last December, returning to his original club after successful spells with Shanghai Port and Chelsea.
Injuries, including a lumbar fracture sustained in July, have limited the former Brazil international to 21 matches across all competitions this year.
Local media reported that his latest setback has prompted the playmaker to consider retirement.
Photo:
Oscar (L) of Shanghai Port FC in action in a 2021 CSL match against Dalian Professional FC in Suzhou, east China’s Jiangsu Province, May 16, 2021. (Xinhua/Yang Lei)
