International Organizations
စပိန်က ဂျော်ဂျီယာကို ဂိုးပြတ်အနိုင်ယူကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာ
ဘာလင်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်-၉ အဖြစ် စပိန်အသင်းနှင့် ဂျော်ဂျီယာအသင်းတို့ နိုဝင်ဘာ ၁၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်အသင်းက မစ်ကယ် အိုယာဇာဘယ်၏ ခြေစွမ်းပြမှုနှင့်အတူ ၄ ဂိုးပြတ် အနိုင်ရခဲ့ပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်တစ်နေရာအတွက် သေချာသလောက်နီးပါး ရှိသွားပြီဖြစ်သည်။လူးဝစ်စ် ဒယ်လာဖွန်တေး၏အသင်းမှာ ဘီလစ်ဆီမြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်၌ ပွဲအစပိုင်းကတည်းကပင် ကစားကွက်စိုးမိုးထားခဲ့ပြီး အပြင်းအထန် ဖိအားပေးကစားကာ အိမ်ရှင်အသင်းကို ကစားကွက်တည်မရအောင် လုပ်နိုင်ခဲ့သည်။ စောစောစီးစီး ပွဲကိုထိန်းချုပ်ကစားနေစဉ် ဖယ်ရန် တောရက်စ်၏ ဖြတ်တင်ဘောပေးပို့မှုမှာ ဂျော်ဂျီယာနောက်ခံလူတစ်ဦး၏ လက်မောင်းနှင့်ထိခဲ့ပြီး ပင်နယ်တီရရှိခဲ့ရာ အိုယာဇာဘယ်က တည်တည်ငြိမ်ငြိမ် ကန်သွင်း၍ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။

မကြာမီ ဂျော်ဂျီယာခံစစ်ကြားမှ အနေတော်မျှောထိုးပေးမှုကို မာတင် ဇူဘီမန်ဒီက ဂျော်ဂျီယာဂိုးသမား ဂျော်ဂျီ မမ်မာဒက်ရှ်ဗီလီကိုကျော်၍ ပါးပါးနပ်နပ် ကန်သွင်းခဲ့သဖြင့် ဥရောပချန်ပီယံအသင်း ဒုတိယဦးဆောင်ဂိုး ရရှိခဲ့သည်။
ထို့နောက် ဂျော်ဂျီယာက ဘောလုံးပိုင်ဆိုင်မှုရယူကာ တိုက်စစ်ဆင်ကစားသည့် အခိုက်အတန့်များရှိခဲ့သော်လည်း စပိန်၏ တိုက်စစ်ထက်မြက်မှုက ပွဲကိုအဆုံးအဖြတ်ပေးနိုင်စွမ်း ရှိနေဆဲဖြစ်သည်။ အိုယာဇာဘယ်မှာ ကွင်းလယ်ဖန်တီးရှင်အဖြစ် ကစားရင်း အနိမ့်ဘောပေးပို့ခဲ့ရာ တောရက်စ်က အနီးကပ်ပိတ်သွင်းနိုင်ခဲ့သဖြင့် ပထမပိုင်းမပြီးမီတွင် စပိန်အသင်းက ၃-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် စပိန်က ကစားကွက်ကို ဆက်လက်ထိန်းချုပ်ထားကာ အေးအေးဆေးဆေး ဘောလုံးကိုင်ကစားခဲ့ပြီး ခံစစ်တန်းနှင့် ကွင်းလယ်ကြားတွင် ဂျော်ဂျီယာအသင်း နေရာလွတ်မရနိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့သည်။ ထို့နောက် ဒုတိယပိုင်း ၆၃ မိနစ်တွင် တောရက်စ်၏ ဖြတ်တင်ဘောပေးပို့မှုမှတစ်ဆင့် အိုယာဇာဘယ်က ခေါင်းတိုက်ကာ ယခုပွဲစဉ်၌ ၎င်း၏ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့သည်။ အိုယာဇာဘယ်မှာ ယခုပွဲစဉ်၌ နှစ်ဂိုးသွင်းယူကာ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး ၎င်းအား လူစားလဲချိန်တွင် အဝေးကွင်းပရိသတ်များက လှိုက်လှိုက်လှဲလှဲ လက်ခုပ်ဩဘာပေးခဲ့ကြသည်။
ဂိုးကွာခြားချက်အရ ပြတ်ပြတ်သားသား အသာရထားသလို ရှုံးပွဲမရှိသေးသည့် မှတ်တမ်းကို ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်သည့် စပိန်အသင်းမှာ လာမည့်သီတင်းပတ်၌ အုပ်စုအဆုံးအဖြတ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သော်လည်း ခြေစစ်ပွဲအောင်မြင်ရန် သေချာသလောက်နီးပါး ရှိနေပြီဖြစ်သည်။ Playoff ယှဉ်ပြိုင်ခွင့်ပင်မရတော့သည့် ဂျော်ဂျီယာအသင်းမှာမူ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဘူဂေးရီးယားအသင်းနှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အခြားပွဲစဉ်များတွင် အုပ်စု-E ၌ တူကီယဲက အဝေးကွင်း၌ စိတ်ဓာတ်ပြင်းပြစွာ ရင်ဆိုင်ကစားခဲ့သည့် ဘူဂေးရီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် စပိန်က ဂျော်ဂျီယာကို အနိုင်ရခဲ့သည့်တိုင် အုပ်စုဗိုလ်နေရာအတွက် သီအိုရီအရ ဖြစ်နိုင်ခြေရှိနေဆဲဖြစ်သည်။ အုပ်စု-J တွင် ဘယ်လ်ဂျီယမ်က ကာဇက်စတန်နှင့် တစ်ဂိုးစီသရေကျခဲ့သည့်အတွက် ကမ္ဘာ့ဖလားဝင်ခွင့်နှင့် လွဲချော်ခဲ့ကာ ဝေးလ်စ်အသင်းမှာမူ လက်ချင်စတိန်းကို ၁-၀ ဂိုးဖြင့် ပွတ်ကာသီကာအနိုင်ရခဲ့သည်။
အုပ်စု-H တွင် ဩစတြီးယားက ဆိုက်ပရက်စ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ခြေစစ်ပွဲအောင်မြင်ရန် နီးစပ်နေပြီဖြစ်သည်။ ဆွစ်ဇာလန်က ဆွီဒင်ကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ကမ္ဘာ့ဖလားဝင်ခွင့်နှင့် နီးစပ်လာပြီဖြစ်သော်လည်း ဆလိုဗေးနီးယားကမူ ကိုဆိုဗိုကို ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အုပ်စု-C တွင် ဒိန်းမတ်နှင့် ဘီလာရုစ်တို့ နှစ်ဂိုးစီသရေကျခဲ့ပြီး စကော့တလန်က ဂရိကို ၂-၃ ဂိုးဖြင့် ပွတ်ကာသီကာရှုံးနိမ့်ခဲ့သည်။ (Xinhua)
……………………………………………………
(English Version)
Spain surges toward World Cup berth with commanding win over Georgia
BERLIN, Nov. 15 (Xinhua) — Spain moved to the brink of sealing its place at the 2026 World Cup after a 4-0 victory over Georgia, led by an outstanding performance from Mikel Oyarzabal in the ninth round of World Cup qualifiers on Saturday.
Luis de la Fuente’s men imposed their rhythm from the opening minutes in Tbilisi, pressing high and unsettling the hosts. Their early dominance was rewarded when Ferran Torres’ cross struck a Georgian defender’s arm, allowing Oyarzabal to convert a calm penalty.
The European champion doubled its advantage soon after, with Martin Zubimendi lifting a smart finish over Giorgi Mamardashvili following a precise through ball that dissected the defense.
Georgia briefly pushed forward with periods of possession, but Spain’s sharp attack remained decisive. Oyarzabal became the playmaker, delivering a low pass that Torres finished from close range, making it 3-0 before halftime.
Spain continued to dictate the tempo after halftime, circulating the ball confidently and denying Georgia space between the lines. Oyarzabal added his second of the night with a firm header from a Torres cross midway through the half, finishing with two goals and one assist before being substituted to warm applause from traveling fans.
With a commanding goal difference and their unbeaten run still intact, Spain heads into next week’s group decider with qualification virtually assured. Georgia, already eliminated from playoff contention, will finish its campaign away in Bulgaria.
In the other games, Türkiye beat Bulgaria 2-0 in Group E despite a spirited showing from the visitors, though Spain’s win in Georgia left top spot only theoretically open. Belgium was held 1-1 by Kazakhstan in Group J, missing the chance to clinch qualification, while Wales edged Liechtenstein 1-0 to stay in contention.
Austria moved to the verge of qualifying with a 2-0 win over Cyprus in Group H. Switzerland closed in on a World Cup berth with a 4-1 victory over Sweden, as Slovenia fell 2-0 to Kosovo. Denmark drew 2-2 with Belarus in Group C, while Scotland slipped to a 3-2 defeat in Greece.
English Caption
Players of Spain celebrate a goal during the 2026 FIFA World Cup UEFA Qualifiers football match between Spain and Georgia, at Manuel Martinez Valero Stadium, Elche, Spain, on October 11, 2025. (Photo by Stinger/Xinhua)
