International Organizations
တရုတ်နိုင်ငံ အမျိုးသားအားကစားပြိုင်ပွဲတွင် စားပွဲတင်တင်းနစ် အမျိုးသမီးတစ်ဦးချင်းချန်ပီယံဆုကို ဝမ် ထိန်းသိမ်း
မကာအို၊ တရုတ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၁၆ ရက်က စိတ်လှုပ်ရှားဖွယ်ကောင်းသော ဗိုလ်လုပွဲတွင် ဟေးလုံကျန်းပြည်နယ်မှ ဝမ်မန့်ယွိက ဟဲပေပြည်နယ်မှ စွန်းရင်ဆားကို ရမှတ် ၄-၂ ဖြင့် အနိုင်ယူကာ တရုတ်နိုင်ငံ အမျိုးသားအားကစားပြိုင်ပွဲတွင် ၎င်း၏ အမျိုးသမီးတစ်ဦးချင်းချန်ပီယံဆုကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်။တရုတ်နိုင်ငံ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသရှိ Galaxy Arena အားကစားကွင်းတွင် ကျင်းပခဲ့သည့် အဆိုပါဗိုလ်လုပွဲ၌ ကမ္ဘာ့နံပါတ် ၁ စွန်းက ပထမပွဲငယ်ကို ရမှတ် ၁၁-၇ ဖြင့် အစောပိုင်းတွင် ဦးဆောင်ခဲ့သည်။ သို့သော် ယင်းအား ဝမ်က ကြံ့ကြံ့ခံကာ အသာစီးမှ ပြန်ကစားလာပြီး နောက်ထပ်ပွဲငယ်သုံးပွဲဆက်တိုက်ကို ရမှတ် ၁၁-၈၊ ၁၂-၁၀ နှင့် ၁၁-၄ တို့ဖြင့် အနိုင်ရရှိခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ၌ ဟေးလုံကျန်းပြည်နယ်မှ ဝမ်မန့်ယွိနှင့် ဟဲပေပြည်နယ်မှ စွန်းရင်ဆားတို့၏ စားပွဲတင်တင်းနစ်အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲပြိုင်ပွဲအတွင်း အမှတ်ရရှိမှုအတွက် အောင်ပွဲခံနေသည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပဉ္စမမြောက်ပွဲငယ်တွင် စွန်းက ဝမ်၏ ပြန်လည်အားကောင်းလာသော အရှိန်အဟုန်ကို တွန်းလှန်နိုင်ခဲ့ပြီး ရမှတ် ၁၆-၁၄ ဖြင့် အနိုင်ရရှိခဲ့သည်။ ဆဋ္ဌမမြောက်ပွဲငယ်တွင် စွန်း၏ ခိုင်မာသောစွမ်းဆောင်ရည်ရှိနေသော်လည်း ဝမ်က အံ့အားသင့်ဖွယ် ပြန်လည်ကောင်းမွန်လာခဲ့ပြီး ရှစ်မှတ်ဆက်တိုက် သွင်းယူကာ နောက်ဆုံးပွဲငယ်ကို ရမှတ် ၁၁-၉ ဖြင့် အနိုင်ရရှိခဲ့ကာ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။
“စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲကို ကျွန်မတို့ ပေးခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက်စလုံး အမှားတွေလုပ်မိပြီး သင်ယူဖို့ အခွင့်အရေးရှိပါတယ်။ ရလဒ်ထက် ပွဲစဉ်ကောင်းကောင်းကစားနိုင်ဖို့ကိုပဲ အာရုံစိုက်ခဲ့ပါတယ်။ ကျွန်မတို့ဟာ အမြင့်သစ်တွေဆီ ရောက်အောင် တစ်ယောက်ကိုတစ်ယောက် လှုံ့ဆော်ပေးခဲ့ကြပါတယ်” ဟု အသက် ၂၆ နှစ်အရွယ် ဝမ်က ဗိုလ်လုပွဲအပြီးတွင် ပြောကြားခဲ့သည်။

အသက် ၂၅ နှစ်အရွယ် စွန်းကလည်း “ဒီနှစ်မှာ ပြိုင်ပွဲတော်တော်များများမှာ ကျွန်မတို့ဆုံခဲ့ကြပါတယ်၊ အများစုကတော့ ဗိုလ်လုပွဲမှာပါ။ သူက ပြတ်သားပြီး ဇွဲလုံ့လရှိတဲ့ လေးစားခံရတဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်မတို့ဟာ အတူတကွ တိုးတက်အောင် တွန်းအားပေးတဲ့ ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုပတ်ဝန်းကျင်မှာ ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။
ယခုနှစ်အစောပိုင်းတွင် စွန်းက ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင်ကျင်းပခဲ့သည့် ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝမ်ကို ရမှတ် ၄-၃ ဖြင့် အနိုင်ရရှိခဲ့ပြီး ၎င်း၏ အမျိုးသမီးတစ်ဦးချင်းချန်ပီယံဆုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော် ဝမ်က အောက်တိုဘာလတွင်မူ စွန်းကို ရမှတ် ၄-၂ ဖြင့် အနိုင်ယူကာ ၂၀၂၅ ကမ္ဘာ့စားပွဲတင်တင်းနစ် China Smash အမျိုးသမီးတစ်ဦးချင်းချန်ပီယံဆုကို ရရှိခဲ့သည်။
အစောပိုင်းက အမျိုးသမီးတစ်ဦးချင်းကြေးတံဆိပ်ပွဲစဉ်တွင် ဆန်းတုန်းပြည်နယ်မှ ချန်မုန့်က မကာအိုမှ ကျူးယွီလျင် ကို ရမှတ် ၁၁-၉၊ ၆-၁၁၊ ၁၃-၁၁၊ ၁၂-၁၀၊ ၁၁-၇ ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Wang retains table tennis women’s singles title at China’s National Games
MACAO, China, Nov. 16 (Xinhua) — Wang Manyu of Heilongjiang successfully defended her women’s singles title at China’s National Games, defeating Sun Yingsha of Hebei 4-2 in a thrilling final on Sunday.
At Macao’s Galaxy Arena, world No. 1 Sun took the lead early, winning the first game 11-7. However, Wang bounced back with resilience, claiming three consecutive games 11-8, 12-10, and 11-4.
In the fifth game, Sun managed to fight off a late surge from Wang, securing a tense 16-14 victory. Despite Sun’s strong performance in the sixth game, Wang made a stunning comeback, scoring eight consecutive points to clinch the final game 11-9 and secure the victory.
“We delivered an exciting match. Both of us made some mistakes and have room to learn. I focused on the process rather than the result itself. We inspired each other to reach new heights,” 26-year-old Wang said after the final.
Sun, 25, said, “We’ve met in many tournaments this year, mostly in the finals. She is a respected player with determination and perseverance. We are in a healthy competition environment that pushes us to improve together.”
Earlier this year, Sun had edged Wang 4-3 in the World Table Tennis Championships in Doha to retain her women’s singles title. However, Wang had the upper hand in October, defeating Sun 4-2 to claim the 2025 World Table Tennis China Smash women’s singles crown.
In the women’s singles bronze medal match earlier, Shandong’s Chen Meng triumphed over Macao’s Zhu Yuling with a scoreline of 11-9, 6-11, 13-11, 12-10, 11-7. ■
English Caption 1
Gold medalist Wang Manyu of Heilongjiang, silver medalist Sun Yingsha of Hebei and bronze medalist Chen Meng of Shandong pose with their coaches during the awarding ceremony for the table tennis women’s singles at China’s 15th National Games in Macao, south China, Nov. 16, 2025. (Xinhua/Liang Xu)
English Caption 2, 3
Wang Manyu celebrates scoring during the women’s singles final match of table tennis between Sun Yingsha of Hebei and Wang Manyu of Heilongjiang at China’s 15th National Games in Macao, south China, Nov. 16, 2025. (Xinhua/Chen Bin)
