Connect with us

International Organizations

ဘရာဇီးနောက်ခံလူ ဂါဘရီရယ် တူနီးရှားခြေစမ်းပွဲ လွဲချော်

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တူနီးရှားအသင်းနှင့်ချစ်ကြည်ရေးခြေစမ်းပွဲအတွက် ဘရာဇီးလ်အသင်း‌နောက်ခံလူ ဂါဘရီရယ် မာဂါဟေးစ်ကို ပေါင်ကြွက်သားဒဏ်ရာကြောင့် စာရင်းမှထုတ်ပယ်ထားကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်(CBF)က နိုဝင်ဘာ ၁၆ ရက်က ပြောကြားခဲ့သည်။အသက် ၂၇ နှစ်အရွယ် အာဆင်နယ်ကစားသမားသည် လန်ဒန်မြို့တွင်ပြုလုပ်ခဲ့သည့် ဘရာဇီးအသင်းက ဆီနီဂေါအသင်းကို ၂-၀ ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဘောလုံးကွင်းထဲ၌ ခဏတာ ကုသမှုခံယူခဲ့ပြီးနောက် လူစားထိုးခံခဲ့ရခြင်းဖြစ်သည်။

နောက်ဆက်တွဲစစ်ဆေးမှုများအရ ပြင်သစ်နိုင်ငံမြောက်ပိုင်း လိုင်လီမြို့တွင် အာဖရိကအသင်းနှင့် ယှဥ်ပြိုင်ကစားရမည့် နိုဝင်ဘာ ၁၈ ရက်ပွဲစဥ်တွင် မပါဝင်နိုင်တော့ကြောင်းသိရသည်။

“ဂါဘရီရယ်ကို နိုဝင်ဘာ ၁၆ ရက်က ပြန်လည်စစ်ဆေးချင့်ချိန်ခဲ့ပြီး ပုံရိပ်စစ်ဆေး စမ်းသပ်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ရာ ညာဘက်ပေါင်တွင် ကြွက်သားဒဏ်ရာတစ်ခုရရှိထားသည့်ကိုတွေ့ရှိခဲ့ကြောင်း ” CBF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

“ဒါကြောင့် သူ အသင်းကစားသမားတွေနဲ့ ခရီးသွားမှာမဟုတ်ပါဘူး၊ ဘယ်ကစားသမားကိုမှလဲ သူ့နေရာအစားထိုးဖို့ခေါ်ယူမှာ မဟုတ်ပါဘူး”
ဆော်ပေါ်လိုတွင် မွေးဖွားခဲ့သည့် ဂါဘရီရယ်သည် ၂၀၂၃ ခုနှစ်စက်တင်ဘာ နိုင်ငံတကာပွဲများ စတင် ကစားချိန်ကစ၍ ဘရာဇီးနိုင်ငံအသင်းအတွက် ၁၇ ကြိမ်ကစားခဲ့ကြောင်းသိရသည်။ (Xinhua)
——————————
(English Version)
Brazil loses Gabriel for Tunisia friendly
RIO DE JANEIRO, Nov. 16 (Xinhua) — Brazil center-back Gabriel Magalhaes has been ruled out of the team’s friendly against Tunisia due to a thigh muscle strain, the Brazilian Football Confederation (CBF) said on Sunday.
The 27-year-old Arsenal player sustained the injury in Brazil’s 2-0 victory over Senegal in London on Saturday and he was substituted after briefly receiving treatment on the pitch.
Subsequent scans ruled him out of Tuesday’s clash against the African team in the northern French city of Lille.
“Gabriel was re-evaluated on Sunday and underwent imaging tests that revealed a muscle injury in his right thigh,” read a CBF statement.
“Therefore, he will not travel with the rest of the squad. No other player will be called up to replace him.”
Sao Paulo-born Gabriel has been capped 17 times for Brazil since his international debut in September 2023.
Photo : Arsenal’s Gabriel Magalhaes (2nd L) heads the ball to shoot during the English Premier League match between Arsenal and Newcastle United in London, Britain, Feb. 24, 2024. (Xinhua)