International Organizations
ဆလိုဗေးနီးယားနည်းပြ၏ ဖွင့်ဟပြောဆိုမှုပြီးနောက် ဂိုးသမား ယန်းအိုဘလက်ခ်၏ ဒဏ်ရာအခြေအနေကို အက်သလက်တီကို စောင့်ဆိုင်းနေ
မက်ဒရစ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၁၅ ရက်က ကိုဆိုဗိုအသင်းကို ၀-၂ ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ဂိုးသမား ယန်းအိုဘလက်ခ်တွင် ကာယပိုင်းဆိုင်ရာဒဏ်ရာတစ်ခုရခဲ့ကြောင်း ဆလိုဗေးနီးယားလက်ရွေးစင်အသင်း နည်းပြ မတ်ဂျက်ဇ်ကက်ဇ်က ထုတ်ဖော်ဖွင့်ဟပြောဆိုခဲ့ပြီးနောက် အက်သလက်တီကို မက်ဒရစ် အသင်းကလည်း ၎င်းတို့၏ ဂိုးသမား အိုဘလက်ခ်ကို ကာလတစ်ခုကြာအထိ လက်လွှတ်ရဖွယ်ရှိနေ သည်။
ပွဲအပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကက်ဇ်က နိုဝင်ဘာ ၁၈ ရက်၌ ဆွီဒင်နှင့် ကစားရမည့် ပွဲကို အိုဘလက်ခ် လွဲချော်လိမ့်မည်ဖြစ်ကြောင်း၊ အိုဘလက်ခ်မှာ ဆေးစစ်မှုများပြုလုပ်ရန်အတွက် စပိန် နိုင်ငံသို့ ပြန်သွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
“ကိုဆိုဗိုနဲ့ပွဲမတိုင်ခင်ကတည်းက အိုဘလက်ခ်မှာ ပြဿာနာရှိခဲ့ပြီး ပိုဆိုးသွားခဲ့ပါတယ်။ ဆွီဒင်နဲ့ပွဲမှာ တစ်ယောက်ယောက်တော့ ကစားလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ယန်းအိုဘလက်ခ်မှာ ဘယ်လို ပြင်းထန်တဲ့ဒဏ်ရာမျိုးမှ မရသွားဖို့နဲ့ ဖြစ်နိုင်သမျှ သူ အမြန်ဆုံးပြန်ကစားနိုင်ဖို့ ကျွန်တော် မျှော်လင့် ပါတယ် ” ဟု ဆလိုဗေးနီးယားနည်းပြကက်ဇ်က ပြောခဲ့သည်။
အိုဘလက်ခ်မှာ ယခုရာသီတွင် အက်သလက်တီကိုမက်ဒရစ်အသင်းကစားခဲ့သည့် တရားဝင် ၁၆ ပွဲစလုံး ပွဲချိန်ပြည့်မိနစ်တိုင်းကစားထားသူဖြစ်နေသည့်အတွက် အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဒီယေဂိုဆီမြွန်နီအတွက်လည်း အဆိုပါစိုးရိမ်မှုများက စိတ်ပူပန်စရာဖြစ်လာစေခဲ့သည်။
အက်သလက်တီကိုမက်ဒရစ်အသင်းမှာ အနီးဆုံးကစားရမည့် ဂီတာဖေးနှင့် လာလီဂါအဝေးကွင်းပွဲ၊ အင်တာမီလန်နှင့်ကစားရမည့် ချန်ပီယံလိဂ်အရေးကြီးပွဲအပြင် သီတင်းပတ်ကြားရက်ပွဲစဥ်အဖြစ် ဒီဇင် ဘာ ၂ ရက်၌ ဘာစီလိုနာကွင်းသို့သွားကစားရမည့် လာလီဂါအဝေးကွင်းပွဲစဥ်ရှိနေကာ ခရစ္စမတ်နားရက် ကာလမတိုင်မီ ပွဲကျပ်များကစားရန် ရှိနေသည်။
အာဂျင်တီးနားသားဂိုးသမား ဂျုအန်မက်စ်ဆိုက ယုံကြည်ရနိုင်လောက်သည့် အရန်ဂိုးသမားအဖြစ် ၎င်း ကိုယ်တိုင်သက်သေပြခဲ့ပြီးဖြစ်သော်လည်း အက်သလက်တီကို မက်ဒရစ်သို့ ရောက်ရှိလာသည့် ၂၀၁၄ ခုနှစ်ကတည်းမှစ၍ ဆီမြွန်နီ၏ ပထမဦးစားပေးဂိုးသမားဖြစ်ခဲ့သည့် အိုဘလက်ခ်၏ အဆင့်အတန်းက နည်းပြဖြစ်သူ၏ အိုဘလက်ခ်အပေါ်ယုံကြည်မှုကို မီးမောင်းထိုးဖော်ပြနေကြောင်း သိရသည်။ (Xinhua)
#Oblak #AtleticoMadrid #Injury #အိုဘလက်ခ် #အက်သလက်တီကိုမက်ဒရစ် #ဒဏ်ရာ
——————————–
(English Version)
Atletico Madrid waits on keeper Oblak after Slovenia coach advises of injury
MADRID, Nov. 16 (Xinhua) — Atletico Madrid could be without goalkeeper Jan Oblak for a period after Slovenia’s national team coach Matjaz Kek revealed the shot-stopper had suffered a physical issue during Saturday’s 2-0 World Cup qualifying defeat to Kosovo.
Kek confirmed in his post-match press conference that Oblak would miss Tuesday’s match against Sweden as he returns to Spain for medical tests.
“He had a problem before the match started, and it has worsened. I think someone else will play against Sweden,” Kek said.
“I hope Jan hasn’t sustained anything serious and that he can return to play as soon as possible,” the Slovenian coach added.
Atletico Madrid manager Diego Simeone will likely share those concerns, as Oblak has played every minute of Atletico’s 16 official matches this season. The team faces a tough schedule heading into the Christmas break, with upcoming matches including a visit to Getafe, a crucial Champions League game against Inter Milan, and a midweek fixture away at FC Barcelona on Dec. 2.
Argentine goalkeeper Juan Musso has proven himself as a reliable backup, but Oblak’s status as Simeone’s first-choice goalkeeper since joining the club in 2014 underscores the trust the coach places in him. ■
Photo:
Atletico de Madrid’s goalkeeper Jan Oblak (top) makes a save during the LaLiga football match between Atletico de Madrid and Real Sociedad in Madrid, Spain, on May 10, 2025. (Photo by Gustavo Valiente/Xinhua)
