International Organizations
UFC 322 ပြိုင်ပွဲ အမျိုးသမီးဖလိုင်းဝိတ်တန်းတွင် ရှက်ဗ်ချန်ကိုက တရုတ်ဖိုက်တာ ကျန်းကို အနိုင်ယူကာ ချန်ပီယံခါးပတ် ကာကွယ်
နယူးယောက်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မက်ဒီဆင်စကွဲဂါးဒင်း အားကစားရုံတွင် နိုဝင်ဘာ ၁၅ ရက်က ကျင်းပသည့် UFC 322 (ဘက်စုံကိုယ်ခံပညာသုံး တိုက်ခိုက်ရေး) ပြိုင်ပွဲ ဒုတိယခေါင်ပွဲ၌ ဗယ်လန်တီနာ ရှက်ဗ်ချန်ကိုက တရုတ်ဖိုက်တာ ကျန်းဝေလီကို နပန်းစွမ်းရည်အသာစီးဖြင့် ယှဉ်ပြိုင်ထိုးသတ်ကာ ဒိုင်သုံးဦးစလုံး၏ တညီတညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့ပြီး UFC အမျိုးသမီးဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။ဝိတ်တန်းမရွေး အမျိုးသမီးဖိုက်တာ အဆင့်သတ်မှတ်ချက်အမြင့်ဆုံး ဖိုက်တာနှစ်ဦး ရင်ဆိုင်ထိုးသတ်ခဲ့သည့် အဆိုပါပွဲစဉ်မှာ ပရိသတ်များ အထူးမျှော်လင့်စောင့်စားနေသည့် ပွဲစဉ်တစ်ပွဲဖြစ်ကာ စထရောဝိတ်တန်းချန်ပီယံဟောင်းဖြစ်သူ ကျန်းမှာ ၁၁၅ ပေါင်တန်းမှ ဝိတ်တန်းတက်ကာ ၁၂၅ ပေါင်တန်းတွင် ကာလကြာမြင့်စွာ စိုးမိုးထားသည့် လက်ရှိချန်ပီယံကို စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။

ရှက်ဗ်ချန်ကို (ယာ) ၏ ယှဉ်ပြိုင်ထိုးသတ်ဟန်ကို တွေ့ရစဉ် (Photo courtesy of UFC)
“ကျည်ဆန်” ဟု လူသိများသည့် ရှက်ဗ်ချန်ကိုမှာ ၂၅ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁ ပွဲရှုံး မှတ်တမ်းကို ပိုင်ဆိုင်ထားသလို ထိုပွဲစဉ်၌လည်း ပထမအချီမှာပင် ၎င်း၏နည်းစနစ်ပိုင်း မြင့်မားမှုကို ပြသနိုင်ခဲ့ပြီး အကွာအဝေးထိန်းကစားရင်း ကျန်း၏ တိုက်စစ်ဖော်ဆောင်နိုင်စွမ်းကို ချေဖျက်ရန် ၎င်း၏နပန်းစွမ်းရည်ကို အဓိကအားပြုကစားခဲ့သည်။
ပထမအချီမှာပင် ပွဲ၏အခြေအနေမှာ ပီပီပြင်ပြင်ရုပ်လုံးပေါ်လာခဲ့ပြီး ရှက်ဗ်ချန်ကိုက ပြိုင်ဘက်ကို မြေပြင်ပေါ်သို့ လှဲချနိုင်ခဲ့ကာ အပေါ်စီးမှ ထိန်းချုပ်ဖိအားပေးနိုင်ခဲ့သည်။ ၎င်းက ကျန်းအား မြေပြင်ပေါ်တွင် အဆက်မပြတ်ဖိအားပေးရင်း ထိထိမိမိ တိုက်စစ်ဆင်ထိုးသတ်ခွင့်မရအောင် ဟန့်တားနိုင်ခဲ့သည်။
နောက်ပိုင်းအချီများတွင်လည်း ရှက်ဗ်ချန်ကိုကသာ ဆက်လက်စိုးမိုးထားခဲ့ပြီး ကျန်းမှာမူ မတ်တတ်အနေအထား (stand fight) တွင် အပြန်အလှန်ထိုးသတ်ရာ၌ အကွာအဝေးထိန်းချုပ်ရန်နှင့် မြေပြင်ပေါ်သို့ လှဲချမခံရအောင် ရှောင်ထွက်ရန် ရုန်းကန်ခဲ့ရသည်။
ပဥ္စမအချီတွင်မူ ကျန်းက နောက်ဆုံးအနေဖြင့် ဖိအားပေးထိုးသတ်ရန် ကြိုးပမ်းခဲ့သော်လည်း ရှက်ဗ်ချန်ကိုက ၎င်း၏နပန်းစွမ်းရည်ဖြင့် ပွဲကိုထပ်မံထိန်းချုပ်နိုင်ခဲ့ပြီး ကျန်းအား မြေပြင်ပေါ်သို့ နောက်တစ်ကြိမ်လှဲချကာ ပွဲပြီးသည်အထိ အပေါ်စီးမှ ဆက်လက်ဖိအားပေးကစားနိုင်ခဲ့သည်။
ပွဲအပြီးတွင် ဒိုင်သုံးဦးစလုံးက ၅၀-၄၅ မှတ်ဖြင့် တညီတညွတ်တည်း အနိုင်ပေးခဲ့ရာ ရှက်ဗ်ချန်ကိုမှာ ချန်ပီယံခါးပတ်လုပွဲတွင် ၁၁ ကြိမ်မြောက်နိုင်ပွဲကို ရယူနိုင်ခဲ့ပြီး UFC အမျိုးသမီးပြိုင်ပွဲသမိုင်းတွင် အကြိမ်ရေအများဆုံးအဖြစ် အာမန်ဒါ နူနက်စ်နှင့်အတူ ပူးတွဲရပ်တည်လျက်ရှိသည်။
“ကျွန်မကတော့ အဲဒါကို ကိုယ်ခံပညာရပ်လို့ခေါ်တယ်။ တခြားဝိတ်တန်းတစ်ခုက သိပ်ကိုရင်ဆိုင်ရခက်ခဲတဲ့ ပြိုင်ဘက်နဲ့ ထိုးသတ်ရပေမဲ့ သူတို့ ကျွန်မရှေ့မှောက်ကိုရောက်လာတော့ ဘာမှမတတ်နိုင်တော့ဘူးလေ” ဟု ရှက်ဗ်ချန်ကိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ကျန်းကလည်း ပွဲအပြီးတွင် ရှက်ဗ်ချန်ကိုကို ဂုဏ်ပြုခဲ့ပြီး “ကျွန်မ ဒီထက်ပိုပြီးသန်မာစွာနဲ့ ပြန်လာခဲ့ပါမယ်” ဟု ဆိုကာ ပရိသတ်များကို တောင်းပန်ခဲ့သည်။ အသက် ၃၆ နှစ်အရွယ် ကျန်းက နောင်တွင် မည်သည့်ဝိတ်တန်း၌ ထိုးသတ်ရန် စီစဉ်ထားသည်ကိုမူ ရှင်းလင်းပြောဆိုခဲ့ခြင်းမရှိပေ။
အဓိကခေါင်ပွဲတွင် လိုက်ဝိတ်တန်းမှ ဝိတ်တန်းတက်ထိုးခဲ့သည့် အစ္စလာမ် မာခါချက်ဗ်က လက်ရှိချန်ပီယံ ဂျက်ခ် ဒယ်လာ မက်ဒါလီနာကို ဒိုင်သုံးဦးစလုံး၏ တညီတညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီး အမျိုးသားဝယ်လ်တာဝိတ်တန်း ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့သည်။ ယခုနိုင်ပွဲကြောင့် မာခါချက်ဗ်မှာ ဝိတ်တန်းနှစ်ခု ချန်ပီယံ ဖြစ်လာခဲ့ကာ UFC ပြိုင်ပွဲသမိုင်းတွင် ၁၆ ပွဲဆက်တိုက် အချိန်အကြာဆုံး နိုင်ပွဲရယူနိုင်ခဲ့သည့် အန်ဒါဆန် ဆေးဗား၏စံချိန်ကို လိုက်မီသွားခဲ့သည်။ (Xinhua)
…………………………………………………
(English Version)
Shevchenko defends flyweight title against China’s Zhang at UFC 322
NEW YORK, Nov. 15 (Xinhua) — Valentina Shevchenko defended her UFC flyweight title with a commanding wrestling display against China’s Zhang Weili, earning a unanimous decision victory in the co-main event of UFC 322 at Madison Square Garden on Saturday.
The highly anticipated clash featured the top two fighters in the women’s pound-for-pound rankings, with former strawweight champion Zhang moving up from the 115-pound division to challenge the long-reigning 125-pound champion.
Shevchenko, known as “Bullet,” entered the bout with a record of 25-4-1 and showcased her technical superiority from the opening round as she kept her distance and focused on her wrestling to neutralize Zhang’s offensive threats.
The first round set the tone for the fight, with Shevchenko landing a takedown and establishing dominant top control. She maintained pressure on the ground, preventing Zhang from creating any significant offense.
Shevchenko’s dominance continued in the following rounds, while Zhang struggled to find her range in the standing exchanges or escape from the ground.
The fifth round saw a final effort from Zhang, but Shevchenko once again closed the show with her grappling prowess, securing another takedown and maintaining top position until the final bell.
ith a 50-45 unanimous decision victory, Shevchenko secured her 11th championship victory, tying Amanda Nunes for the most in UFC women’s history.
“This is what I call the art of martial arts. Against a super hard opponent from another weight class, but when they are here in front of me, they can’t do anything,” Shevchenko said post-fight.
Zhang congratulated Shevchenko and apologized to her fans after the fight, saying, “I will come back stronger.” The 36-year-old didn’t clarify her future plans regarding weight class.
In the main event, Islam Makhachev moved up from the lightweight to beat defending champion Jack Della Maddalena by unanimous decision, claiming the men’s welterweight title. With the victory, Makhachev became a two-division champion and tied Anderson Silva for the longest winning streak of 16 in UFC history.
English Caption 1
Zhang Weili (R) in action against Valentina Shevchenko in the women’s flyweight fight at UFC 322 at Madison Square Garden in New York, the United States, on Nov. 15, 2025. (Photo courtesy of UFC)
English Caption 2
Shevchenko (R) strikes during the fight. (Photo courtesy of UFC)
